စင်္ကာပူ Construction အကြောင်းတစေ့တစောင်း
စင်္ကာပူ Construction မှာ လုပ်ထုံးလုပ်နည်းလေးတွေကို ကျနော် တော်တော်သဘောကျမိတာလေးတွေရှိပါတယ်။ အဲဒါလေးတွေကို ကျနော်သိသမျှရေးသွားမလို့ပါ။ တချို့နေရာတွေမှာ ကျနော်တို့ နိုင်ငံမှာရှိတဲ့အဖွဲ့အစည်းရဲ့လိုအပ်ချက်လေးတွေပါ ထည့်ရေးသွားပါမယ်။ ဒီမှာ အလုပ်လုပ်နေတဲ့သူများကလည်း ကျနော်ရေးတာမှားနေရင် ထောက်ပြပေးဖို့ တောင်းဆိုပါတယ်။

Construction Project တစ်ခုအတွက် မပါမဖြစ်တဲ့အဖွဲ့အစည်းများနှင့် လုပ်ငန်းတာဝန်များ။

Urban Redevelopment Authority (URA)

Building Construction Authority (BCA)

Land and Transportation Authority (LTA)

National Parks Board (N-park)

Singapore Civil Defence Force (SCDF)

1.Urban Redevelopment Authority (URA)

ဒီအဖွဲ့အစည်းက သူ့တစ်နိုင်ငံလုံးမှာရှိတဲ့ မြေအသုံးချမှုကို ထိန်းချုပ်ထားပါတယ်။ URA ကနေပြီးတနိုင်ငံလုံးမှာ ရှိတဲ့ ဘယ်နေရာကတော့ဖြင့် ပန်းခြံဖြစ်သင့်တယ်၊ ဒီနေရာကတော့ Public Housing၊ ဒီနေရာလေးကတော့  Landed House စသဖြင့် Master Plan ရှိပါတယ်။ ကိုယ်ပိုင်မြေရှိလို့ ကိုယ်ဆောက်ချင်တဲ့အဆောက်အဦးဆောက်လို့မရပါဘူး။ သူ့Master Plan ထဲမှာ ရှိတဲ့အတိုင်းပဲဆောက်ခွင်ပေးပါတယ်။ အဆောက်အဦးဆောက်ချင်တာပဲဖြစ်ဖြစ်၊ ရှိပြီးသား အဆောက်အဦးကို အသုံးပြုပုံပြောင်းလဲချင်တာပဲဖြစ်ဖြစ်( လူနေအိမ်အဖြစ်ဆောက်ထားတဲ့ အဆောက်အဦးကို စာသင်ခန်းအနေနဲ့ အသုံးပြုချင်တာမျိုး) ပါမစ်တင်ရပါတယ်။

ကျနော်တို့နိုင်ငံမှာတော့ ဘာသာရေးဆိုင်ရာ အဆောက်အဦးကလွဲရင် ကျန်တာ ကြိုက်တဲ့အဆောက်အဦးဆောက်လို့ရပါတယ်။ သက်ဆိုင်ရာ မြို့တွေအလိုက် Master Plan ရှိမရှိတော့မသိပါဘူး။
မရှိသေးရင်လည်း ရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိပါတယ်။ အရင်က အိုးအိမ်လိုအဖွဲ့အစည်းကနေ ဒီတာဝန်တွေကို လုပ်ဆောင်တယ်ထင်မိပါတယ်။ ကျနော်သေချာတော့မသိပါဘူး။ ကျနော်တို့ အင်ဂျင်နီယာဖြစ်လာတဲ့အချိန်မှာ အိုးအိမ် အဖွဲ့အစည်းရဲ့အခန်းကဏ္ဍကို မတွေ့ရသလောက်ပဲ။ အဲဒီလို Master Plan မရှိပဲ မြေပုံပေါ်မှာ မြေကွက်တွေ ရိုက်ပြီးရောင်းခဲ့တဲ့ အကြိုးဆက်က အခုရန်ကုန်ကို တကယ့် နိုင်ငံတကာ အဆင့်မီလုပ်မယ်လည်းဆိုရော ဒုက္ခရောက်ရတော့တာပါပဲ။ ဘယ်နေရာက စလို့စရမှန်းမသိတဲ့အဖြစ်နဲ့တွေ့ရပါတော့တယ်။ ဥပမာအနေနဲ့ပြောရရင် အဝေးပြေးကားကွင်းတွေ ခဏခဏ နေရာပြောင်းနေရတဲ့အဖြစ်တွေပေါ့။ နှစ်ခါကုန်တဲ့အဖြစ်တွေပါ။

ဒါက အဆောက်အဦးရဲ့ Function နဲ့ပတ်သက်လို့ ခွင့်ပြုချက်ပဲရှိပါသေးတယ်။ အဲဒါကျလာမှ နောက်ထပ်အလုပ်တွေဆက်လုပ်လို့ရပါတယ်။

URA ကနေခွင့်ပြုချက်ရယူရမဲ့ဟာတွေကတော့

အဆောက်အဦးအသစ်ဆောက်ချင်ရင် ( ရှိပြီးသားအဆောက်အဦးကို Extension လုပ်တာလည်း အကြုံးဝင်ပါတယ်)

လက်ရှိ ရှိနေတဲ့ အဆောက်အဦးကို ပြင်ဆင်မွမ်းမံလိုလျှင် (Additional & Alteration Work)

အဆောက်အဦး ကို အသုံးချပုံ ပြောင်းချင်ရင်

ရှိပြီးသား အဆောက်အဦးကို ဖြိုဖျက်ချင်ရင်

မြေကြီးလုပ်ငန်းလုပ်ဆောင်ချင်လျှင် (မြေဖို့တဲ့လုပ်ငန်းလိုမျိုး- ကန်တော်ကြီးဘေးနား မြေကွက်ဝယ်ပြီးတော့ ကန်ဖက်ကိုမြေဖို့ပြီး မြေနေရာချဲ့တာလိုမျိုးလုပ်လို့မရအောင် ) စတာတွေဖြစ်ပါတယ်။

Ref: http://www.ura.gov.sg/eservices/planning_pemission.jsp

ဆက်ရန်………

Timber Mock-up
Timber Mock-up အကြောင်းမပြောခင် စင်္ကာပူက House and Development Board (HDB) က အဆောက်အဦးအကြောင်းလေးကို အရင်ဆုံး မိတ်ဆက်ပေးမှ ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ်။ HDB ဆိုတာကတော့ စင်္ကာပူ အစိုးရ အဖွဲ့အစည်းဖြစ်ပြီးတော့ Public Housing တွေကို ကြီးကြပ်ကွပ်ကဲပြီးတော့ အကောင်အထည်ဖော်ပေးတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ အဆောက်အဦးတစ်ခုစီမှာ ပိုင်ရှင် တစ်ယောက်စီပိုင်ဆိုင်တဲ့ အခန်းတွေကို Unit လို့ ခေါ်လေ့ရှိပြီးတော့ အဲဒီလို Unit ပုံစံအမျိုးမျိုးကို တွဲစပ်ပြီးတော့ အဆောက်အဦးပုံပေါ်အောင် ဒီဇိုင်းရေးဆွဲလေ့ ရှိပါတယ်။ Unit တွေကို 3 Room, 4 Room, 5 Room စသဖြင့်ခွဲခြားထားလေ့ရှိပါတယ်။ အဲဒါကဘာကို ဆိုလိုသလဲဆိုရင် 3 Room (2 Bed Room + Living Room) ဆိုရင် အိပ်ခန်း ၂ ခန်း နဲ့ ဧည့်ခန်း ၁ ခန်း ပါတာကို  3 Room Type လို့ခေါ်ပါတယ်။ အဲဒီလို 3 Room Type မှာ ပုံစံ နဲနဲကွဲသွားတာတွေလည်းပါလေ့ရှိပါတယ်။ အဲလိုမျိုးဖွဲ့စည်းထားတာဖြစ်တဲ့အတွက် စီမံကိန်းတစ်ခုမှာ တကယ်ပါတဲ့အခန်းပုံစံကတော့ လေးငါးမျိုးလောက်ပဲ ဖြစ်ပါတယ်။

Timber Mock-up ဆိုတာကတော့ တကယ်အဆောက်အဦးရဲ့ Super Structure မစခင်၊ ဖောင်ဒေးရှင်း (အများအားဖြင့် Pile Foundation) လုပ်နေတဲ့ အချိန်မှာ Typical Unit Type ( 3,4, 5 Room စသဖြင့် ပုံစံစုံအောင်) တွေအတွက် သစ်သားနဲ့ အထပ်သားတွေကိုသုံးပြီးတော့ တကယ့်ရှိမဲ့ အတိုင်းအတာအတိုင်း မဖြစ်မနေ ဆောက်ပေးရပါတယ်။ ဆောက်တဲ့အထဲမှာ Kitchen, Bath&W.C, Service Yard စတာတွေ ပါဝင်ပါတယ်။ အိပ်ခန်းတို့ ဧည့်ခန်းတို့ကိုတော့ ထည့်ဆောက်လေ့မရှိပါဘူး။ အဲဒီလို လုပ်ထားတဲ့ နမူနာပုံစံကို  Timber Mock-up လို့ခေါ်ပါတယ်။ HDB အဆောက်အဦးတွေမှာ Precast တွေကို အသုံးများတဲ့အတွက် Shop Drawing တွေကို ပြင်ဆင်နေတဲ့အချိန်မှာ Timber Mock-up ကို ဆောက်လုပ်ခြင်းဖြင့် Design လုပ်တုန်းက လွဲမှားခဲ့တာတွေ ရှိခဲ့ရင် Timber Mock-up မှာ တွေ့ရှိပြီး  ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဆောက်လက်စ Timber Mock-up ပုံလေးပါ။

သူ့မှာ ပါဝင်ရမဲ့ အစိတ်အပိုင်းတွေက M&E အပိုင်းတွေကို ထည့်သွင်းပေးရတယ်။ M&E fixtures တွေဖြစ်တဲ့ Toilet bow, Shower, Basin အစရှိတာတွေအပြင် ပိုက်လိုင်းတွေဖြစ်တဲ့ Sanitary Stack pipe, Hot water & Cold water line, Gas pipe စတာတွေပါထည့်ပေးရပါတယ်။ နံရံတွေ၊ ထုတ်တွေထဲမှာ မြှုပ်ထားတဲ့ ပိုက်လိုင်းဆိုရင်လည်း Tape နဲ့ ဖော်ပြပေးရပါတယ်။ Electrical ပိုင်းအနေနဲ့ဆိုရင် မီးခလုတ်တွေ၊ မီးလုံးတွေ စတာတွေပါ ထည့်ပေးရပါတယ်။ နောက် Archi ပိုင်းအတွက်ဆိုရင် ပြတင်းပေါက်နေရာတွေနဲ့ ကြွေပြားကပ်ရင် ဖြစ်လာမဲ့ လိုင်းလေးတွေလည်း ဆွဲပေးရတယ်။ နောက်ပိုင်းကြွေပြားကပ်တော့လည်း အဲဒီအတိုင်းပဲ ကပ်ပါတယ်။ ကြွေပြား အချပ်ပျက်ကို ဘယ်ဘယ်မှာထားမယ်၊ ကြွေပြားရဲ့ အစကဘယ်နေရာ၊ နောက် နံရံကြွေပြားနဲ့ အခင်းကြွေပြားကို ဘယ်လိုအဆင်ပြေအောင် ထားမလဲ၊ အခင်းကြွေပြားနဲ့ နံရံကြွေပြားဆိုဒ်က အတူတူပဲလား စသဖြင့် အဲဒီအချိန်ကတည်းက စဉ်းစားလို့ရစေပါတယ်။

ဒါလည်းအဲဒီထဲက ပုံတစ်ခုပါ။ Beam ကိုလည်း သူ့အရွယ်အစားအတိုင်း လုပ်ထားပေးပါတယ်

ဗယ်ဖက်ကအခန်းမှာတော့ကြွေပြားကို မျဉ်းပဲရိုက်ထားပါတယ်။ ညာဖက်ကတစ်ခုကတော့ တကယ်ကြွေပြားတွေကိုကပ်ထားတာပါ။ အဓိက ပြောခြင်တာကတော့ ကြွေပြားဝေတာကို ဆုံးဖြတ်ဖို့ပါ။

ဒါလေးက Service Yard လို့ခေါ်တဲ့နေရာလေးပါ။ မီးဖိုနဲ့ ကပ်ရက်မှာ ထားလေ့ရှိပြီးတော့ သူ့က ဝရံတာလိုမျိုးလေးပါပဲ။ သူ့ရဲ့ရည်ရွယ်ချက်က အဝတ်တွေ ထွက်လှန်းလို့ရအောင်ရယ်၊ နောက်ပြီးတော့ အဝတ်လျှော်စက်ကိုလည်း အဲဒီနေရာမှာ ထားလေ့ရှိပါတယ်။ အဲဒါကြောင့် tap point လေးတစ်ခုနဲ့ Socket လေး တစ်ခု ထည့်ပေးထားတာပါ။ အဝတ်လျှော်စက်ထားမဲ့နေရာက 650mm ဆိုတဲ့ အတောအတွင်းမှာ ထားမှဖြစ်ပါတယ်။ နောက်ပြီး အောက်မှာ အဲဒီအတွက် Discharge point လေးလည်း ထားပေးပါတယ်။

ဒါလေးက တော့ ရေချိုးခန်း အိမ်သာမှာ Shower တွေ၊ အိမ်သာအိုးတွေ၊ လက်ဆေးကန်တွေတပ်ထားပါတယ်။ နံရံထဲမှာ မြှုပ်ထားမဲ့ ရေပူ ရေအေးလိုင်းတွေကို Tape အရောင်တွေသုံးပြီးတော့ ပြထားပါတယ်။

ဒီလို Mock up sample ပုံစံလေးတွေ ပြုလုပ်ပေးခြင်းအားဖြင့် အမှားနဲနဲ နဲ့ အသုံးပြုသူ အိမ်သူအိမ်သားတွေအတွက် အဆင်ပြေတဲ့ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်စေနိုင်ပါတယ်။

ဒီမှာ မေးစရာတစ်ခုရှိတာက ပုံမှာတင်ပဲ အဆင်ပြေအောင် လုပ်ပေးလို့ မရလို့ ဒီလို ပုံစံတူ လုပ်ပြီးမှ အမှားရှာရသလားဆိုတာပါ။ တကယ်တော့ ဘယ်လောက်တော်တဲ့သူပဲဖြစ်ပါစေ သတိလက်လွတ်ဖြစ်သွားတာတွေဖြစ်တတ်တာ သဘာ၀ပဲမဟုတ်ပါလား။ စီမံကိန်းတစ်ခုမှာ ဒီလို အိမ်ခန်းလေးတွေပေါင်း ၇၀၀ လောက်ရှိတာဖြစ်တဲ့အတွက် Timber Mock up လုပ်လိုက်ခြင်းအားဖြင့် ရလာတဲ့အကျိုးအမြတ်ကလည်းနဲ့ ယှဉ်ကြည့်ရင် တန်တယ်လို့ပြောရမှာပါ။ ကျနော်တို့မြန်မာနိုင်ငံမှာလည်း မဝေးတော့တဲ့ အနာဂါတ်မှာ ဒါမျိုးလေးတွေ ဖြစ်လာရင် ဖတ်မိတဲ့သူတွေ အသုံးတည့်စေချင်တဲ့ ဆန္ဒနဲ့ ဒီပို့စ်လေးကို ရေးပေးခြင်းသာဖြစ်ပါတယ်။

ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၃)
5. Drilling and Plugging

အက်ကြောင်းများသည် မျဉ်းဖြောင့်နီးပါး ဖြစ်ပေါ်နေပြီး၊ အစွန်းတဘက်မှ လုပ်ကိုင်ရန်အဆင်ပြေသည့် အခြေအနေမျိုး ၌သာ အသုံးပြုနိုင်ပါသည်။ ဤနည်းသည် Retaining Wall (မြေတားနံရံ) များတွင် ဖြစ်ပေါ်လေ့ရှိသော ဒေါင်လိုက် (Vertical) အက်ကြောင်းများ ပြင်ဆင်ရာတွင် သုံးလေ့သုံးထ ရှိကြပါသည်။

အက်ကြောင်း အရှည်ရှိသလောက် လွန်ဖြင့်ဖောက်ချလိုက်ပြီး၊ key တခု ဖြစ်ပေါ်အောင် grouting လုပ်ရပါမည်။

Drill လုပ်ရမည့်အပေါက်သည် အကြမ်းဖျင်းအားဖြင့် 50~75mm (2~3 inches) မျှရှိရမည်ဖြစ်ပြီး၊ အက်ကြောင်းဖြစ်ပေါ်နေသည့် wall အထူ၏ အလယ်လောက်တွင် ဖောက်ချရမည်။ အပေါက်သည် အက်ကြောင်း တလျှောက် တည့်တည့်တွင် ဖြစ်ရန် လိုအပ်သကဲ့သို့ structurally အရ key ပေါ်သို့ load transfer လုပ်နိုင်ရန် လုံလောက်သည့် repair material များထည့်နိုင်ရန် လုံလောက်သော အကျယ်ရှိရမည်။

ဖောက်ထားသော အပေါက်အား သန့်ရှင်းအောင်အရင်ပြုလုပ်ပြီး၊ ကျစ်လစ်စေရန် grouting ပြုလုပ်ပေးရမည်။ grout key သည် အက်ကြောင်းများဘေးရှိ ကွန်ကရစ်များ ဘေးတိုက်ရွှေ့လျားမှုများ ကို ကာကွယ်ပေးလိမ့်မည်။ ၄င်း key များသည် ကာထားသောအခြမ်းတွင်ရှိနေသည့် မြေသားများ အက်ကြောင်းများမှတဆင့် တခြားတဘက်သို့ များပြားစွာစိမ့်ထွက်ခြင်း ကိုကာကွယ်ပေးလိမ့်မည်။

အကယ်၍ structural အရ load transfer ပြုလုပ်ရန်မလိုအပ်ဘဲ ရေလုံရန်သာ အရေးကြီးသည့် အခြေအနေဆိုပါက grouting အစား ရာသီဥတုဒဏ် ခံနိုင်သော low modulus ဖြစ်သည့် resilient material တခုခုထည့်ပေးနိုင်သည်။

အကယ်၍ keying effect ပါလို မဖြစ်မနေ လိုအပ်သည်ဆိုပါက ပထမပေါက်တွင် grouting ပြုလုပ်ပြီး၊ ဒုတိယ အပေါက်တွင် resilient material ဖြင့်ပြုလုပ်နိုင်သည်။

6. Gravity Filling

အတန်အသင့် စေးပြစ်သော ကော်စေးကဲ့သို့ monomers & resins တမျိုးမျိုးဖြင့် မျက်နှာပြင် အက်ကြောင်း(surface width) အကျယ် 0.03~2 mm ခန့်ရှိသော အက်ကြောင်းများကို ပြုပြင်ရာတွင် gravity filling နည်းကို အသုံးပြုနိုင်ပါသည်။

ပြုပြင်နည်းမှာ ပထမဦးဆုံး အက်ကြောင်းရှိသော မျက်နှာပြင်ကို လေ (သို့) ရေ ဖြင့် မှုတ်ပြီး သန့်ရှင်းရေး ပြုလုပ်ပါ။ စိုနေသော မျက်နှာပြင်အား အကောင်းဆုံး အက်ကြောင်းဖြည့်ပြင်ဆင်နိုင်စေရန် ခြောက်သွေ့စေရန် ရက်များစွာ အချိန်ယူပေးပါ။

Monomers or Resins များကို အက်ကြောင်းများရှိသော မျက်နှာပြင်ပေါ်သို့လောင်းချပြီး တံမြက်စည်း၊ rollers အစရှိသည်များဖြင့် ဖြန့်ခင်းပေးပါ။

အက်ကြောင်းများပေါ်တွင် ခင်းထားသော materials  များကို တံမြက်စည်းလှည်းသကဲ့သို့ ရှေ့တိုး နောက်ငင် ပြုလုပ် ဖြန်းပေးခြင်းဖြင့် monomers or resins များ အက်ကြောင်းများအတွင်းသို့ တဖြည်းဖြည်း အများဆုံးစိမ့်င်သွားစေရန် ပြုလုပ်သင့်ပါသည်။

7. Grouting

(က) Portland Cement Grouting

(ခ) Chemical Grouting

(က) Portland Cement Grouting

Gravity Dam များ နှင့် ထူးထဲသော Concrete structure များတွင် ဖြစ်ပေါ်သော အက်ကြောင်းကြီးများ ကို Portland Cement Grouting ပြုလုပ်ခြင်းဖြင့် ပြုပြင်နိုင်ပါသည်။

ပြုပြင်နည်းမှာ -

(၁) ကွန်ကရစ် အက်ကြောင်းတလျှောက် သန့်ရှင်ရေး ပြုလုပ်ပါ။

(၂) အက်ကြောင်းတလျှောက် အပိုင်းလေးတွေ (interval) သတ်မှတ်ပြီး built-up seats (grout nipples) တပ်ဆင်ပါ။

(၃) ၄င်း interval seat လေးများကြားသို့ cement grout or sealant ပြုလုပ်ပါ။

(၄) အက်ကြောင်းများကို အပေါ်ယံ ရေဖြင့်ဆေးကြောလိုက်ပြီး၊ seal များကိုစစ်ဆေးပါ။ ထို့နောက် ဖြစ်ပေါ်နေသော နေရာအားလုံးကို grouting ပြန်လုပ်ပါ။

(ခ) Chemical Grouting

Chemical အရည် ၂ မျိုး (သို့) ၂ မျိုးထက်ပိုသော chemical အရည်များကို ပေါင်းစပ်လို့ ရရှိလာသော ခပ်ပျစ်ပျစ် အရည် (gel) ၊ တွဲကပ်ပေးနိုင်သော အရည် ရရှိလာအောင် ပြုလုပ်ပါ။  ကွန်ကရစ်တွင်ဖြစ်ပေါ်နေသော 0.05mm အထိ အက်ကြောင်းများငယ်နိုင်သမျှငယ်အောင် chemical grout ဖြင့် ဖြည့်ပေးနိုင်ပါသည်။

8. Dry Packing

Dry Packing ဆိုသည်မှာ ရေပါ၀င်မှုနဲသည် မဆလာ (mortar) ကို လက်ဖြင့် လိုအပ်သော နေရာများသို့ ဖိသိပ်ထည့်သွင်းပြီး မဆလာ နှင့် ရှိနေသော ကွန်ကရိ (existing concrete) တို့အား တသားထဲ တွဲဆက် သွားစေရန် ပြုပြင်သည့် နည်းဖြစ်သည်။

သတိပြုရန်မှာ – dry packing နည်းဖြင့် မပြုပြင်မီ ပြုပြင်မည့် နေရာအစိတ်အပိုင်း ဘေး၀န်းကျင် အား 25mm အကျယ် 25mm အနက် (၁” ခန့်စီ) ထွင်းထားရမည်။ ပုံတွင် ပြထားသကဲ့သို့ cross-section ဖြတ်ကြည့်ပါက ထွင်းထားသည့် အခြေပိုင်းသည် အပေါပိုင်းထက် ပိုမိုကျယ်၀န်းစေပြီး၊ ပိုမိုခိုင်မြဲ (bond)စေရန်ပြုပြင်သင့်ပါသည်။

ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၂)
3. Stitching

ဤနည်းလမ်းပြုလုပ်ပုံမှာ အက်ကြောင်း တဘက် တချက်စီကို အပေါက်ငယ်လေးများ ဖောက် (drilling) ပြီး၊ အပေါက်များကို cleaning ပြုလုပ်၊ ထို့နောက် သံချောင်းငယ်များ (staples) ဖြင့် အက်ကြောင်းဖြစ်နေသော ကွန်ကရစ်ကို ချုပ်ယူပြီး ပြုပြင်သည့် နည်းဖြစ်သည်။ staples များ အပေါက်များတွင် စွဲမြဲနေစေရန် non-shrink grout (သို့) epoxy resin တို့ကို အသုံးပြုပြီး bonding system ကောင်းစေရန် အသုံးပြုရန်လိုအပ်ပါသည်။

Major crack များတွင် ကွန်ကရစ် ၏ tensile strength ကို တည်မြဲစေရန်၊ ထပ်မံ အက်ကြောင်းများ မကြီးထားစေရန် အသုံးပါသည်။

အက်ကြောင်းတခုကို Stitching ပြုလုပ်ခြင်းသည် structure ကို တောင့်တင်းမှု(stiffen) ဖြစ်စေပြီး၊ stiffening ကြောင့် ၄င်း localize နေရာတွင် structural restraint တိုးလာမှုကြောင့် ကွန်ကရစ်အား တခြားနေရာများတွင်ပါ အက်ကြောင်းများ ထပ်မံဖြစ်ပေါ်ခြင်းကို ဖြစ်စေ နိုင်သည်။

4. Additional Reinforcement

Additional Reinforcement ၂ မျိုးထပ်မံ ခွဲခြားနိုင်ပါသည်။ ၄င်းတို့မှာ -

(က) Conventional reinforcement

(ခ)   Pre-stressing steel                     … တို့ဖြစ်ကြပါသည်။

(က) Conventional reinforcement

Bridge Girders များတွင် အောင်မြင်စွာ ပြုပြင်နိုင်ခဲ့သည် နည်းတခုဖြစ်ပါသည်။ အောက်ပါပုံတွင် ပြထားသကဲ့သို့ steel bar များကို epoxy ကိုအသုံးပြုပြီး ကွန်ကရစ်ထဲသို ထည့်ပေးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် 10 or 15 mm diameter bars များကို သုံးလေ့ရှိကြပြီး၊ အရှည်အားဖြင့် 500mm(20”)မျှရှိကြပါသည်။

ဤနည်းသည် အက်ကြောင်း (crack plane) များကို approximately 90 degree အပေါက်ငယ်များ drilling ပြုလုပ်ပြီး steel bar များထိုးစိုက် ချုပ်ကိုင်သည့်နည်းဖြစ်သည်။ ဖောက်ထားသော အပေါက်များ နှင့် အက်ကြောင်းများ ကြား အားဖြည့်သံချောင်းနှင့်အတူ bonding strength ရအောင် epoxy injection ထိုးထည့်ပေးပြီး သုံးကြသည်။

(ခ)   Pre-stressing steel

တခါတရံ တွင် ဤနည်းသည် အဓိက member တခုရဲ့ major အစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်သည့် အက်ကြောင်းများကို မဖြစ်မနေ ပြန်လည် strengthen လုပ်လို့ ပြင်ဆင်ရန် လိုအပ်သည့် အခြေအနေအတွက် အသုံးတည့်သော အဖြေတခုဖြစ်လေ့ရှိတတ်သည်။

ဤနည်းတွင် pre-stressing stands (သို့) compressive force တွေ apply လုပ်ထားသော bars များ ကို အသုံးပြုသည်။ သတိပြုရန်မှာ လုံလောက်သော anchorage ရှိသည့် pre-stressing steel ကို သုံးရမည် ဖြစ်သကဲ့သို့ ဖြစ်ပေါ်နေသော ပြသာနာသည် ပြုပြင်နေသည့် structure ၏တခြားအစိတ်အပိုင်းသို့ ပြောင်းလဲ မသွားအောင် ဂရုစိုက်လေ့လာနေရန် လိုအပ်သည်။

ကွန်ကရစ် structure များတွင်ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများကို ပြင်ဆင်ခြင်း (၁)
Repair of Cracks in Concrete Structures

မည်သည့်အတွက်ကြောင့် အက်ကြောင်းများကို ပြင်ဆင်သင့်ပါသလဲ ?

အောက်ပါ တခု(သို့) တခုထက်ပိုသော အကျိုးကျေးဇူးများကို ရရှိစေရန်အတွက် ဖြစ်ပါသည်။

Strength တိုးစေရန်

Stiffness တိုးစေရန်

အသုံးပြုရာတွင် ပိုမိုအဆင်ပြေ ကောင်းမွန်စေရန် (functional performance)

ရေစိမ့်မှု မရှိစေရန် (water tightness)

ကွန်ကရစ် မျက်နှာပြင် ညီညာကောင်းမွန်စေရန် (appearance of concrete surface)

ရေရှည်ခိုင်နိုင်ရည် တိုးတက်ကောင်းမွန်စေရန် (durability)

ပတ်၀န်းကျင်ကြောင့် ကွန်ကရစ်အတွင်းရှိ သံချောင်း (reinforcement) များ သံချေးတက် (corrosion) ဖြစ်ခြင်းကို ကာကွယ်ရန်

Methods of Crack Repair

(အက်ကြောင်းပြင်ဆင်ရန် နည်းလမ်းများ)

Epoxy Resin Injection

Routing and Sealing

Stitching

Additional Reinforcement

Drilling and Plugging

Gravity Filling

Grouting

Dry Packing   စသည့် နည်းလမ်းများ ဖြစ်ကြပါသည်။

နည်းလမ်း 1. Epoxy Resin Injection

Epoxy resin injection နည်းလမ်းကို အက်ကြောင်းများသည် 0.05mm  ခန့်ရှိပါက အသုံးပြုပါ။

အက်ကြောင်းဖြစ်ပေါ်နေသည့် မျက်နှာပြင်တလျှောက် epoxy ကို pressure သုံး၍ သိပ်သည်းစွာ ၀င်ရောက်နေရာယူ ဖြည့်တင်းပြီး ပြင်ဆင်သည့် နည်းလမ်းဖြစ်ပါသည်။

အသုံးပြုမည့် epoxy material သည် structural ပိုင်းကိုပြင်ဆင်သည့် ASTM C 881 (Type IV) အမျိုးအစားဖြစ်ရပါမည်။

ဤ နည်းလမ်းသည် အမြဲ ယိုစိမ့်နေတတ်သည့် (actively leaking) အက်ကြောင်းများ နှင့် မခြောက်သွေ့နိုင်သော အခြေအနေများတွင် အသုံးမပြုနိုင်ပါ။

နည်းလမ်း 2. Routing and Sealing

Structural အရပြင်ဆင်ရန်မလိုအပ်သော အခြေအနေ တွင် အသုံးပြုနိုင်သည်။

အက်ကြောင်းတွေကို exposed ဖြစ်နေတဲ့ မျက်နှာပြင်တွေကို အတန်ငယ်ချဲ့ထွင်ပြီးသင့်လျော်သည့် joint sealant တမျိုးမျိုးဖြင့် ဖြည့်တင်း ဖာထေးပြင်မှုဖြစ်ပါသည်။

ပုံမှန်အားဖြင့် ပြင်ဆင်ဖြည့်တင်း (filling & sealing) ခြင်းပြုလုပ်မည့် လမ်းကြောင်း(groove) အနက် 6mm မှ 25mm အထိ အသုံးပြုနိုင်ပါသည်။ groove အား လေဖြင့်မှုတ်ခြင်း၊ သဲဖြင့်မှုတ်ခြင်း (air blasting, sand blasting etc.) စသည်ဖြင့် သန့်ရှင်းအောင်အရင်ပြုလုပ်ရပါမည်။ ထို့နောက် ခြောက်သွေ့နေသော groove တလျှောက် sealant ကိုဖြည့်ပြီး၊ curing လဲပြုလုပ်ရန် လိုအပ်ပါသည်။

Fine pattern အက်ကြောင်း တွေနဲ့ lager, isolated အက်ကြောင်း တွေမှာ အသုံးပြုလေ့ ရှိကြပါတယ်။

ယေဘုယျအားဖြင့် အများဆုံး အသုံးပြုလေ့ရှိကြတာကတော့ water stands (သို့) hydrostatic pressure တွေသက်ရောက်မယ့် ကွန်ကရစ်မျက်နှာပြင်တွေမှာ waterproofing အတွက် အသုံးပြုကြပါသည်။

ဆက်ရန် ……

အားလုံးကို ခင်မင်လေးစားလျက်

Thura Naing

ကွန်ကရစ်တွင် ဖြစ်ပေါ်တတ်သော အက်ကြောင်းများ
Basic Classification of Cracks in Concrete

ကွန်ကရစ်တွင် အက်ကြောင်းများ(cracks) ဖြစ်ပေါ်ရခြင်းဆိုသည်မှာ ပတ်၀န်းကျင်တွင် မြင်နေ ကြားနေကြ ပြဿနာတခု ဖြစ်သော်လည်း အတိအကျ သိဖို့ခဲယဉ်းသကဲ့သို့ တခါတရံတွင် ၂ ခု (သို့) ၂ ခုထက်ပိုသော အခြေအနေ အကျိုးအကြောင်းများကြောင့် ဖြစ်နေတတ်သည်။ ဖြစ်နိုင်ခြေများကို ဆက်စပ်ရှာဖွေပြီး ကြိုတင်ကာကွယ်ခြင်း (သို့) ပြင်ဆင်ခြင်းများကို ပြုလုပ်နိုင်ပါသည်။

ကွန်ကရစ် structure များတွင် ဖြစ်ပေါ်လေ့ရှိသော ပုံသဏ္ဍာန် နှင့် ဖြစ်တတ်သော နေရာများကို အောက်ပါ Fig.1 တွင် A to P symbol များဖြင့် လေ့လာကြည့်ရှုနိုင်ပြီး၊ သက်ဆိုင်ရာ symbol အလိုက် ၄င်းတို့ ဖြစ်ပေါ်ရခြင်း ဖြစ်နိုင်သည့် အခြေအနေ အကြောင်းရင်း မည့်သည့်အချိန်တွင်ဖြစ်ပေါ်နိုင်သည်ကို ဆက်လက်ဖော်ပြထားသော Table(1) နှင့် Table(2) တို့တွင် ဆက်လက်လေ့လာနိုင်ပါသည်။

ဇယားများတွင်ပါရှိသော အက်ကြောင်းအမျိုးအစားများမှာ before hardening (ကွန်ကရစ်လောင်းပြီး မမာခင်) and after hardening (မာပြီးနောက်) တို့တွင် ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများ ဖြစ်ကြပါသည်။

Fig.1 ကွန်ကရစ် structure များတွင် ဖြစ်ပေါ်လေ့ရှိသော အက်ကြောင်းများ အမျိုးအစားများ နှင့် ဖြစ်လေ့ရှိသော နေရာများ

Table (1) အက်ကြောင်းအမျိုးအစား A to F အသေးစိတ် အချက်အလက်များ (Fig.1 ဖြင့်တွဲကြည့်ရန်)

Table (2) အက်ကြောင်းအမျိုးအစား G to P အသေးစိတ် အချက်အလက်များ (Fig.1 ဖြင့်တွဲကြည့်ရန်)

ဝန်ခံချက်။

-  တချို့စကားလုံး technical term များသည် မြန်မာလို ဘာသာပြန်ဆိုရာတွင် ကျစ်လစ်မရှိ ဖောင်ပွပြီး၊အဆင်မပြေပါသဖြင့် မူရင်း အင်္ဂလိပ်စာလုံးအတိုင်းသုံးထားပါသည်။

- အက်ကြောင်းများ ကို ကိုယ်တိုင်ဖြေရှင်းသည့် အတွေ့အကြုံ မြောက်များစွာ မရှိပါဘဲ သင်ထားဖူးသည့် NUS မှ Prof. T.H.Wee ၏ CE 5610 (Precast and Structural Retrofitting Technology) lecture ကို မှီငြမ်းရေးသားပါသည်။

အားလုံးကို ခင်မင်လေးစားလျက်

Thura Naing

အိမ်လေးတွေဆောက်မယ်ဆိုရင်….. (၂)
ဒီအဆောက်အဦးလေးက ပြီးခဲ့တဲ့နှစ် ကျနော်ပြန်လာတုန်းမှာ ကန်ထရိုက်တာတွေ ဆက်မလုပ်ရဲတော့လို့ ကုမ္ပဏီတစ်ခုကနေတာဝန်ယူပေးရတဲ့ အဆောက်အဦးကို ကျနော် ကြုံလို့ သွားပြီး ကြည့်ခဲ့ရတဲ့ပုံလေးပါ။ ဒီပုံလေးကို ကျနော်တို့ အတူတူ လေ့လာကြည့်ရအောင်ပါ။ ဘာတွေဖြစ်နေသလဲပေါ့။

အောက်ထပ်ကို ကြည့်လိုက်တော့ အောက်ကပုံလေးအတိုင်း မြင်ရပါတယ်။ ဆင်ထားတဲ့ အသားငြမ်းရယ်၊ ထုတ်အောက်က တိုင်ပုံကလွဲရင် အရင်တုန်းက ကန်ထရိုက်လုပ်သွားတဲ့ မြင်ကွင်းအတိုင်း ဖြစ်ပါတယ်။

ပထမ တစ်ခုအနေနဲ့ ဒီပုံလေးကို ကြည့်ပြီးတော့ ပြောရရင် Point Load ရှိတဲ့နေရာမှာ ထုတ်အရွယ်အစား သေးနေတာမဖြစ်သင့်ပါဘူး။ Point Load ရှိတဲ့နေရာဟာ Shear Force အများဆုံး ဖြစ်တဲ့အတွက် ထုတ်အရွယ်အစား မသေးသင့်ပါဘူးခင်ဗျာ(ချွင်းချက်တော့ရှိပါတယ်။) ခန်းဖွင့်က ပေ ၂၀ ကျော်လောက် ရှိတာကို ထုတ်က ၁၅ လက်မလောက်ပဲ ဖြစ်နေပါတယ်။ ပိုဆိုးတာက ထုတ်နဲ့ကြမ်းခင်း တွဲမလောင်းပဲနဲ့ ထုတ်ကိုတခါလောင်း ပြီးမှ ကြမ်းခင်းကို လောင်းထားတာ တွေ့ရပါတယ်။ အဲဒီရဲ့ အကြိုးဆက်က အောက်မှာပြထားတဲ့ပုံအတိုင်း အက်ကြောင်းတွေ့ရမှာဖြစ်ပါတယ်။ Point load ရှိတဲ့နေရာမှာ အက်ကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ပုံကို ထုတ်အောက်ဖက်ကနေ ရိုက်ထားတာပါ။

အဲဒါကိုတော့ ကျနော်တို့အနေနဲ့  ဘာမှပြင်လို့မရတဲ့အတွက် အဲဒီ secondary beam ရှိတဲ့နေရာတွေမှာ တိုင်တွေထည့်ပြီးတော့ပဲ အားဖြည့်ပေးရပါတော့တယ်။ အောက်ကပုံမှာကြည့်လိုက်ပါ။ Ground Beam ဆုံတဲ့နေရာကို ထွင်းပြီးတော့ တိုင်ပေါက်ပေးဖို့လုပ်ထားတာပါ။ တိုင် အသစ်ရဲ့ အုတ်မြစ်နဲ့ တိုင်ကို မြေညီထပ်ထိ ကွန်ကရစ်တိုင် လောင်းမှာဖြစ်ပြီးတော့ အပေါ်ပိုင်း ထုတ်ရဲ့အောက်ခြေထိကိုတော့ Steel Column နဲ့ ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။  Steel တိုင်ကို ရွေးချယ်ရတာကတော့ ထုတ်ကို လှမ်းထောက်တဲ့အခါမှာ သံထည်ဖြစ်တဲ့အတွက် တိတိကျကျ လုပ်လို့ရသလို၊ ကွန်ကရစ်တိုင်လုပ်ဖို့ဆိုရင် ကွန်ကရစ်လောင်းဖို့မလွယ်ကူတဲ့အတွက်ဖြစ်ပါတယ်။

အခုလိုလုပ်လိုက်ရတဲ့အတွက် မူလရည်ရွယ်ချက်တစ်ခု ဆုံးရှုံးသွားပါတယ်။ ဒီအခန်းကို ခန်းမကျယ် (Hall type) လုပ်လိုတဲ့အတွက် အလယ်မှာ တိုင်ဖျောက်ထားတာ ဖြစ်ပါတယ်။ ခုတိုင်ထည့်ပေးရတဲ့အတွက် အဲဒီရည်ရွယ်ချက် တစ်ခု ဆုံးရှုံးသွားပါတယ်။

အပေါ်ထပ်ကိုတက်ကြည့်လိုက်ရအောင်ပါ။

ထုတ်တွေကိုဖြတ်ထားတာတွေ့မှာပါ။ အဲဒါကတော့ အဲဒီထုတ်တွေက ဘယ်လိုမှကို သုံးလို့မရတော့တဲ့အတွက်ဖျက်ပစ်ရတာပါ။ နောက်တော့ အနီးကပ်ပုံလေးတွေကြည့်ရမှာပါ။

အပေါ်မှာတုန်းက ထုတ်နဲ့ ကြမ်းခင်းကို တပြိုင်နက်တည်း လောင်းတာမဟုတ်ဘူးလို့ ကျနော်ပြောခဲ့ပါတယ်။ အောက်ကပုံလေးကို ကြည့်ရင် တပြိုင်နက်တည်းလောင်းလား၊ မလောင်းလား သိရပါတယ်။ သံချောင်းအရွယ်အစားနဲ့ ကြမ်းခင်းအထူကို သိဖို့ရာအတွက် ကြမ်းခင်းကို ဖောက်ကြည့်လိုက်တော့ ပုံအတိုင်းတွေ့ရပါတယ်။ ကြမ်းခင်းအထူကလည်း ၃.၅ လက်မလောက်ရှိပါတယ်။ အဲဒီတော့ ကြမ်းခင်းပေါ်ကို လမ်းလျှောက်တာနဲ့တင် တုန်နေတာကို ခံစားရပါတယ်။

ထုတ်တွေကို တချက်ကြည့်လိုက်တော့ ငါးမူးလုံးသံချောင်းကို သုံးထားပါတယ်။ ငါးမူးလုံးကို ၆ လုံးထည့်ထားထားပေမဲ့ အလယ် ၂ ချောင်းက အသုံးသိပ်မတည့်လှပါဘူး။ ဘာကြောင့်လဲဆိုရင် Natural Axis နဲ့ ကပ်နေတဲ့အတွက် ပုံမှာကျနော် Nearly useless ဆိုပြီးတော့ ရေးထားပါတယ်။ အဲဒီသံချောင်းဟာထည့်ထားပေမဲ့ ဘာအလေးဝန်ကိုမှ ကူထမ်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ထုတ်တွေအားလုံးကို ဖြိုပြီးတော့ Roof Beam ပြန်လောင်းရမှာ ဖြစ်ပါတယ်။နောက်တစ်ခု ထုတ်တွေပြီးရင် အပေါ်ထပ်က တိုင်လေးတွေ လောင်းထားတာကို လေ့လာကြည့်ပါမယ်။ တိုင်တွေကို အုတ်နံရံစီပြီးမှလောင်းထားပါတယ်။ နောက် ကွန်ကရစ်လောင်းထားတဲ့ အရည်အသွေးကလည်း အောက်ကပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ ကျောက်တွေပေါ်နေပါတယ်။ ဒီကွန်ကရစ်က ဘယ်မှာလာပြီးတော့ အရည်အသွေး ကောင်းနိုင်ပါ့မလဲ။ တကယ့် အလေးဝန်ကို ထမ်းရမဲ့တိုင်က အဲဒီလိုအနေအထားဖြစ်နေတော့ ကျနော်ကတော့ ဖျက်ပြီးတော့ အသစ်ပြန်လောင်းဖို့ပြောခဲ့ပါတယ်။

ဒီအဆောက်အဦးက သာသနာ့ဗိမာန်အဆောက်အဦး တစ်ခုဖြစ်ပါတယ်။ နေရာကိုတော့ ကျနော်မပြောတော့ပါဘူး။ အလှူလုပ်ကြတဲ့ ဒကာမတွေတော့ မြင်တာနဲ့တင် ရေစက်မချရဲစရာပါ။ ငွေတွေ အများကြီး အကုန်အကျခံပြီး ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုက ဆောက်လို့မပြီးခင်မှာတင် စိတ်ပျက်စရာတွေနဲ့ ကြုံရပါတယ်။ ဒါဟာ အဆောက်အဦးဆောက်မဲ့သူတိုင်း ရှိသင့်တဲ့ ဗဟုသုတ မရှိလို့ ဖြစ်ရတာပါ။ တကယ်လို့သာ အိမ်ဆောက်ဖို့အတွက် ငွေတွေ အချိန်အတော်ကြာအောင် စုပြီးမှ ဆောက်တဲ့ အဆောက်အဦးဆိုရင် ပိုင်ရှင်မှာ ဘယ်လောက်ခံစားရမလဲ……..။

Presentation on Construction
ပုံတစ်ပုံက စကားလုံးပေါင်းများစွာကိုပြောပြပေးနိုင်တယ်တဲ့။ ဒါကတော့ ကျနော်တို့ ကုမ္ပဏီက လုပ်ထားတဲ့ Presentation ဖိုင်ကို ကျနော်ပြန်လည်ပြုပြင်မွမ်းမံပြီးတော့ ဗွီဒီယိုဖိုင်အနေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ Precast နဲ့အဆောက်အဦးတွေဟာ မြန်မာနိုင်ငံရဲ့ မဝေးတော့တဲ့ အနာဂါတ်မှာ အရေးပါလာမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။ နောက်လဲ အဆင်ပြေသလို Precast construction အကြောင်းလေး ရေးပါဦးမယ်ဗျာ။

ဒါကတော့ တာဝါကရိန်း တစ်ခုတည်းကို အခြေခံပြီးတော့ လုပ်ထားတဲ့ Schedule ဖြစ်ပါတယ်။ တစ်ထပ်လောင်းဖို့အတွက် (၈) ရက်ကြာပါတယ်။

Colour psychology
Designer တစ်ယောက် အနေနဲ့  မသိမဖြစ်  အရေးကြီးတာက  Color Psychology  ဆိုတဲ့ အရောင်နဲ့  ပတ်သတ်တဲ့  စိတ်ခံစားမှု အကြောင်းဖြစ်ပါတယ်။ ကိုယ် ဖန်တီးလိုက်တဲ့  design  တစ်ခုမှာ      အရင်ဆုံးကြုံတွေ့ရမှာက   ဘယ်လို mood မျိုး  ပေးမှာလဲ  ဆိုတဲ့  မေးခွန်းပါပဲ။ ပေးချင်တဲ့ mood   ကို မူတည်ပြီး   အရင်ဆုံး  စဉ်းစား ရမှာက  color scheme  ပါပဲ။

အရောင်တိုင်းဟာ သူ့ရဲ့ ကိုယ်ပိုင်  wave length ပေါ်မူတည်ပြီး   အမြင်အာရုံအရ physical ပိုင်း ၊ နောက် emotion စိတ်ခံစား မှု  ပိုင်းတွေ ပါပေးပါတယ်။ ဥပမာ – အနီရောင်  အမျိုးမျိုးသော ဖွင့်ဆိုချက်တွေရှိကြပေမယ့်   အဓိကပေးတာကတော့   ခံစားသူရဲ့ အာရုံကို  ပတ်ဝန်းကျင် အခြေအနေ၊ အချိန်အခါပေါ် မူတည်ပြီး     ခံစားမှု မြင့်တက်စေတာပါပဲ။  ဒေါသထွက်နေရင် အနီရောင်က ပိုပြီး ပူလောင်စေသလို၊ နှစ်သက်တဲ့   စိတ် ဝင်နေရင်လဲ  ရှေ့ကိုတိုးဖို့ ခွန်အားတွေ လှုံ့ဆော်ပေးတတ်ပါတယ်။ ဆေးပညာ ပိုင်းမှာလည်း ထို့အတူပါပဲ။  အသုံးချတဲ့  အခြေအနေနဲ့   အချိန်အခါပေါ် မူတည်ပြီး   အန္တရာယ် ရှိစေသလို ၊ ကုထုံး အနေနဲ့လည်း အသုံးဝင်စေတတ်ပါတယ်။ အဓိကကတော့ physical သဘောတရားအရ သူ့ရဲ့  တောက်ပမှုက သွေးခုန်နှုန်းကို မြင့်တက်စေတာ ပါပဲ။

နောက်တစ်ခုက အပြာရောင် … အရင်ဆုံး  ခံစားမိကြတာတော့    ငြိမ်းချမ်းမှု ပါပဲ ။ အဓိက ဥပမာ အနေနဲ့ ကောင်းကင်ပြာကြီး ကြည့်လိုက်ရင် လွတ်လပ်အေးချမ်းပြီး  ငြိမ်းချမ်းအေးဆေးတဲ့  အရသာကို ခံစားမိတာ အထင်ရှားဆုံး  ပါပဲ။ ထို့အတူပဲ   ဆုံးဖြတ်ချက်တွေ ပြတ်သားစေဖို့  တည်ငြိမ်အောင် အထောက်ပံ့ပေးတတ်တဲ့ သဘောလဲရှိတာမို့    တိကျတဲ့  ဆုံးဖြတ်ချက်တွေ အတွက် ကိုယ်စားပြုပေးတယ် လို့လဲ ဆိုလို့ ရပါတယ်။

အစိမ်း … သူကတော့ သဘာဝမှာ အများဆုံးတွေ့ရတဲ့ အရောင်ဖြစ်တယ်။ လန်းဆန်းတယ်၊ သဘာဝ ဆန်တဲ့ အရသာကို ပေးတယ်၊ အထူးသဖြင့် natural earth tones တွေနဲ့ ပန်းလေးတွေ တွဲဖက်နေတာမျိုးလေးတွေကနေ  အရောင်အတော်များများနဲ့  တွဲလို့   အဆင်ပြေ ပါတယ်။

အဝါ နဲ့ လိမ္မော်ရောင်ကတော့ warm tone လေးတွေ ရဲ့ သဘောအတိုင်း အနီလောက် strong မဖြစ်ပေမယ့်  energy ကို မြှင့်တင်ပေးတတ်တဲ့ သဘောလေးတွေ ရှိနေတော့  အထူးသဖြင့် Entertaining room တွေ၊ F&B (food & beverage) အစားအသောက်နှင့် အဖျော်ယမကာပိုင်းတွေမှာ  အများအားဖြင့် အသုံးပြုတတ်ကြပါတယ်။

ပန်းရောင် နုနုလေးတွေက    စိတ်ကို  ကြည်နူးပျော့ပျောင်း စေတတ်ပြီး ပန်းရောင် တောက်တောက် တွေကျတော့  စိတ်ခံစားမှုတွေကို   ရိုက်ခတ်  ဖော်ထုတ်စေတတ်တာလဲ  သတိပြုမိစရာပါ။

ကျွန်တော်တို့  အများစု ကြိက်ကြတဲ့  အဖြူ နဲ့အမည်းကတော့ အမျိုးမျိုးသော ခံစားချက်တွေ  ဖွဲ့ဆိုကြပါတယ်။ အဖြူရောင်ကို  အလင်းပြန် area များတဲ့နေရာမျိုးမှာ သုံးရင် သူ့ရဲ့  ရိုက်ခတ်မှု ပြန်လင်းတန်းတွေရဲ့ အားကြောင့်  အချိန်ကြာကြာနေဖို့ မလွယ်ပါဘူး။ အဲလို နေရာမျိုးမှာ ရနိုင်မည့်  အလင်းပမာဏနဲ့  နေရာ အကျယ်အဝန်းက အရေးပါပုံကို  သတိထားဖို့လိုပါတယ်။ အဖြူရောင်သုံးတိုင်း အဆင်ပြေတယ်ဆိုပြီး သတိမမူမိရင်   မှားတတ်တဲ့ ခံစားမှုလေးတွေပါ။ အမည်းကတော့   အားလုံးကို စုပ်ယူတတ်တဲ့သဘော ဆိုတော့ လှုပ်ရှားနေတဲ့ ခံစားမှုတွေကို  တားဆီးပေးချင်တဲ့    အခါမျိုးတွေ  မှာ အများကြီး အသုံးဝင်ပါတယ်။

ချမ်းသာကြွယ်ဝမှုကို ဖော်ပြတဲ့ဒီဇိုင်းမျိုး လုပ်ချင်တဲ့ အခါမှာတော့  အမည်းနဲ့ ရွှေရောင်တွေ၊ နီညိုရောင်တွေကို တွဲသုံးတတ်သလို၊ အသုံးများဆုံးကတော့   အညို၊ အနီ နဲ့ အဝါ  ရဲ့  tint color လေးတွေ ပိုအသုံးများတတ်ပါတယ်။ မျက်စိထဲမှာ  မြင်ရတာတွေကို  သတိထား  ကြည့်ရင် ခံစားမိပါလိမ့်မယ်။ အခုမြင်ရတဲ့  ပုံ ( ၂ ) ပုံကို ယှဉ်ကြည့်ရင်    အခန်းရဲ့ အရောင်ပေါ်မူတည်ပြီး     ဒုတိယ  အခန်းက warm color သုံးထားတာဟာ အထဲက  objects တွေဟာ  မိမိနဲ့ ပိုပြီးနီးကပ်စေတဲ့  အရသာမျိုး ပေါ်လွင် စေပါတယ်။ ဒါကြောင့်လဲ  အခန်းကျဉ်းတဲ့ အခါမျိုးမှာ   warm color အပြင်းတွေကို  သုံးတာထက်  အရောင်ဖျော့ဖျော့လေးတွေ၊ cool tone လေးတွေ  သုံးခြင်းအားဖြင့် နေရတာ သက်တောင့်သက်သာ ရှိစေတဲ့  ခံစားချက်တွေ  ပေးပါတယ်။

ဒီပုံ ၂ ပုံမှာ  လဲ cool tone အနု နဲ့ အရင့် ကွာခြားတဲ့ ခံစားချက်က အထက်က ပြောသလိုလေးပါပဲ။ အထူးသဖြင့် မျက်နှာခြင်းဆိုင်မှာရှိတဲ့  ပန်းချီကားထဲက အဖြူနေရာက  မျက်လုံး  ကိုသေချာ စိုက်ကြည့် ခံစားကြည့်ပါ။ အရောင်နုအခန်းက မျက်လုံးက အားပျော့ပျော့နဲ့  စိုက်ကြည့်  နေသလိုမျိုး ( ဖြတ်ခနဲ ခဏကြည့်မယ် ပြန်လွှဲသွားမယ်)၊  အရောင်ရင့် အခန်းက မျက်လုံးကတော့ စူးစူးစိုက်စိုက်နဲ့  သင်မျက်လွှာချလိုက်ရမယ့်   အခြေအနေ  ဖြစ်နိုင်တယ်  ဆိုတာ  သတိချပ်မိမှာပါ။

ဒီပုံလေးမှာတော့   သူ့ ရဲ့ လန်းဆန်းကြည်နူးဖွယ်  warm tone နုနုလေးက ကြည်လင် နွေးထွေး စေတဲ့ ခံစားမှုလေးတွေ ပေးပြန်ပါတယ်။

အဲဒီ ပုံမှာတော့  အဝါရောင်က အတင်းဖိတ်ခေါ်နေပေမယ့်  အစိမ်းရောင်က  အင်တင်တင် ဖြစ်စေတဲ့ သဘောသက်ရောက်နေတာ သတိထားမိမှာပါ။

ဒီပုံလေး ရဲ့ ကာလာ scheme လေးကတော့   မြန်မာမှာ ဆို Moon bakery တို့ ၊ J-donut တို့ ကို ပြေးမြင်မိစေမှာပါ။ အထူးသဖြင့် Commercial မှာ designer ရဲ့ အယူအဆဟာ အများကြီး အရေးပါလာပါပြီ။ ဗိုက်ဆာနေတဲ့ အချိန်မျိုးမှာ ဒီပုံစံကာလာ အတွဲအစပ်လေးက ချက်ချင်း ဝင်စားချင်စိတ်လေးတွေ ပေါက်လာပြီး မြန်မြန်စားမိအောင်လဲ တွန်းပို့နေပါတယ်။ စားပြီးလို့ ဗိုက်ပြည့်တဲ့အချိန်  သိပ်မကြာခင်မှာပဲ  အဲဒီမှာ မထိုင်ချင်လာအောင်   တွန်းထုတ်နေတဲ့ ကာလာရဲ့  ပေးတဲ့ စွမ်းအင်ကို သတိပြုမိမှာပါ။ အဓိက  Fast-food   ဆိုင်တွေမှာ အသုံးများပါတယ်။

အခု ပုံလေးလို အေးချမ်းပြီး  သက်တောင့်သက်သာနဲ့  စကားလေးတွေ အေးအေးဆေးဆေးပြော ( စားပွဲ အလယ်မှာ candle light – warm mood ပေးရင်ပိုကောင်းပါမည်) အရှေ့မှာလည်း  unplug show လေးကလဲ ငြိမ့်ငြိမ့်လေးဖွင့်သာထားလိုက်မယ်ဆိုရင်      သင့် Table charges တွေကို ဘီလ်ရှင်းမှပဲ   မျက်လုံးပြူးသွားစေမှာပါ။

အဲထက်ကလိုမျိုး color  theme နဲ့ ဒီ အခန်း ၂ ခုကို  ပြောင်းပြန်သာ လှည့်သုံးကြည့်ပါလား။ မိတ်ဆွေ ကိုယ်တိုင်ပဲ  စဉ်းစားကြည့်ပေတော့ဗျာ။ ထို့အတူပဲ  pressure တွေ များတဲ့ နေရာမျိုးတွေ ..ဥပမာ CEO တစ်ယောက်ရဲ့ ရုံးခန်းဆိုပါဆို။ cool tone လေးတွေနဲ့  natural အရသာလေးတွေ ပေးနိုင်မယ်ဆိုရင်  အနည်းနဲ့ အများ သူရဲ့ တင်းကျပ်မှုတွေ လျှော့နည်းစေမှာပါ။

အဓိက အနေနဲ့  ဝေမျှခြင်တာကတော့  ကျွန်တော့်ကိုယ်ပိုင်  အယူအဆအရဆိုရင်   color တွေ၊  အတွဲအစပ်တွေကို စာတွေဖတ်ပြီး ဟုတ်တာပဲ ဆိုပြီး ယူသုံးတာထက်  ကိုယ်ကိုယ်တိုင်  ခံစားကြည့်ပါ။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေ မေးပါ။ သုံးသပ်ပါ။ အဲဒီ color တွေရဲ့  အလုပ်လုပ်ပုံကို အဓိကထား ဆုပ်ကိုင်ပြီး    အသုံးပြူမယ့်နေရာ၊ ယဉ်ကျေးမှု စတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး  အသုံးချ ကြည့်စေချင်ပါတယ်။

ဥပမာ – အနီရောင် သည် ခရစ်တော်ရဲ့ ..သွေးကို ကိုယ်စားပြူတဲ့ သင်္ကေတ ..စိန့် day ကို Church Calender မှာ အနီရောင်နဲ့ ရေးတယ်တဲ့ .xxx .ပေါက်ဖော်တို့ ဌာနေမှာတော့ လပ်ကီးရှိတယ် ..ပျော်ရွှင်မှူ တဲ့ ××× အမေရိကန် အင်ဒီးယန်းတွေကျတော့ သေခြင်းတရားနဲ့ ဘေးအန္တရာယ်တဲ့ ……ကျွန်တော်တို့ မြန်မာတွေ မှာကျတော့ကော ? ကျွန်တော့် သူငယ်ချင်းတွေ ကတော့  ဒေါသ၊ ရဲရင့်ခြင်း၊ sex စသဖြင့် ခံစားတတ်တယ်လို့  ပြောပါတယ်။

Designer  တစ်ယောက် အနေနဲ့  အရေးကြီးဆုံး အချက်ကတော့  ကာလာတွေနဲ့ ပတ်သတ်ပြီး  final scheme တွေ ရွေးမယ့်  အချိန်မျိုးမှာ    စိတ်ခံစားမှု  ပြင်းထန်တဲ့ ကိစ္စမျိုးတွေ  နည်းဖို့လိုပါတယ်။ မျှတတဲ့ စိတ်အခြေခံ၊   မှန်ကန်တဲ့  inspiration တွေနဲ့   mood သွင်းပြီး ရွေးချယ်ဖို့ပါပဲ။ နို့မို့ဆို   project တစ်လျှောက်လုံး  သိုလော၊သိုလောတွေနဲ့   ကာလာတွေရဲ့ လှည့်စားခြင်းတွေကြားမှာ ဗျာများနေတတ်တာ  အမှန်ပါ။

ဒီလောက်ဆို  designer  တစ်ယောက်အနေနဲ့  color psychology  ကို  အနည်းအကျဉ်းတော့   သဘောပေါက်မယ်ထင်ပါတယ်။

လေးစားစွာဖြင့်

ဝေဖြိုး

Sea water sharing for 3ds max
ကျွန်တော်ပို့စ်တစ်ခု ရေးနေတုန်းမှာပဲ အွန်လိုင်းက ကျူတိုရီယယ်  လင့်တစ်ခုရလာတယ်။ အဲဒါနဲ့ ဖွင့်ကြည့်လိုက်တော့  အတော့်ကို သဘောကျသွားပါတယ်။ သူ့အတိုင်း ထက်ပိုပေးချင်တာ နဲ့  material လေးတွေ အသစ် ထပ်ဖြည့်ပြီး တစ်ဆင့် ရှယ်လိုက်ပါတယ်။ အဓိက  ပင်လယ်ရေကို   photoshop နဲ့ file new တောင်း၊ ပြီးတာနဲ့   Filter-render-cloud  ဆိုတာနဲ့ ရလာတဲ့  B&W map လေးကို vray material က displace  mode မှာ အသုံးချလိုက်တာ  လေးပါပဲ။ vray sun & sky နဲ့ vray physical camera ကိုသုံးထားပါတယ်။ မက်စ် ဖိုင်နဲ့ texture ပါ တွဲပြီးသားလေး ပါ ပေးလိုက်ပါတယ်။ဖိုင်လေးဒေါင်း ဖွင့်ကြည့်ပြီး လေ့လာ တင်ရုံနဲ့တင် အများကြီး သိနိုင်ပါတယ်။
3dsmax 2009 နဲ့ အထက် ဖွင့်လို့ရပါတယ်။
download here

လေစားစွာဖြင့်
ဝေဖြိုး