CalmHill

ညှော်တယ်အော်တယ်
မြင်ရရင် လျောက်မမေးရ မနေနိုင်တာလည်း ဝါသနာဖြစ်မယ် ဒီလကတော့ စင်ကာပူမှာ တရုတ်ကုလား အားပြိုင်တဲ့လလို့ဆိုရမယ် တရုတ်ကလည်း ဗိုက်ဆာနေတဲ့ တစ္ဆေတွေပွဲလို့​ပြောတယ် ညနေပိုင်းဟိုဟာ မလုပ်ရဒီဟာ မလုပ်ရလို့သူများတွေတော့ပြောတယ် ကိုယ်ကတော့ သိပါဘူးသယ်ချင်တာသယ် စားချင်ရာစားတာပဲ။ ရုံးမှာကလည်း ဗမာကနှစ်ယောက်ရှိတာ ရှိတဲ့အစ်ကိုကလည်း ထမင်းစားချိန်အိမ်ခဏပြန်တာများတော့ ထမင်းစားချိန်ဆို ကျန်တဲ့လူတွေက တရုတ်တွေပါ ထမင်းစားသွားတိုင်း ကိုယ်ကလည်းစပ်စပ်စုစု လျောက်မေးပါတယ် ရုံးအောက်မှာ စည်ပိုင်းပြတ်နဲ့ စက္ကူတွေမီးရှို့တာကို မေးကြည့်တော့ တစ်ယောက်က ငါကသေသေချာချာ မသိဘူးတဲ့ သူကခရစ်ယာန်တဲ့ ငါတို့ဘာသာမှာ Ghost မရှိဘူးတဲ့။ အဲဒါနဲ့ဘာရှိသလဲဆိုမေးကြည့်တော့ Spirit ပဲရှိတယ်တဲ့ အဲဒါနဲ့ အဲဒီ့နှစ်ခုက ဘာကွာတာလဲလို့မေးတော့ သူလည်းအတော်လေး စိတ်ညစ်သွားပုံရတယ် ငါလည်းမခွဲတတ်ဘူးတဲ့ အဲဒါနဲ့ ခွဲတတ်ဖို့ဆိုရင် မင်းနှစ်ခုလုံးမြင်ဖူးရမယ် အဲဒါမှမင်းခွဲတတ်မယ်ထင်တယ်လို့ ​ပြောလိုက်ရော ငါမသိတော့ဘူး သူ့မေးဆိုပြီး နောက်တစ်ယောက်ကို ဘော်လီဘောပုတ်ပြန်တယ်။

နောက်တစ်ယောက်က စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် ကန်တင်းနားမှာ ရှို့မလို့ပြင်ဆင်ထားတဲ့နေရာ ခေါ်သွားပြီးတော့ စက္ကူတွေကိုပြပါတယ် ဒါကစက္ကူမဟုတ်ဘူး ပိုက်ဆံတဲ့ အဲဒါရှို့မှ တစ္ဆေတွေက တမလွန်ကနေ ပိုက်ဆံရတာတဲ့ ဒါမှသူတို့ကပျော်တာတဲ့ တစ်နှစ်မှာတစ်လ သေမင်းတံခါးကပွင့်တော့ ဒီလမှဒို့ကပိုက်ဆံလွဲရ​တာတဲ့။ အဲဒါနဲ့ သူတို့ကသုံးစရာနေရာ ရှိလိုလားမေးကြည်တော့ ငါလည်းမသိဘူးလေ မရောက်ဖူးသေးဘူးတဲ့။ ဒါနဲ့အဲဒါတွေက ဝယ်တာဘယ်လောက် ပေးရသလဲမေးကြည့်​တယ် တစ်စုံကို ၂၀ လောက်တော့ရှိတယ်​ပြောတယ် အခုပုံထားတဲ့အပုံလောက်ဆို ၁၀၀ လောက်တန်မယ်ထင်တယ်တဲ့။ ဒါနဲ့အဲဒါဆိုရင် အဲဒါတွေ ဘာလို့ရှို့နေသလဲ ၁၀၀ တန်တစ်ရွက်လောက် ရှို့လိုက်ရင်အဆင်​ပြေတယ် အဲဒါဆိုရင် တစ္ဆေတွေလည်း ဒေါ်လာအစစ်ရလို့ အတော်ကိုပျော်မယ် အခုတော့အတုတွေ မီးရှို့တော့ဒို့ကညှော်တာပေါ့လို့ ​အကြံပေးမိတယ်။ သူကလည်းကိုယ့်ကို ပြန်ပြီးတော့ အချွန်နဲ့မပါတယ် အကြံဉာဏ်ကောင်းတယ်တဲ့ ရှို့နေတဲ့အန်ကယ်ကြီးကို မင်းသွားပြောပါလားတဲ့။

အိမ်ြပန်ရင် ကုလားတွေကလည်း ဥပုသ်လဖြစ်လေတော့ တိုက်အောက်မှာ ယိုင်ပတ်ပြီးတော့ ဝတ်ပြုစရာနေရာတွေ လုပ်ထားပါတယ် ပုံမှန်ကပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဗမာပြည်မှာလို လော်စပီကာနဲ့ အော်လို့မရပါဘူး။ ဗမာပြည်တော့ ဗလီကနာရီခြားနဲ့ အော်တာပါပဲ အတော်ဆူတာပဲ မထူးပါဘူး ဘုရားပေါ်ကလည်း သူများတွေ အိမ်မှန်းမသိ မအိပ်မှန်းမသိ မနက်စောကြီး တရားတိတ်ခွေ လော်စပီကာနဲ့ဖွင့်တာလည်း အင်မတန်ဆူတာပဲ ဒီမှာပဲအေးတယ် ဘယ်သူမှမဆူနဲ့ Church လည်း အကြောင်းထွေထူးမရှိရင် ခေါင်းလောင်းထိုးလို့မရ ကုလားလည်း ပွဲမရှိမအော်ရ  ဘုန်းကြီးကျောင်းလည်း တရားတိတ်ခွေကို လော်စပီကာနဲ့မဖွင့်ရပဲ။ ဘာပဲပြောပြော ဆူဆူညံညံမရှိတာ အတော်စိတ်ချမ်းသာစရာ ကောင်းတယ်။ ဒါပေမယ့်ဒီလတော့ ကုလားလည်း ဥပုသ်ထွက်ချိန် အော်လို့ရပါတယ် အဲဒါကို ဓာတ်လှေခါးထဲအတူတူ ပါလာတဲ့ တရုတ်မကြီးက စကားစပ်မိလို၌ ဆူတယ်တဲ့ အဲဒါနဲ့ သူ့လက်ထဲက တမလွန်ကို လွှဲမယ့်ငွေအထပ်လိုက်ကို လက်ညှိုးထိုးပြီး ညှော်တယ်လို့​ပြောခဲ့လိုက်တယ်။

iBus, KMFL and Myanmar Unicode
ဒီရက်ပိုင်း စာ​မရေးဖြစ်သလောက်ြဖစ်နေတယ် ဖြစ်ရတာက မအားတာရယ် နောက်ပြီးတော့ ကွန်ပျူတာကနည်းနည်း ဒုက္ခပေးနေတယ် တင်ထားတာတွေ များလွန်းလို၌ ဝင်းဒိုးကတစ်ခါဖွင့်ရင် ၁၅ မိနစ်လောက်စောင့်မှ သုံးလို့ရသလိုဖြစ်နေတော့ အားတဲ့အချိန်လေးသုံးတာ အဲလောက်စိတ်မရှည်ဘူးဖြစ်တယ် ဒါနဲ့ Linux ​ဘက်မှာပဲသုံးနေဖြစ်တယ်။ ဖြစ်ချင်တော့ Linux ဘက်က Unicode ကဘုရားစူးမိုးကြိုးပစ် ကီးဘုတ်ြဖစ်နေတော့ ရိုက်လို့အတော်ခက်တယ် အဲဒါနဲ့ စာလည်းရေးမရဘူးဖြစ်နေတယ်။

လိုက်ရှာကြည့်တော့ ThanlwinSoft ကလုပ်ထားတဲ့ ကီးဘုတ်ကရှိတယ် Ubuntu Repository ထဲမှာကိုပဲ Package က kmfl-keyboards-mywin ဆိုတဲ့နာမည်နဲ့ပါပါတယ် ဒါပေမယ့်သူက SCIM ကိုသုံးထားတဲ့ဟာဆိုတော့ အခုက iBus ကို Default သုံးနေတဲ့အချိန်ြဖစ်နေတော့ နည်းနည်းလေး ခေတ်နောက်ကျနေပါပြီ။ အဲဒါနဲ့​ KMFL ကိုသွားကြည့်တော့ SCIM ရော iBus ရောနှစ်ခုလုံးမှာသုံးလို့ရပါတယ်။ လုပ်ဖို့လိုတာက iBus အတွက် KMFL ကို Install လုပ်ရပါမယ် Compile လုပ်ယူချင်ရင်တော့ မူရင်းဆိုက်မှာ Source code ကိုယူလို့ရတယ် Binary ပဲလိုချင်ရင်တော့ SIL Repository ကိုထည့်ဖို့လိုမယ်။

deb http://packages.sil.org/ubuntu lucid main

KMFL ကို iBus အတွက် package ကို Install လုပ်ဖို့လိုမယ်။ Ubuntu လိုကတော့လွယ်ပါတယ် apt နဲ့ Install လုပ်လိုက်ရုံပါပဲ။

apt-get install ibus-kmfl

အဲဒါပြီးရင်တော့ Keymen Source Code ရှိရင်အဆင်ပြေပြီ ဗမာစာအတွက် ကီးဘုတ်က Thanlwin Soft မှာ myWin ရှိတယ် အဲဒါကိုယူလည်းရတယ် ဒါမှမဟုတ် Myanmar 3 ကလည်း Open Source လုပ်ထားတော့ သူ့ဆီက ကီးဘုတ်လည်း ယူလို့ရတယ် အဲဒီ့ Keyman Source File .kmn ကို

/usr/share/kmfl

ထဲကိုကူးထည့်လိုက်ရင်ရပြီ root access လုပ်ခွင့်မရှိရင်လည်း ကိုယ့်ရဲ့ Home ထဲမှာပဲ .kmfl ဆိုပြီး directory တစ်ခုနဲ့ကူးထည့်လိုက်လည်းရတယ် ကိုယ့်တစ်ယောက်တော့ သုံးလို့ရပါတယ်။ အဲဒါဆို  iBus  ကိုဖွင့် ကီးဘုတ်အသစ်ထည့် ကီးဘုတ်အသစ်က Other အောက်မှာပဲတယ် အဲဒါဆိုသုံးလို့ရပြီပဲ။ ဒါကိုဘိုလိုရေးထားတာ ဖတ်ကြည့်ချင်ရင်တော့ အောက်ကလင့်ကိုသာ သွားကြည့်ပါ SIL မှာအသေအချာ ရေးထားပြီးသားရှိပါတယ်။

http://linux.lsdev.sil.org/wiki/index.php/Installing_KMFL_on_Ubuntu

ငယ်ဘဝအမှတ်တရများ (၂)
ရပ်စောက်မှာခဏနေပြီး ကျောင်းဖွင့်တော့ မန္တလေးပြန်ရတယ် မကြာပါဘူးအရေးအခင်း ဖြစ်တော့ကျောင်းပြန်ပိတ်တော့ အဖေကပြန်လာခေါ်တော့ တောင်ကြီးကိုရောက်ပါတယ် အဲဒီမှာလည်း အမေကအလုပ်​ပြောင်းမရသေးတာနဲ၌ မလိုက်လာနိုင်သေးတော့ အဖေကသူ့သူငယ်ချင်း လူပျိုကြီးများနဲ့ပဲ တစ်အိမ်မှာပေါင်းနေရတယ် ရပ်စောက် ဦးဦးလူပျိုကြီးများထဲက နှစ်ယောက်လည်း တောင်ကြီးအိမ်မှာရောက်နေတော့ တစိမ်းရယ်တော့မဟုတ်ပါဘူးလေ။ နောက်ထပ် အသစ်တိုးတဲ့ ဦးဦးလူပျိုကြီးနှစ်ယောက်မှာ တစ်ယောက်ကတော့ အရက်အတော်သောက်ပါတယ် ဦးမြင့်သန်းလို့ခေါ်တယ် ကျောက်ဆူးတံဆိပ်ဘီယာ သောက်နေကျဖြစ်လို့သူ့နာမည်ကို အများကကျောက်ဆူးလို့ ခေါ်ကြပါသေးတယ်။ နောက်တစ်ယောက်က ဦးဝင်းမော်လို့ခေါ်တယ် ရပ်စောက်ကဦးဦးနှစ်ယောက်က သိပ်မကြာဘူးတစ်ခြားမှာ တာဝန်ကျသွားတော့ နောက်တော့သူတို့ နှစ်ယောက်ပဲ ကျွန်တော့်ကိုထိမ်းပါတယ်။

မနက်မိုးလင်းတာနဲ့ ထုံးစံအတိုင်း ဂျီကျတာပါပဲ ကျားခေါင်းရုံးအောက်နားလေး မင်းလမ်းဘေးက လေထိုးကျွတ်ဖာဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲကို စားချင်ပါတယ်​ပြောတယ် လက်ဘက်ရည်ဆိုင်က ပလာတာစားချင်တယ် အမြဲအော်ပါတယ်။ သူတို့ရုံးပြန်လာရင် တောင်ကြီးဟော်တယ်ထဲက မုန့်ဆိုင်ကနေ ပေါင်မုန့်ကို မုန့်ကြိုးလိမ်လိုလိမ်ပြီး ဖုတ်ထားတဲ့ ပေါင်မုန့်ဝယ်လာရတယ် မပါရင်တော့ အဲဒီ့ညတော့ပြဿနာရှာပြီပဲ မုန့်ကြိုးလိမ်မရလို့ အလုံးဝယ်လာရင်လည်း မစားပါဘူး။ ငယ်တုံးကတော့ အဲလိုပဲလူကြီးတွေကို အမြဲဒုက္ခပေးပါတယ် အစားလည်းအင်မတန် ရွေးပါတယ်။ နောက်ကြီးလာတော့ မရွေးလွန်းလို့ခက်တယ် အဲဒီ့ ဦးဦးတွေ ကြီးတော့ပြန်တွေ့တော့ အစုံစားတဲ့ကျွန်တော့်ကိုမြင်တော့ ဒီကောင်ငယ်ငယ်က ဒို့ကိုသက်သက် ဒုက္ခပေးတာဆိုပြီး ​ပြောလို့မဆုံးတော့ပါဘူး။

ငယ်ငယ်ကတည်းက စပ်စပ်စုစုလည်း အတော်မေးပါတယ်။ ဦးဝင်းမော်ကတော့ တစ်ခါရုပ်ရှင်ြပမယ်ဆိုပြီး ခေါ်သွားတာ အိမ်ြပန်ရောက်တဲ့အထိ မြင်သမျှမေးလိုက်တာ အိမ်နားက လမ်းသွားရင်း ဆေးလိပ်မသောက်ရဆိုတဲ့ ဆိုင်းဘုတ်ကို စက်ဘီးစီးရင်းကျတော့ရော သောက်လို့ရသလားလို့ မေးပြီးကတည်းက သူလည်းကျွန်တော့်ကို နောက်ရုပ်ရှင်ပြမခေါ်တော့ပါဘူး။ နေတဲ့အိမ်က သရဲ​​ခြောက်တယ်လို့ နာမည်ကြီးပါတယ် ဦးဝင်းမော်ကတော့ သုံးလေးခါအခြောက်ခံရတယ်​ပြောတယ် သူကအဲလိုလည်း နည်းနည်းကြောက်တတ်တယ် ဦးမြင့်သန်းကတော့ ကြောက်ပုံမပေါ်ဘူး သရဲကပဲသူ့ကြောက်လို့လားမသိ သူ့တော့သရဲကမ​ခြောက်ဘူး။ အဲဒါနဲ့ ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာလုပ်တာပေါ့လေ။

နေ့လည်ပိုင်းကျတော့ ဦးဝင်းမော်က ပရိတ်သဲတွေကို အိမ်ကိုပတ်ပြီးတော့ဖြူးပါတယ် အဲဒါကိုလိုက်ပြီးကြည့်တယ် အဲဒါတွေက ဘာလုပ်တာတုံးမေးကြည့်တယ် မကောင်းဆိုးဝါးမဝင်အောင် ပရိတ်သဲဖြူးရတယ်တဲ့။ အဲဒါနဲ့ မကောင်းဆိုးဝါးက ဘယ်လိုဟာတုံးမေးတော့ သူလည်းစိတ်ရှည်လက်ရှည် ဟိုလိုဒီလိုပြောပါတယ် ခက်တာကကိုယ်ကလည်း မမြင်ဖူးတော့နားမလည်ဘူး။ အဖေကကြားသွားတော့ ကိစ္စ​အေးအောင်ဝင်​ပြောပေးတယ် မကောင်းဆိုးဝါးဆိုတာ နမူနာ​ပြောရရင် ဦးမြင့်သန်းကိုပြောတာတဲ့။ ဒါနဲ့အတော်စိတ်ဝင်စားမိတယ် ဒီသဲဖြူးထားရင် ဦးမြင့်သန်းဝင်မရဘူးပေါ့ ဘယ်လိုဖြစ်သလဲ စိတ်ဝင်စားလို့ အိမ်ပေါက်ဝကထိုင်စောင့်တာပဲ။ အဲဒါနဲ့ဦးမြင့်သန်း ဒုက္ခရောက်တာပဲ နောက်ကြီးလာမှ အဲဒီ့တုံးက အကြောင်းတွေ​ပြောပြတယ် အဲဒီ့ညက ကျွန်တော်အိပ်မှ ဦးမြင့်သန်းကို ပြန်လာခိုင်းရတယ်။ ဒါတောင်မနက်မိုးလင်းတော့ ဒီလူကြီးဘယ်လိုဝင်လာသလဲ လုပ်နေလို့​အတော်ရှင်းယူရတယ်​ပြောတယ်။

ဦးမြင့်သန်းကလည်း ကျွန်တော့်ဒဏ်ကို အတော်ခံရပါတယ် အဖေ့ထက်တော့သူက အတန်းငယ်လို့ ဂျူနီယာဖြစ်ပေမယ့် သူကအိမ်အလုပ်တွေကြောင့် ဆယ်တန်းအောင်တော့ ကျောင်းဆက်မတက်ပဲ ၃ နှစ်လောက်အလုပ်လုပ်နေလို့ ဘွဲ့ရတာနောက်ကျတာ နောက်ပြီးတော့ အမေနဲ့က ကျောင်းနေဖက်သူငယ်ချင်း ဖြစ်လေတော့ ငယ်ကတည်းက ကျွန်တော့်ကိုသူပဲ ထိမ်းတာများပါတယ်။ တကယ်ကသူက ကလေးရောလူကြီးရော တစ်ပြိုင်တည်း ထိမ်းတာပေါ့လေ။ အန်တီသီတာနဲ့ချိန်းတွေ့တိုင်း အိမ်ကအထွက်အပြကောင်းအောင် ကျွန်တော့်ကိုထိမ်းမယ်ဆိုပြီး အပြင်ထွက်တာပဲ။ အရက်သောက်တာ အလွန်အကျွံဖြစ်ရင်တော့ မကောင်းဘူးဆိုရမယ် ဦးမြင့်သန်း အသက်သိပ်မရှည်ခဲ့ဘူး အသည်းအသန်ြဖစ်တော့ ဆေးရုံမှာတစ်ခါတွေ့တယ်။ ဆုံးသွားတဲ့အချိန် ခရီးထွက်နေလို့မရောက်နိုင်ခဲ့ဘူး ဘာမှအမျိုးမတော်ပေမယ် ဦးလေးအရင်းတစ်ယောက်လိုပဲ ဖြစ်နေခဲ့လို့ ​အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။

ထူးဆန်းတဲ့ တိုက်ဆိုင်မှု့
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှမကြားဖူးတာတွေ ကြားဖူးလာတယ်။ အာဇာနည်နေ့က ပြီးတာကကြပါပြီ မှတ်မှတ်ရရ အာဇာနည်နေ့က ကောင်လေးတစ်ယောက်က ဂျီတော့မှာလာ​စကားပြောလို့ အလိုက်အထိုက်ပေါ့ ပြန်ပြောပေးပါတယ်။ ခင်ဗျားတို့က နိုင်ငံထဲမနေပေမယ့် ဒီနေ့ကိုတော့ ​မမေ့ပါနဲ့ဆိုပဲ ဒုက္ခော… ဘာမှလည်းမဆိုင်ဘူး ကိုယ်ဟာကိုယ်ဘယ်နေ အာဇာနည်နေ့နဲ့တော့ မဆိုင်သလိုပဲ။ ​ဘာမှမ​ပြောပါဘူး မကောင်းတဲ့ ကိစ္စမှမဟုတ်ပဲ ​ပြောရင်းနဲ့မှ ဦးဘဝင်းနဲ့ ဦးအောင်ဆန်း ညီအစ်ကိုနှစ်ယောက်လို့ ​ပြောလိုက်မိတာ ပြဿနာတက်တာပဲ သူတို့နှစ်ယောက်က ညီအစ်ကိုမဟုတ်ဘူးဆိုပြီး ငြင်းတော့တာပဲ။ သူတို့နှစ်ယောက် ညီအစ်ကိုတော်မှန်းတောင် မသိတဲ့လူက ကိုယ့်ကိုအာဇာနည်နေ့ မမေ့နဲ့ဆိုတော့ ဘယ်လို​​ပြန်ပြောရမယ် စဉ်းစားလို့မရလိုက်ဘူး။

ကနေ့လည်း ကိုဒီဘီက Link တစ်ခုကို Facebook မှာတင်ထားလို့ သွားကြည့်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတော့ အန်ကယ်တို့က သိမ်ဖြူလမ်းမှာ ရှိနေတယ်ပေါ့နော်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့ ဖြစ်နေတယ်။”

လို့ရေးထားပါတယ်။ ဖတ်ရင်းနဲ့ကိုယ်တောင် အတော်လေးလည်တယ်တယ် ဖြစ်မိတယ် ဪ… ဗိုလ်ချုပ်အောင်ဆန်းလည်း တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့မှာ သေသွားရှာတယ်လို့။ ကျွန်တော်တို့အတော်လေး ကံကောင်းခဲ့တာပဲ အဲဒီ့နေ့သာ အာဇာနည်နေ့ဖြစ်မနေခဲ့ရင် လုပ်ကြံခံရတဲ့ရက်ကို ငယ်ငယ်ကသမိုင်းထဲမှာ အသစ်မှတ်ခဲ့ရမယ်ထင်တယ်။ ရေးထားတဲ့စကား အသွားအလာကြည့်ရတာ စာလုံးအထားအသို မှားတာမဟုတ်နိုင်ဘူး တကယ့်အင်တာဗျူးမှာ အဲလိုမေးခဲ့ပုံရတယ်။

http://snapshot-news.com/index.php?option=com_content&view=article&id=5609:2010-07-31-07-14-12&catid=376:vol2-no96&Itemid=120

ကျောင်းတော်ကြီးသို့အလွမ်း ( ၉ )
ငယ်တုံးကတော့ ကျောင်းမှာကလေးတွေ ပိုက်ဆံအတင်းကောက်ပြီး ဝါဆိုသင်္ကန်းဆိုပြီးလုပ်ရင် အလှူငွေထည့်ရတယ်ပေါ့လေ။ ပထမနှစ်ကနေ တတိယနှစ်ကအထိတော့ အီးစီတွေက လည်ဖို့ပတ်ဖို့ဆိုအင်မတန် တက်ကြွပါတယ် ဘာသာရေးအလှူကျတော့ ရှိတယ်ကိုမထင်ကြဘူး။ တကယ်တော့ အီးစီခန့်တာကလည်း တက်ကြွလို့ခန့်တာမှမဟုတ်တာပဲလေ ဆရာမတစ်ယောက်လာပြီး မြင်တဲ့လူခန့်သွားတာ ပြောမယ်ဆိုရင် သူငယ်တန်းကလိုဆို လူကောင်ထွားလို့ ခန့်ထားတယ်​ပြောရမယ်။ တတိယနှစ်အောင်တော့ ဂုဏ်ထူးတန်းကို အီးစီအားလုံးနီးနီး တက်ခွင့်မရကြပါဘူး။ ဒီတော့ ဂုဏ်ထူးတန်းမှာ လူကောင်မထွားပေမယ့် အာကျယ်ပြီး လူတစ်ကာနဲ့ စကား​ပြောတတ်တဲ့ ကျွန်တော်အပါအဝင် သူငယ်ချင်းသုံးယောက်လောက် ဘယ်သူမှမခန့်ပဲ အလိုလိုနေရင်း ခေါင်းဆောင်ြဖစ်ပါတယ်။

အလည်အပတ် ခရီးထွက်ဖို့မစီစဉ်တော့ပဲ ဝါဆိုသင်္ကန်းကပ်ကို ပထမဆုံးအနေနဲ့ စပြီးလုပ်ြဖစ်ပါတယ်။ အတန်းထဲလည်ပြီး အလှူငွေကောက် ဆရာမတွေရဲ့ ဌာနပေါင်းစုံကိုလိုက်ပြီး အလှူငွေကောက် ရုံးဌာနတွေဖြစ်တဲ့ ငွေစာရင်း စီမံ ကျောင်းသားရေးရာလည်း မချန်ပါဘူး အကုန်လိုက်ကောက်တယ် စာကြည့်တိုက်က မစန္ဒာကတော့​ပြေးမလွတ်ဘူးပေါ့။ ဘုန်းကြီးကတော့ ဒဟတ္တောရွာထဲက ဘုန်းကြီးကိုသွားပင့်ထားတယ်။ ဆွမ်းချက်တာက ကန်တင်းက စွယ်တော်ရိပ်ဆိုင်ခွဲကို ချက်ခိုင်းရတယ် ဆိုင်ကလည်းချက်ပေးရှာပါတယ် ကုသိုလ်ရေးဆိုတော့ ထမင်းသူတို့လှူတာပါ ဈေးဖိုးပေးပြီးကျန်တဲ့ အသားငါးကို အလကားချက်ပေးပါတယ်။

အကုန်ကိစ္စအေးမှပြဿနာက ဘုန်းကြီးဆွမ်းကပ်ဖို့ စားပွဲမရှိပါဘူး ကျောင်းစာသင်ခန်းက စာသင်ခုံကိုစားပွဲလုပ် ဆွမ်းကပ်လို့လည်း ခုံကခုံစောင်းဆို​တော့ ဘုန်းကြီးတွေပြဿနာတက်မှာ စိုးရိမ်ရတယ်။ ငှားစရာမရှိလို့ ဘုန်းကြီးကျောင်းကို ဘုန်းကြီးလည်းကြွပါ စားပွဲလည်းငှားပါလို့ သွားပြီးနားပူရတယ်။ အခုသယ်သွားဆိုလို့ စားပွဲကိုမောင်စိုင်းဒီနဲ့ ကျွန်တော်နဲ့ ထမ်းကြရပါတယ် ကျောင်းပေါ်အထိ နှစ်ြပလောက်အဝေးကို ကုန်းတက်လည်းဖြစ်တော့ လူတွေလည်း​အတော်လေး မျက်ဖြူဆိုက်ကြပါတယ်။ နောက်တော့ ကျောင်းသားကဒ်ကို အာမခံထားပြီးတော့ စီမံဌာနကနေ အိုးခွက်ပန်းကန်တွေ ငှားကြရတယ် ပန်းကန်ဘယ်နှစ်လုံး ဇွန်းဘယ်နှစ်ချောင်းပေါ့လေ အပ်ရင်တော့လျော်ရမယ်ဆိုတာ ထုတ်ကတည်းကသိပါတယ် အလှူဆိုတာ ဇွန်းပျောက်တာထုံးစံမဟုတ်လား။

ဆွမ်းကပ်တဲ့နေ့ကျ မနက်ငါးနာရီလောက်ကတည်းက အိမ်ကနေကျောင်းကို ဆိုင်ကယ်နဲ့လာကြရတယ် လှူဖွယ်ဝတ္ထုအစုစုလည်း သယ်လာရတယ် အသိဆိုင်ကနေ အများကောင်းမှု့အဖြစ် သင်္ကန်းငါးစုံ​ဝယ်လာတယ် ကျန်တဲ့လူတွေကလည်း သူ့အစီအစဉ်နဲ့သူ ဝယ်ချင်သပဆိုလည်း ဝယ်ခဲ့လို​ပြောထားလို့ အလှူပစ္စည်းကတော့ အတော်လေးကိုစုံပါတယ် ရေစက်ချတော့ ပါချုပ်လုပ်တဲ့ ဆရာဦးစိုးမြင့်ကို အတင်းခေါ်နာခိုင်းရတယ် ဆရာကြီးလည်း တရားနာဆိုတော့ အားနာနာနဲ့လာပါတယ်။ ဆရာကြီးကလည်း အများကောင်းမှု့ပိုသိသာအောင်ဆိုပြီး ကပ့်မယ်သင်္ကန်းတွေကို ဘူးထဲကနေထုတ်ြဖန့်ပြီး ကျောင်းသားကျောင်းသူတိုင်းကို ကိုင်ခိုင်းပြီးရေစက်ချပါတယ် သူကတော့ စေတနာနဲ့ပေါ့လေ ဘုန်းဘုန်းတွေတော့ နည်းနည်းပြဿနာတက်သွားတယ် ဖြန့်လိုက်တော့ ဆိုင်ပြန်သွင်းရ နည်းနည်းခက်သကိုးဗျ။

တရားနာပြီးတော့ အများကောင်းမှု့ဆွမ်းကျန် ကွမ်းကျန်စားကြတာပေါ့ အစကတည်းက ပိုချက်ထားတာ တစ်တန်းလုံးစားတာတောင် ဟင်းတွေကပိုနေတယ်။ အချိုပွဲတွေလည်း ဌာနပေါင်းစုံလိုက်ဝေပါတယ်။ နောက်ဆုံးစာရင်းချုပ်တော့ ဇွန်း ၅ ချောင်းနဲ့ အချိုပန်းပန်ြပား ၁ ချပ်ပျောက်တယ် ပျောက်တာက ဆရာဦးစိုးမြင့်အခန်းမှာပါ အဲဒါသူ့အခန်းတာဝန်ကျတဲ့လူက အဲဒါသူတို့ဟာနဲ့ပေငြင်းနေလို့ ကျောင်းပစ္စည်းကျောင်းဆိုပြီး ပြန်မတောင်းတော့တာ ဒါပေမယ့်စီမံက အန်တီကြီးက ကိုယ့်တွေတိုင်း ဇွန်းအကြွေးတောင်းတယ် ဘယ်တော့မှလည်း မလျော်ပါဘူးလေ ဇွန်းအကြွေးကျန်လို့ အောင်စာရင်းမထွက်လို့မှ မရှိပဲဟာ။ ပြဿနာက ဘုန်းကြီးကျောင်းက စားပွဲနောက်နေ့မှပို့မယ်ဆိုပြီး ထားခဲ့တာ နောက်နေ့လာတော့ မရှိတော့ဘူး အစောင့်တွေကတော့ သူများသွားပို့တယ်ထင်တယ်လို့​ပြောတယ် ဒါပေမယ့် လိုရမယ်ရအနေနဲ့ နောက်နှစ်တော့ တောင်​ခြေကျောင်းက ဘုန်းကြီးပြောင်းပင့်မယ်လို့ သူငယ်ချင်းနှစ်ယောက်သား တိုင်ပင်ထားတယ်။

မဟာတန်းရောက်တော့ နောက်တစ်နှစ်လည်း ဆက်လုပ်ြဖစ်ပါသေးတယ် ကိုယ့်လူနဲ့ကိုယ် တက်ညီလက်ညီပါပဲ။ နောက်တော့ ကိုယ်မရှိတော့လည်း အစဉ်အလာတော့ ဖြစ်သွားတယ်​ပြောရမယ် ဝါဆိုမှာလည်းပုံမှန်လုပ်တယ် ကထိန်လည်းဖြစ်အောင် စီစဉ်ကြတယ်။ ကျောင်းရောက်ရင် ဝင်တာနဲ့ ကထိန်သင်္ကန်းအတွက် အလှူခံပုံးကလေးတစ်ခုတွေ့တယ် ဘာပဲဖြစ်ဖြစ်ဝမ်းသာမိပါတယ် ဖြစ်သလိုနဲ့စခဲ့တဲ့ ဝါဆိုသင်္ကန်းကနေ ပုံမှန်လုပ်ြဖစ်တယ် နောက်တော့ကထိန်အတွက်ပါ ကြိုးစားလုပ်ထားကြတယ်။ တစ်ချိန်ကတက်ညီ လက်ညီလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ကျောင်းပြီးတော့ တစ်ယောက်တစ်နယ်စီဖြစ်နဲ့ ပြန်မဆုံနိုင်ကြတော့ပါဘူး ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်တစ်ချိန်ကို ခဏလောက်ြဖစ်ြဖစ် ပြန်ရောက်ချင်ပါသေးတယ် တစ်ခါတုံးက ကွန်ပျူတာတက္ကသိုလ်ရယ်။

အညာအလွမ်း​ပြေ အိမ်တွင်းဖြစ်နွားနို့ခဲ
ငယ်တုံးကတော့ တောင်ကြီးမှာနေတယ် ဒါပေမယ့်အမေက အညာသူဆိုတော့ ဟင်းချက်ရင် အညာကပုံစံပဲ ချက်လေ့ရှိပါတယ်။ ကြက်သွန်ဆီသတ်ြပီး ခရမ်းချဉ်အနှစ်နဲ့ အများအားဖြင့်ချက်ပါတယ် အောက်ြပည်အောက်ရွာလို ကြက်သွန်နဲ့အနှစ်လုပ်တာ မဟုတ်ပါဘူး။ မန္တလေးပြန်လို့ အဖွားတို့က အညာအစားအတွေ ထည့်ပေးတတ်တယ် အဖွားလေးရဲ့ယောက်ျားက စစ်ကိုင်းဘက်က လက်ပံစင်မှာ အမျိုးတွေရှိတယ် သူတို့ကနေပြီး နွားနို့ခဲတွေ နွားနို့ချက်တွေ ယူလာပြီးလက်ဆောင် ပေးတတ်ပါတယ်။ အညာကအစားအသောက်ထဲမှာ ကျွန်တော်အကြိုက်ဆုံးက နွားနို့ခဲချက်ပါ။ ကျွန်တော်ကြိုက်မှန်းသိတော့ ကျွန်တော့်အတွက်ပဲ ချက်ပေးတာများပါတယ်။ တစ်ခါတစ်ယံ တောင်ကြီးဈေးထဲမှာ သာစည်ကလာရောင်းတဲ့ နွားနို့ခဲသည်တွေ့ရင် အမေကအမြဲဝယ်လာပေးပါတယ်။

အဖေနဲ့မုံရွာလိုက်သွားရင် ဒေါ်ကြီးကိုပူဆာပြီးတော့ နွားနို့ခဲလုပ်ပြီးချက်ခိုင်းတယ်။ ဒေါ်ကြီးကတော့ နွားနို့ခဲလုပ်တာ လုပ်နေကျဆိုတော့ ကျွမ်းကျင်ပါတယ်။ နွားနို့ကိုအိုးလေးထဲထည့်ပြီး ဆူအောင်တည်ပါတယ် နွားနို့ပူလာပြီဆိုရင် ခြံထဲမှာပေါက်နေတဲ့ မရိုးပင်ကကိုင်းလေး တစ်ကိုင်းနှစ်ကိုင်း သွားချိုးပြီးထွက်လာတဲ့ မရိုးစေးလေးတွေကို နွားနို့အိုးထဲ့ထည့်ပြီး မရိုးကိုင်​းလေးနဲ့ပဲ မွှေရင်းနဲ့ပဲနွားနို့ကခဲလာပါတယ်။ အဲဒါလေးကို အဝတ်ပါးထဲလောင်းထည့်ပြီး အရည်စစ်ထားပြီး ငရုတ်ဆုံနဲ့ဖိထားလိုက်တယ်။ အရည်စစ်သွားရင် ခဲနေတဲ့နွားနို့ခဲလေးကို ထန်းလက်လေးနဲ့ဖြစ်ဖြစ် ဆတ်သွားဖူးရွက်နဲ့ဖြစ်ဖြစ် ပတ်ပြီးတော့မီးကင်ပါတယ် ဒါမှနွားနို့ခဲလေး အပေါ်ယံလေးတင်းပြီး အညိုရောင်လေး ဖြစ်သွားတယ်။ နွားနို့ခဲလေးကို ခရမ်းချဉ်သီး အနှစ်လေးနဲ့ချက်ရင် ချဉ်ချဉ်ဆိမ့်ဆိမ့် နွားနို့နံ့သင်းသင်းလေးနဲ့ အင်မတန်ကြိုက်ပါတယ်။

အခုတော့ နွားနို့ခဲကိုမစားရတာ နှစ်အတော်ကိုကြာပါပြီ စမ်းလုပ်ကြည့်ချင်ပေမယ့် မရိုးပင်မတွေ့တော့ လုပ်မရဘူးဖြစ်နေတယ်။ တစ်ခါကတော့ ရုက္ခဗေဒဥယျာဉ်ထဲမှာ မရိုးပင်ကိုတွေ့မိတယ် ဒါပေမယ်ဝေးလွန်းတော့ သွားပြီးခိုးချင်ပေမယ့် မလွယ်ဘူးဖြစ်နေတယ်။ အိမ်ရှင်ထီးလက်ရာမှာ အစ်ကိုတစ်ယောက် လုပ်ထားတာမြင်လို့ မရိုးမရှိပဲဘယ်လိုခဲသလဲ မေးလိုက်မိတော့ သံပုရာရည် နည်းနည်းထည့်ရင်အတူတူပဲလို့ပြောတယ် ဒါနဲ့သံပုရာကို မရိုးအစားထည့်သုံးလိုက်တယ်။ ကျန်တာကတော့ ငယ်ကတည်းက ဒေါ်ကြီးလုပ်တာမြင်နေကျဆိုတော့ မခက်ခဲပါဘူးလေ။ အညာလိုတော့ ခြံကနွားနို့တော့မဝယ်နိုင်ဘူးပေါ့ Dutch Lady နှစ်ဘူးဝယ်ပြီး နွားနို့ခဲလိုက်ပါတယ်။ ချက်ချင်းလုပ်ပြီးချက်တော့ မီးကင်တော့ပါဘူး ဒီအတိုင်းလေးပဲချက်လိုက်တယ်။ မစားရတာကြာတော့ အတော်လေးစားကောင်းတယ် ဒါပေမယ့် ဒေါ်ကြီးလုပ်တဲ့ နွားနို့ခဲကိုတော့ ဘယ်လိုမှမမှီဘူး။

တစ်နေ့တာ တက္ကစီစကား လဝကစကား
မနက်အစောကို  ၆ နာရီခွဲမှာ အမြဲနှိုးစက်ပေးထားပါတယ် သို့ပေမယ့် နှိုးစက်ကိုတော့ ကြာတော့အားနာလာတယ် ဘယ်တော့မှ အသံမြည်လည်း နိုးတယ်မရှိပါဘူး။ အိပ်ယာကနိုးတော့ ၇ နာရီခွဲနေပါပြီ မိုးကလည်း သည်းသည်းမဲမဲ ရွာပါတယ် ဘာလို့များ မိုးသည်းသည်းမဲမဲရွာတာကို ခွေးနဲ့ကြောင်နဲ့ရွာတယ်လို့ ခေါ်သလဲမသိဘူးလို့ မဆီမဆိုင်စဉ်းစားမိသေးတယ်။ ဝိရိယလွန်တော့ ကျွန်ြဖစ်တယ်ဆိုလား အဲလိုအဖြစ်မခံချင်လို့ ဝိရိယမထားလိုက်ပုံက လဝကကိုပေးရမယ့် စာရွက်များက တစ်ခုမှမိတ္တူမကူးရသေးပါ။ မိတ္တူကူးစက် အနီးဆုံးရှိတဲ့ Lab ထဲကိုပဲသွားရပါတယ်။ ဒီနိုင်ငံမှာ ဘာဖြစ်လို့များ ဗမာပြည်မှာလို မိတ္တူဆိုင်မရှိလဲမသိ။

ကျောင်းကနေ ထွက်လာတော့ မိတ္တူကူးပြီးတော့ ၁၀ နာရီခွဲနေပါပြီ သူများတွေ လဝကသွားရင် လူစောင့်ရမှာစိုးလို့ ရုံးဖွင့်ချိန်အမှီ ၉ နာရီလောက်သွားတယ် ကိုယ်ကတော့ ဝေ့နေတာနဲ့ ၁၀ နာရီခွဲတောင် လမ်းပေါ်မရောက်သေးပါဘူး။ မိုးကလည်း ပိုသည်းတယ် ဒါနဲ့ တက္ကစီနဲ့လစ်ရပါတယ်။ ကျောင်းကလည်း အိုလံပစ်ပြိုင်ပွဲရှိတော့ လုံခြုံရေးအတွက် အဆောင်တွေဘေးကနေ ဗမာပြည်အားကျလို့ထင်ပါတယ် သံဇကာနဲ့ခတ်ပြီး ကင်မရာများတပ်ထားပါတယ် လမ်းကူးချင်ရင် အရင်လို​ပြေးလို့လွှားလို့ အဆင်မ​ပြေဘူး။

ကားသမားကလည်း စကားကများပါတယ် ဒါတွေကဘာလုပ်သလဲတဲ့ ​ပြောလိုက်ပါတယ် ဒါက ထောင်အသစ်ဆောက်မှာလို့။ ဒါလည်းမလုံပါဘူးဗျာ သံဇကာပဲကျော်ချလို့ရနေတာပဲလို့ ​ပြောလိုက်မိကာရှိတယ် ကားသမားက ဟုတ်တယ်အဆောင်တွေလည်း ပစ္စည်းပျောက်တယ်တဲ့ အဝတ်တွေလှန်းထားတာ ပျောက်သွားတယ် ပင်တီတွေလှန်းထားတာ ပျောက်သွားတယ်တဲ့။ အဲဒါနဲ့​ကျောင်းသူ​တွေ အတန်းရှိလို့ သွားမဝယ်နိုင်သေးလို့ ပင်တီမပါပဲ အတန်းလာတက်ရတယ်ဆိုပဲ။ နေပါဦးခင်ဗျားက ဘယ်လိုလုပ် သူတို့ ပင်တီမပါပဲ အတန်းတက်တာ သိသလဲဆိုတော့ အဲဒါငါ့သမီးပျောက်သွားတာ ဆိုတော့ဘာမှ ဆက်မ​ငြင်းတော့ပါဘူး။

အဟောင်းကကောင်းပြီး အသစ်ကမကောင်းဘူးတဲ့ ကိုယ်မိန်းမကမှ ငွေရှာပေးနိုင်သည်ြဖစ်စေ မရှာနိုင်သည်ြဖစ်စေ မျက်နှာမပျက်ပဲ ကိုယ့်အတွက် လုပ်စရာရှိတာ လုပ်ကိုင်ပေးပါတယ်ဆိုပဲ။ ရည်းစားကတော့ အဲလိုမဟုတ်ဘူး ကိုယ်ကကရုစိုက်နိုင်ချိန်ပဲ ကြည်ဖြူပြီးတော့ ကျန်တဲ့အချိန်ငြူစူတယ်တဲ့။ အဲဒါကြောင့် မိန်းမဆီက ကောင်းတဲ့အကျင့်တွေကို လေ့လာပြီးတော့ ရည်းစားကို သင်ပေးသင့်တယ်ဆိုတော့ ကိုယ်လည်းနည်းနည်း နားရှုပ်သွားတယ်။ နေပါဦး မိန်းမရှိမှတော့ ရည်းစားဘယ်လိုရှိမလဲဆိုတော့ မဟုတ်ဘူးတဲ့ ငါတို့နိုင်ငံက မိန်းမနှစ်ယောက် တစ်ပြိုင်တည်းယူလို့မရဘူးတဲ့ အဲဒါကြောင့်ငါ့မှာ မိန်းမကတစ်ယောက်ပဲ ရှိတယ်တဲ့ ကျန်တာက ရည်းစားဆိုတော့ ကိုယ်လည်း အတော်သနားသွားမိတယ်။ ဗမာပြည်တော့ ဦးနေဝင်းကို ကျေးဇူးတင်သင့်တယ် တရားဝင်က ယူချင်သလောက် ယူလို့ရတယ် တရားဝင်တယ်။

ကားသမားရဲ့စကားကို တစ်လမ်းလုံးသည်းခံ လာလိုက်ရတာ လဝကရုံးရောက်မှပဲ ဒုက္ခကလွတ်ပါတယ်။ ကံကောင်းတယ်ပဲ ​ပြောရမလားမသိပါဘူး လူမရှုပ်ပါဘူး ထုံးစံအတိုင်း တန်းစီရတာတောင် ကိုယ့်ရှေ့မှာတစ်ယောက်ပဲရှိပါတယ် စာရွက်တွေကို​စစ်တဲ့ ကောင်တာကအဘွားကြီးက စစ်ပါတယ် ဖတ်လည်း မဖတ်တတ်ပဲနဲ့ ဗမာလိုရေးထားတဲ့ အိမ်ထောင်စုစာရင်းကိုလည်း မိတ္တူတောင်းပါတယ် မူရင်းကိုကြည့်ချင်တယ် လုပ်နေလို့ ရွေးကောက်ပွဲကို ခုတုံးလုပ်လိုက်ပါတယ် လူစာရင်းကောက်နေတယ် အဲဒါယူလို့မရဘူးလို့ ​ပြောမှရပ်သွားပါတယ်။

သူများကိုရစ်ခဲ့လို့ ဘယ်နေရာရောက်ရောက် ရစ်ခံရတာလည်းထုံးစံပါ တံဆိပ်တုံးထုပြီးတာတောင် အရာရှိအန်တီကြီးက လာပါဦးဆိုလို့သွားရပါတယ်။ ဘာဖြစ်သလဲဆိုတော့ ကျန်တာအကုန်အဆင်​ပြေတယ်တဲ့ အလုပ်လုပ်တဲ့ကုမ္ပဏီက နှိပ်ပေးလိုက်တဲ့ တံဆိပ်တုံးက အသေးလေးဖြစ်နေတယ်ဆိုပဲ။ အဲဒါကဘာဖြစ်သလဲဆိုတော့ ကုမ္ပဏီအသေးလည်းမဟုတ်ဘူးတဲ့ ဒီလိုတံဆိပ်တုံးအသေးလေး မဖြစ်သင့်ဘူးဆိုပဲ အတော်လေးစဉ်းစားရကြပ်တယ် ဘယ်လိုမှရှင်းလို့မရပါဘူး ဒါနဲ့ပဲ ကုမ္ပဏီကိုပြန်သွား မတူတဲ့တံဆိပ်တုံးထပ်ရှာပြီး ထုလာခဲ့ရပါတယ် အဲဒါမြင်တော့မှ ဒီဟာမျိုး​ပြောတာတဲ့ တစ်ကယ်က ဘာမှလည်းမထူးပါဘူး နောက်တစ်ခုက အောက်မှာ စာကြောင်းတစ်ကြောင်းပဲ အပိုပါတာပါ။ နောက်ဆိုရင် ကုမ္ပဏီအရွယ်အစားအပေါ် မူတည်ပြီးတော့ တံဆိပ်တုံးကို လက်မအရွယ်ကနေ လက်တစ်ဝါးအရွယ်အထိ လုပ်ထားသင့်တယ်။

ငယ်ဘဝအမှတ်တရများ (၁)
ငယ်ငယ်ကနေရာ ဗမာပြည်အနှံ့နေခဲ့ဖူးတယ် သူငယ်တန်းမတိုင်ခင်အထိက မကွေးတိုင်းထဲမှာ လှည့်နေတယ် ငယ်လွန်းတော့ မမှတ်မိနိုင်တော့ဘူး။ ငယ်ကတည်းက ကံပါလာတာက လူကြီးတွေနဲ့နေရဖို့ ကံပါလာတယ်လို့ဆိုရမယ် အဖေ့ရဲ့သူငယ်ချင်း အတော်များများက အဖေ့ထက်အိမ်ထောင်ကျ နောက်ကျတာများတော့ ကျွန်တော်မွေးချိန်မှာ ကလေးဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်။ အဲဒီတော့ အဖေ့ရဲ့သူငယ်ချင်း လူပျိုကြီးများနဲ့ ကလေးမရှိသေးတဲ့ လင်မယားစုံတွဲများက ကျွန်တော့်ကိုထိမ်းကြပါတယ်။ အဖေ့သူငယ်ချင်းတွေ ဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ ဦးလေးအဒေါ်အရင်းတွေလိုပါပဲ။ ဒီလိုနဲ့ပဲငယ်ကတည်းက လူကြီးတွေနဲ့နေရမယ် ကံပါလာပုံရပါတယ်။

နည်းနည်းသိတတ်တဲ့ အရွယ်ကိုရောက်တော့ ပထမဆုံးမှတ်မိတာက ရပ်စောက်မှာနေတယ် သူငယ်တန်းစာမေးပွဲ ပြီးသွားလို့ ကျောင်းပိတ်ရက်မှာ အဖေကသူနဲ့ခေါ်ထားတာပါ။ ထုံးစံအတိုင်း တစ်အိမ်ထဲမှာနေကြရတာက လူပျိုကြီးသုံးယောက်နဲ့ပါ သူတို့သုံယောက်ဟာ နောက်နှစ်တော်တော်ကြာတဲ့အထိ ကျွန်တော့်ဒဏ်ကို အတော်လေးခံကြရပါတယ်။ မနက်မိုးလင်းတာနဲ့ ပူဆာတဲ့ဇာတ်လမ်းစပါတယ် လူပျိုကြီးသုံးယောက် မိုးလင်းတာနဲ့ကျွန်တော့်ကို မုန့်လိုက်ကျွေးတဲ့တာဝန်ယူရပါတယ်။ မနက်မိုးလင်း လက်ဘက်ရည်ဆိုင်သွားရင် လူပျိုကြီးသုံးယောက်ရယ် ကျွန်တော့်အဖေရယ် နောက်ပြီးတော့ ကလေးရောခွေးရောလို့ ​ပြောလို့ရပါတယ်။

အဖေ့သူငယ်ချင်း မွေးထားတဲ့ အယ်ဇေးရှင်းကြီး အမြဲပါပါတယ် ခွေးကြီးကအကြီးကြီးပါ နာမည်ကတိုက်ဂါးလို့ပေးထားတယ်။ ဒီကောင်ကြီးက ကျွန်တော့်ရဲ့စီးတော်ခွေးလို့ ​ပြောလို့ရပါတယ် ကျွန်တော်တက်စီးလို့ရတယ်။ တိုက်ဂါးကြီးဟာ အတော်ကိုလိမ္မာပါတယ် သူ့သခင်အိမ်ကိုလာတဲ့ ဧည့်သည်ကို အိမ်ပေါက်ဝကနေ ခေါင်းထောင်ကြည့်ပါတယ် သားသားနားနားသာ ဝတ်လာခဲ့ပါသူက အိပ်ရေးပျက်ခံပြီးတောင် ထပြီးမဟောင်ပါဘူး။ စုတ်စုတ်ြပတ်ပြတ်ဝတ်လာရင်တော့ ဘယ်သူတွေဘာတွေ သူနားမလည်ပါဘူး အသေကိုက်ပါတယ်။ အဲဒီ့တုံးက မဆလမပြုတ်သေးပါဘူး မြို့နယ်ကောင်စီ ဥက္ကဌကအိမ်ကို အမြဲလာတတ်ပါတယ် လာရင်တော့ရုံးကလာတော့ တိုက်ပုံနဲ့ဘာနဲ့အမြဲလာပါတယ် တစ်ညနေတော့ ဥက္ကဌကြီး စွတ်ကျယ်အစုတ်နဲ့လာတာ တိုက်ဂါးကိုက်လွှတ်လိုက်လို့ ဆေးခန်းပို့ရဖူးပါတယ်။

မနက်မိုးလင်းတာနဲ့ တိုက်ဂါးကကျွန်တော့် အိမ်ပေါက်ကိုရောက်နေပါပြီ လက်ဘက်ရည်ဆိုင် မလိုက်ရမချင်းသူမပြန်ဘူး လက်ဘက်ရည်ဆိုင် မသွားတဲ့နေ့ဆိုရင် အနည်းဆုံးတော့အိမ်မှာ ဖျော်တဲ့ကော်ဖီတိုက်မှ တိုက်ဂါးကသူ့အိမ်ကိုပြန်ပါတယ်။ လက်ဘက်ရည်ဆိုင်ရောက်ရင် တိုက်ဂါးကိုလည်း လက်ဘက်ရည်တစ်ခွက် တိုက်ရပါတယ် မုန့်ကျွေးရင်ဒီကောင်ကမစားဘူး။ သူ့အကျင့်က မုန့်ဆိုတစ်ြခားလူတွေ ကျွေးမှစားပါတယ် လက်ဘက်ရည် သောက်ြပီးတာနဲ့ တစ်ြခားဝိုင်းမှာသူက မုန့်လိုက်တောင်းပါတယ်။ ရပ်စောက်ဆိုတာက ကျဉ်းကျဉ်းလေးဆိုတော့ တိုက်ဂါးကြီးအကြောင်း လူတိုင်းကသိတော့ မုန့်ကျွေးကြပါတယ်။ တိုက်ဂါးမုန့်တောင်းတာက စားနေတဲ့လူတွေရဲ့ ပေါင်ကိုလက်နဲ့ပုတ်ြပီး တောင်းတတ်တယ်။

ရပ်စောက်ဆိုတော့ မြို့တစ်ဘက်အထွက်မှာ စစ်သင်တန်းကျောင်းကလည်းရှိတယ် တစ်ခါတစ်လေ အဲ့ဒီ့ကိုလာတဲ့ ဧည့်သည်တွေလည်း လက်ဘက်ရည်ဆိုင်ကို လာတတ်ပါတယ်။ တစ်ခါကလည်း လက်ဘက်ရည်ဆိုင်မှာ ဧည့်သည်မိသားစု တစ်စုထိုင်နေတာကို တိုက်ဂါးက မုန့်သွားတောင်းပါတယ်။ သူကတော့သူ့အကျင့်အတိုင်း ထိုင်နေတဲ့မိသားစုထဲက ကောင်မလေးရဲ့​ပေါင်ပေါ် လက်နဲ့သွားပုတ်တော့ ဟိုကလှည့်ကြည့်တယ် ခွေးအကြီးကြီးဆိုတော့​ကြောက်ြပီး ထ​ပြေးလိုက်တာ စားပွဲလည်းမှောက်ပြီးတော့ လက်ဘက်ရည်တွေ မုန့်တွေအကုန်မှောက်ပါတယ်။

ဒီအချိန်ကျတော့ ဦးဦးလူပျိုကြီးသုံးယောက်က အားကိုးရပါတယ် ညီမလေးဘာဖြစ်သွားသလဲ ဒီကောင်ကြီးကဒီလိုပဲ စသည်ဖြင့်ပေါ့လေ။ တိုက်ဂါးကလည်း သိတတ်ပါတယ်  ဦးဦးလူပျိုကြီးသုံးယောက် သူ့ကိုဆူနေရင် ငုတ်တုတ်လေးနဲ့ မျက်နှာငယ်လေးနဲ့ ထိုင်နေတတ်ပါတယ်။ တစ်ကယ်က မုန့်သွားတောင်းတာ အစောကတည်းက သူတို့ကမြင်ပါတယ် တမင်သက်သက် မတားတာပါ။ ဒီလိုအကြောင်းတွေကြောင့် တိုက်ဂါးကို မနက်တိုင်း လက်ဘက်ရည်တိုက်ရလည်း ဦးဦးသုံးယောက် မနှမျောပါဘူး တိုက်ဂါးမလာရင်တောင် သွားခေါ်ကြပါတယ်။ အတော်လူလည်ကျတဲ့ ကျွန်တော့်ရဲ့ ဦးဦးလူပျိုကြီးသုံးယောက်ပါ။

သင်္ချာတော်တဲ့ကလေး
တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။

ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။

ကျောင်းသား။ ။ ၇ ပါခင်ဗျ။

ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။

ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။

ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။

ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။

ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။

ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။

ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။

XeLaTeX, Myanmar 3 and Linux
မနေ့ကစမ်းကြည့်တော့ Myanmar 3 က XeLaTeX မှာအလုပ်မလုပ်ပါဘူး စမ်းကြည့်တာက MikTeX နဲ့ Windows မှာစမ်းတာပါ။ သိပ်မကျေနပ်လို့ Linux မှာစမ်းကြည့်ပါတယ်။ MikTeX က Windows မှာပဲအဆင်ပြေတော့ TeXLive နဲ့စမ်းကြည့်ပါတယ်။ XeLaTeX သုံးချင်ရင် TeXLive က Full Install လုပ်မှအဆင်ပြေပါတယ် Size ကလည်းမသေးပါဘူး 1.8 GB လောက်ရှိပါတယ်။ စိတ်ရှည်လက်ရှည် စောင့်လိုက်ရပါတယ်။ Windows မှာက Compile လုပ်ရတာ အတော်ကြာပါတယ် Linux မှာတော့အတော်လေးမြန်ပါတယ်။ တစ်ခုထူးခြားတာက Windows မှာအလုပ်မလုပ်တဲ့ Myanmar 3 ကအလုပ်လုပ်ပါတယ်ဒါပေမယ့် ရှမ်းစာကတော့အလုပ် မလုပ်ပါဘူး။ ဖြစ်နိုင်တာက Font ပြဿနာမဟုတ်ပဲMikTeX ပြဿနာဖြစ်ပုံရပါတယ်။ Linux မှာက TeXWorks မှာ ဗမာစာကောင်းကောင်း အလုပ်လုပ်ရပါတယ် Windows မှာတော့ TeXWorks မှာ ဗမာလိုရိုက်လို့အဆင် မပြေပါဘူး။