My Burmese BlogMy Burmese Blog

Vision And Composition
အရင်ကတည်းက visual arts တွေ ကြိုက်တယ် ဂရပ်ဖစ်ဒီဇိုင်း လဲ နှစ်သက်တယ်၊ အလုပ်လုပ်တယ် နောက် ဓာတ်ပုံပါရိုက်ဖြစ်ပေမယ့် visual arts တွေ ဖြစ်တာနဲ့ အညီအခြေခံတွေက တူပါတယ်။ အရင်ကလဲ အားတိုင်းစဉ်းစားရင်း ပေါက်ကရအတွေး အခေါ်တွေ ရေးပြီး အခုလဲ စိတ်ထင်ရာရေးတာမို့ အမြင်မတူရင်လဲ အားနာစရာမရှိပဲ လွပ်လွပ် လပ်လပ် ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ…

စဉ်းစားမိသလောက်ပေါ့ visual arts မှာ အကန့်အသတ် limit ရှိတယ်လို့ ထင်ပါတယ် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ဆိုင်ရာမဟုတ်ပါဘူး မီဒီယမ် အကန့်အသတ်ပါ။ ပန်းချီပဲဖြစ်စေ၊ ဂရပ်ဖစ်ပဲဖြစ်စေ၊ ဓာတ်ပုံပဲဖြစ်စေ၊ ဗီဒီယိုဂရပ်ဖီပဲဖြစ်စေပေါ့။ လေးထောင့် အကန့်အသတ်လား၊ wide 16:9 အချိုးနဲ့ လားစသဖြင့်ပေါ့ ရှိတယ်။ စဉ်းစားမိသလောက် visual မှာ လုပ်မယ်ဆို visual performance art သာလျှင် အကန့်အသတ် ဘောင် မရှိသလို viewer က ကြိုက်တဲ့နေရာက ကြည့်လို့ ရတယ်လို့ထင်ပါတယ်။ ကျန်တာတွေမှာ viewer က ကြိုက်တဲ့နေရာက ကြည့်လို့ မရဘူး နောက် မီဒီယမ် မှာ အကန့်အသတ် ဘောင်ရှိတယ်။ ဆိုတော့ အနုပညာရှင်က ဘာပြချင်သလဲပေါ်မူတည်ပြီး ဘောင်ထဲမှာ ထည့်ပြရတော့တယ်။

အဲဒီ အခါမှာ viewer နဲ့ ချိတ်ဆက် engage ဖြစ်နိုင်ဖို့ composition ဆိုတဲ့ နေရာအထားအသိုက အရေးပါလာတယ်လို့ ထင်ပါတယ်။ ပုံကြီးအကြီးကြီးထုတ်ထားပြီးပြရင် composition ဘာလိုမှာလဲ မေးစရာရှိပေမယ့် တကယ်တမ်း နံရံအပြည့် ဘုတ်ထောင်ထားရင်တောင် viewer ရဲ့ မျက်လုံးမြင်ရတဲ့ ပမာဏဟာ တစ်ခုလုံးကို ခြုံပြီး ကြာကြာကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ နောက် လူ့စိတ်၊ မျက်လုံးဟာ တစ်ကြိမ်မှာ တစ်နေရာသာ ရောက်တာမို့ ဘယ်လောက်ကြီးကြီး လုပ်ထားထား composition ဟာ အရေးပါနေမှာပါပဲ။

ပုံမှန်တော့ composition အတွက် rule of third တွေ golden ratio တွေ ရှိပေမယ့် လိုက်နာရင် အနုပညာ ပုံဖော်ချက်ကောင်း တစ်ခုဖြစ်နိုင်သလို ပိုင်နိုင်နေလို့ rules တွေ ချို့းဖောက်မယ် ဆိုရင်လဲ perfect ဖြစ်နေမှာပါပဲ။ ဒါက ပြချင်တဲ့ subject ပေါ်မူတည်မယ်ထင်ပါတယ်။ 3rd rules လိုက်နာထားရင် မျက်လုံးက rules of third ဆုံမှတ်တွေကို ကြည့်မှာ ဖြစ်ပေမယ့် ပုံမှာ မျဉ်းစောင်းတွေ line တွေ သိသာထင်ရှားတဲ့ element ပါရင်လဲ rules of third ကို အလွယ် တကူချိုးဖောက်လို့ ရတာပါပဲ။ ဒါမှမဟုတ် အရောင်ပါရင် ပိုလင်းတဲ့ vibrant အရောင်တွေသုံးပြီး viewer eyes ကို first sight မှာ rules of third ကို သူမကြည့်နိုင်ခင်မှာ ဆွဲခေါ်လို့ ရမယ်လို့ ထင်မိပါတယ်။

နောက် အရှင်းဆုံးပုံစံ minimalism တွေမှာ rules of third လိုက်နာရင်လှသလို မလိုက်နာပဲ ပုံပေါ်မူတည်တဲ့ ပုံစံချရင်လဲ လှမယ်လို့ ထင်ပါတယ်။ Rules ဆိုတာတွေက common ဖြစ်တဲ့ နားလည်မှု့ ဒါမှမဟုတ် သုတေသနပြုလေ့လာထားတဲ့ အချက်အလက်တွေ ဖြစ်နိုင်ပါတယ် ဒါပေမယ့် viewer နဲ့ artist ၂ ဦး ကြားထဲမှာ နားလည်မှု့ တည်ဆောက်ထားနိုင်မယ်ဆိုရင် rules တွေ မလိုက်နာလဲ ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

နောက်တစ်ခုက limit ဘောင်တွေရှိလာတဲ့ အခါ ကိုယ့်ရဲ့ artwork ကို ဘယ်လိုထားမလဲဆိုတာ အရေးပါလာတယ်လို့ ထင်ပါတယ်။ ပုံမှန်တော့ လူတွေက တစ်ခန်းလုံး လင်းနေတဲ့အထဲက လင်းနေအောင် lighting ပေးထားတဲ့ artwork ထက်၊ ခပ်မှိန်မှိန် အခန်းထဲက အလင်းနဲနဲပဲပေးထားတဲ့ artwork တွေကို ပိုစိတ်ဝင်စားမယ်လို့ ထင်တယ်။ နောက် average viewers တွေရဲ့ eye level က အရေးပါလိမ့်မယ်။ လူတွေက တော်ရုံပျင်းပါတယ် eye level မဟုတ်တဲ့ နေရာက artwork ကို မျက်လုံးအပေါ်ကို နဲနဲပင့်ကြည့်လို့ အဆင်ပြေရင် ခေါင်းမလှုပ်ပဲ မျက်လုံးကစားပြီး ကြည့်မှာ ဖြစ်ပြီး ခေါင်းပါ တကယ်လိုအပ်လို့ မေါ့ရမယ်ဆိုမှ စမော့ပါလိမ့်မယ်။

သေချာတာက Eye level မှာထားတဲ့ artwork တွေကသာ လူပိုအကြည့်များပါလိမ့်မယ်။ နောက်တစ်ခုက viewer နဲ့ engage ဖြစ်ချင်ရင် artwork ရဲ့ အရွယ်အစားလိုက်ပြီး viewer အတွက် နောက်ဆုတ်ဖို့ နေရာလဲ လိုအပ်ပါတယ်။ အခန်းကျဉ်းထဲမှာ billboard လောက် သွားထားရင်တော့ အခန်းအပြင်က ထွက်ကြည့်မှ ပေးချင်တဲ့ ရသကို ပေးလို့ ရပါလိမ့်မယ်။ နောက် မလိုအပ်ပဲ artwork တွေကို အကြီးကြီးလုပ်ချင်တဲ့ artist တွေလဲ သိထားသင့်ပါတယ် သေးတိုင်း မကောင်းတာမဟုတ်သလို ကြီးတိုင်းကောင်းတာလဲ မဟုတ်ပါဘူး။

တစ်ခါက ဆုံခဲ့ဖူးတဲ့ ဓာတ်ပုံဆရာ Philip Blenkinsop ပြောသလိုပါပဲ artwork ကို မလိုအပ်ပဲ အကြီးကြီးတွေ မလုပ်သင့်ဘူးဆိုတာပါ။ သူပြောတာက သူ့ ဓာတ်ပုံတွေကို ပြခန်းမှာ ပြတဲ့အခါ အချို့ ပုံတွေကို သေးသေးလေးပဲ print လုပ်ထားပါတယ်တဲ့။ အထူးသဖြင့် သူရိုက်ထားတဲ့ စစ်ပွဲတွေရဲ့ ရက်စက်မှု့လိုပုံမျိုးတွေပေါ့ လုပ်ထားပါတယ်တဲ့။ အထူးသဖြင့် သူရိုက်ထားတဲ့ စစ်ပွဲတွေရဲ့ ရက်စက်မှု့လိုပုံမျိုးတွေပေါ့။ ပုံသေးသေးထားထားတော့ viewer က တစ်ယောက်သာ ကြည့်လို့ရပြီး ပုံထဲမှာ အာရုံနှစ်ပြီးဝင်သွားသလို ဘေးနားမှာ လူတွေအုံပြီး ကြည့်လို့မရတဲ့အခါ တစ်ယောက်ထဲနဲ့ ပုံထဲက ကြောက်စရာကောင်းတဲ့ ရသကို သူ့ကို ကူးပေးနိုင်မယ် လိို့ဆိုပါတယ်။

Composition အရေးပါလာတဲ့ အခါ အခြား ပန်းချီလိုမျိုးမှာ မရှိပေမယ့် ဖိုတိုဂရပ်ဖီမှာက အချိုးအစားမကျတဲ့အခါ cropping ဖြတ်ဖို့ လိုတာတွေ ရှိပါတယ်။ ဖြတ်စရာမလိုပဲ ကိုယ်သုံးတဲ့ လန်းစ်ရဲ့ မြင်ကွင်းနဲ့ အချိုးကျအောင် ရိုက်ထားနိုင်ရင်ပိုကောင်းပြီး အချိန်ရယ် အခွင့်အရေးမရလို့ အချိုးအစား ကျအောင် ပြန်ဖြတ်ဖို့လိုတာတွေ ရှိပါတယ်။ ဖလင်ခေတ်တုန်းကတော့ cropping ဖြတ်ဖို့ cutter အလုပ်တွေ အများကြီးရှုပ်ပေမယ့် ဒီဂျစ်တယ်မှာတော့ cropping က mouse drag ဆွဲပြီး လိုချင်တဲ့ အချိုးအစား ဖြတ်ရုံပါပဲ။ Grid display ဖွင့်ထားရင်တော့ rules of third တောင် အလွယ်တကူ ဖြတ်လို့ ရပါသေးတယ်။ တစ်ခုတော့ ရှိတယ် megapixel နဲတဲ့ ကင်မရာတွေမှာ cropping များများ လှီးထုတ်ရင်တော့ နဲနဲသတိထားသင့်တာပါပဲ။

Composition မှာ balance ညီအောင် လုပ်ဖို့ကလဲ အရေးပါသလို balance မညီတာကလဲ art ဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။ နောက် ကြည့်စရာ subject, elements တွေက သိပ်ကောင်းနေရင် basic rules တွေ မလိုအပ်ပါဘူး။ composition rules ဆိုတာက စိတ်ထဲစဉ်းစားမိသလောက် ပြောရရင် တစ်စက္ကန့်မှာ အကြိမ်များများ အလုပ်လုပ်ပြီး တစ်ချိန်ကို တစ်ခုပဲ အာရုံစိုက်နိုင်တဲ့ မျက်လုံးကို ဒီနေရာလေး အရင်ကြည့်ပါ နောက် ဒီနေရာ၊ နောက်တစ်ခုက ဒီနေရာ ကြည့်ပါစသဖြင့် point လေးတွေ ပေးသလိုပဲလို့ ထင်မိပါတယ်။ အဓိကက viewer က artwork ကို ကြည့်နေရင် lost ဖြစ်ပြီး ဘာကြည့်ရမလဲစိတ်ထဲဖြစ်ပြီး artwork ကို အာရုံမစိုက်လိုက်နိုင်မှာ စိုးလို့ လုပ်ထားပုံရပါတယ်။ ဆိုတော့ viewer နဲ့ artist ကြားမှာ နားလည်မှု့ တည်ဆောက်ထားနိုင်မယ်ဆိုရင် rules တွေ မလိုက်နာတာကလဲ composition မှန်တယ်လို့ ပြောလို့ရပြီး ခံစားသူနဲ့ အနုပညာ artwork ထိပ်တိုက်တွေ့လို့ရအောင် လုပ်နိုင်မယ်လို့ ထိမိပါတယ်။

Thingyan 2013
ဒီနှစ် သင်္ကြန်က အခြားနှစ်တွေနဲ့ မတူပဲ ကျွန်တော့် အတွက်တော့ ပျင်းစရာကောင်းပါတယ်။ ဘာလို့လဲတော့ မသိပါ သင်္ကြန်မတိုင်ခင် ရက်တွေကတည်းက အပျင်းရောဂါစွဲကပ်နေတာရယ် နေပူတာကြောင့်လဲ ပါမယ်ထင်ပါတယ်။ အစက ဒီနှစ်သင်္ကြန်တော့ ကားတွေပိတ်ပြီးကျပ်မယ်ပေါ့ နောက် ကားတွေများတော့ အနည်းဆုံးတော့ ပွတ်မိခိုက်မိတာတွေ ရှိမယ်တွေးထားတာပါ။ အကြိုနေ့မှာ မနက်အစောနိုးပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ အပြင်ကို မနက် ၈ နာရီလောက်မှ ထွက်ဖြစ်ပြီး ရန်ကုန် မြို့တော်ခန်းမ ဖွင့်ပွဲလဲမသွားဖြစ်လိုက်ပါဘူး။ ဗိုလ်အောင်ကျော်လမ်းမှာ ကိုမျက်လုံး နဲ့ မနက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လမ်းတစ်ဖက်က မင်းသား ဝေဋုကျော် လုပ်နေကြ မဏ္ဏပ်မှာ မုန့်လုံးရေပေါ်လုံးတာကို စိတ်မပါ့တပါ နဲ့ ရိုက်ဖြစ်ပါတယ်။

အမှန်တော့ ရိုက်ချင်စိတ်မရှိတဲ့အပြင် အရင်နှစ်သင်္ကြန်တုန်းက မိန်းမတွေ မဏ္ဏပ်ပေါ်မှာ ဒွန့်နေတဲ့ပုံတွေ အပြွတ်လိုက်တက်ထားတော့ ကိုယ်တွေမရိုက်ပေမယ့် ဒီနှစ် ကွိုင်ရှာခံရ၊ ညှိမှာစိုးတယ်။ နောက် ကင်မရာလဲရေစိုမှာပျက်မှာ စိုးတယ်။ ဒါပေမယ့် မနက်တော့ မြို့တော်ခန်းမတော့ ရောက်အောင်သွားမှ ဆိုပြီး ၉ နာရီလောက်မှာ ရောက်သွားသေးတယ်။ ဖွင့်ပွဲပြီးသွားပြီ ဒါနဲ့ရှေ့နားမှာ ရေပက်တာရိုက် မလားကြည့်တယ် လမ်းက ကားပေးမဝင်သေးတော့ လမ်းမပေါ်ရေဖြန်းနေသလိုပဲဆိုတော့ ဘာမှမရိုက်ခဲ့ဘူးပြန်လာတယ်။ နောက်တော့ ကိုပြည့်ဖြိုး နဲ့ US က သူငယ်ချင်းမ ရောက်လာတော့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သုဝဏ္ဏ အားကစားကွင်းက ရခိုင်သင်္ကြန်ကို ချီတက်ကြပါတယ်။

ဟိုရောက်တော့ လွန်ခဲ့တဲ့ရက်က နံသာသွေးပဲွက နံသာတွေ ရွှေတိဂုံဘုရား အရှေ့ဘက်မှာ ဘုရားလှူနေတယ်ဆိုတော့ ဖွင့်ပွဲမစရသေးလို့ ရေမပက်ကြဘူး။ နေ့လည် ၂ နာရီမှ စမယ်လို့ပြောပါတယ်။ ဒါနဲ့ ဘယ်သွားမလဲ စဉ်းစားရင်း ကန်တော်ကြီးဘက်ရောက်ပါတယ်။ အဲဒီမှာလဲ ကားနဲနဲပဲရှိပြီး မဏ္ဏပ်တွေမှာလဲ လူနည်းပါသေးတယ်။ ရှိသလောက် ပတ်ရိုက်ရင်းနဲ့ ကန်ပတ်လမ်းနဲ့ သိမ်ဖြူထောင့်မှာ ကို TZA နဲ့တွေ့ပါတယ်။ ကျွန်တော့်ကို မဏ္ဏပ်ပေါ်လာဖို့ ခေါ်ပြီး တက်လို့ရအောင် လက်ပတ် ၂ ခုပေးပါတယ်။ ဒါပေမယ့် တစ်ချက်ကြည့်လိုက်တော့ မဏ္ဏပ်ပေါ်မှာ ဘဲတွေပဲများနေတာ တွေ့လို့ မတက်ခဲ့တော့ပဲ နောက်နေ့မှ လာကဲမယ်ဆိုပြီး နှုတ်ဆက်ပြန်ခဲ့ပါတယ် =D နောက်တော့ အားလုံး အိမ်​ြ့ပန်ခဏနားပြီး ညနေမှ ထွက်မယ်ဆိုပြီး ပြန်အိပ်လိုက်တာ ညနေမှောင်မှ ပြန်ထွက်ဖြစ်ပါတော့တယ်။

နောက်ရက်တွေမှာတော့ မနက် လက်ဖက်ရည်ဆိုင်ထိုင်ကြပြီး နေ့လည် အိမ်ပြန်အိပ်ကြပါတယ်။ ညနေလဲ အရင်အတိုင်းအိပ်ရာထနောက်ကျနဲ့ ၅ နာရီလောက်မှ လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ နောက်ရက်လဲ အရင်အတိုင်းပါပဲ။ တစ်ရက်တော့ မနက်ပိုင်း ပြည်လမ်းဘက်သွားပြီး သူငယ်ချင်းတွေ မဏ္ဏပ်မှာ သွားတွေ့ဖြစ်ပါသေးတယ်။ နောက်ဆုံးရက်မှာတော့ လူပြန်ဆုံပြီး နေ့လည်ပိုင်းလောက်ကို ကန်တော်ကြီးထဲ နဲ့ ကန်ပတ်လမ်းတစ်လျှောက် ပတ်ကြည့်ဖြစ်ပါတယ်။ ဓာတ်ပုံနဲနဲရိုက်တယ် နောက်တော့ ဘာအလုပ်မှမလုပ်ဖူးတွေးထားပေမယ့် နေ့လည်မှာ Aljazeera သတင်းက အီးမေးလ်ပို့လာပြီး သင်္ကြန်ပုံတွေလိုချင်ကြောင်း ပြောလာတာမို့ ချက်ချင်း အိမ်ပြန် laptop ယူပြီး အရင်နေ့တွေက အပျင်းရောဂါကြောင့် မရိုက်ပဲ ဒီအတိုင်း ပတ်ကြည့်ခဲ့တဲ့နေရာတွေ အမောဖောက်အောင် ပြေးပတ်ရိုက်ရပါတော့တယ်။ ရိုက်ပြီးတော့ ချက်ချင်း သင်္ကြန်အကြောင်း အက်ဆေးအတိုတစ်ခုရေးပြီး caption ထိုး ပို့ခါမှ အင်တာနက် ထုံးစံအတိုင်း ကျနေပြီး မထွက်နဲ့ laptop ဘက်ထရီကုန်ခါနီးတော့ အကုန် ဖုန်းထဲပြောင်းပြီး ဖုန်းထဲကနေ ပို့ရင်း ညနေ မြို့တော်ခန်းမ ပိတ်ပွဲကို မျက်စိနဲ့ပဲ ခံစားကြည့်နေရင်း ညနေကုန်ဆုံးသွားပါတယ်။

ဒါပေမယ့် နောက်ဆုံးရက်မို့ ပတ်ကြည့်ချင်သေးတာမို့ လှည်းတန်းဘက်ကနေ အင်းစိန်လမ်းဘက် အထိထွက်ခဲ့ပေမယ့် သင်္ကြန်အပြန်ကားတွေပိတ်နေတာကြောင့် ဘာမှမကြည့်ခဲ့ရပဲလက်လျှော့ မြို့ထဲပြန်ခဲ့ပါတယ်။ နောက်တော့ လမ်းမှာ မုန့်ဝယ်ပြီး ဗိုလ်တစ်ထောင်ကမ်းနားမှာ သူငယ်ချင်းများနဲ့ ည ၁၀ နာရီလောက် အထိ စကားပြောပြီးမှ ပြန်ဖြစ်ကြပါတယ်။ နောက်ရက်တော့ နှစ်ဆန်းတစ်ရက်နေ့ မနက်အစော ဘုရားသွားမယ် အားလုံးကို ချိန်းပြီးပြန်ခဲ့တာ နောက်ရက်လဲ မနက် အစောမနိုးပဲ ၁၀ နာရီလောက်မှ နိုးပါတယ်။ မှတ်မိသေးတယ် အရင် နှစ်ကလဲ အဲဒီလိုပဲ ဆိုတာ.. နောက်ဆုံးတော့ တစ်နေကုန် အိမ် မှာ အခွေကြည့် တီဗီကပြတဲ့ ဘုရားမှာ လူတွေစည်နေတဲ့ သတင်းကြည့် နဲ့ ကုန်ဆုံးခဲ့ပါတယ်။ ဒီနှစ်မှာ အရင်ထက် အသက်ကြီးလာလို့လား မသိသိပ်မပျော်ပဲ ပျင်းလာသလို ရှိတာရယ် မှန်းချက်လွဲသွားတာလဲ ရှိပါတယ်။ ကားတွေပိတ်မယ် ထင်ထားပေမယ့် တကယ်တန်းမှာတော့ သင်္ကြန်ရက်အတွင်းမှာ တစ်မြို့လုံး ကားရှင်းနေသလိုကြီးပါပဲ။ လည်တဲ့သူလဲနည်းတယ်။ နောက်မှစဉ်းစားမိတယ် နည်းမှာပေါ့ အရင်လို truck, ဂျစ်ကားတွေ ဆန်နီလိုတွေ မှမရှိတော့ပဲ ကားအသစ်တွေက လည်လို့မှမရတာ အဲဒါကြောင့်မို့ထင်ပါရဲ့။ နောက်မှန်းချက်လွဲတာကတော့ ဒီနှစ်ကဲတဲ့ မမများသိပ်မရှိသလို မူးပြီး ရန်ဖြစ်တဲ့သူလဲ အတော်နည်းတာကို သတိထားမိပါတယ်။ ဘာပဲပြောပြော နှစ်သစ်မှာ အားလုံး ကျန်းမာပြီး စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်…

အန်တီစု ခြံရှေ့က ပုံက သင်္ကြန် အကြိုမတိုင်ခင် တစ်ရက်က သူမ ဂျပန်ခရီးမသွားခင်ရိုက်ထားတာပါ… ခြံရှေ့မှာ ဦးကျော်သူတို့ရဲ့ နားရေးကူညီမှု့ အသင်းက သံချပ်နောက် Oppa gangnam style ကို နိုင်ငံရေး သရော်စာ စာသားနဲ့ရောထားတာကို ကပြ​ေဖျော်ဖြေနေတာပါ။ သင်္ကြန်တုန်းက ရိုက်ထားတဲ့ အခြားပုံအချို့ကိုတော့ Aljazeera gallery မှာ ကြည့်လို့ရပါတယ်ခင်ဗျာ…

What’s In My Backpack After Six Years Later
တစ်ခါတုန်းက မြန်မာ ဘလော့ဂ်ဂါ မောင်နှမတွေ tag လုပ်ရင်း ပို့စ်ရေးတာတွေ လုပ်ဖူးပါတယ် အဲဒီတုန်းက တစ်ခါ What’s in my bag? ဆိုပြီး ကိုယ့်အိတ်ထဲမှာ ဘာတွေပါလဲ ဆိုတဲ့ အကြောင်းပို့စ်ရေးရတာ တစ်ခါလုပ်ဖူးပါတယ်။ ခုတော့ နောက်တစ်ခါ အိတ်ထဲမှာဘာပါလဲ ကိုယ့်ဖာသာ ပြန်ကြည့်မိရင်း တစ်ခါတုန်းကရေးဖူးတဲ့ ပို့စ်ကို သတိရသွားလို့ အိတ်ထဲမှာပါတာတွေ ဓာတ်ပုံဒီနေ့ပဲ ပြန်ရိုက်ပြီးတင်ဖြစ်ပါတယ်။

အမှန်တော့ ဒီနေ့ သီချင်းနားထောင်ရင်း စဉ်းစားမိတာက စတာပါ။ အရင်က သီချင်းနားထောင်ဖို့ဆိုတာ ကတ်ဆက် walkman player ရှိရတယ်။ တစ်ဖက် ၆ ပုဒ်လောက်ပါတဲ့ ၁၂ ပုဒ်စာတစ်ခွေ ရှိတာတွေ သယ်ရတယ် နောက် AA ဓာတ်ခဲကော၊ သီချင်းကျော်ချင်ရင် ဒီနေ့လို အသံနဲ့ခိုင်းဖို့ မပြောနဲ့ စက်ကရစ်တာ စောင့်ရသေးတယ်၊ တစ်ချက်တစ်ချက် ကျော်ရင်း နားထောင်မယ့် သီချင်းကျော်သွားတတ်တာတွေ သတိရတော့ အရင်တုန်းက အကြောင်းတွေ ပြန်စဉ်းစားရင် အဲဒီပို့စ်ကို သတိရသွားတာပါ။

အရင် ပို့စ်ရေးတုန်းကတော့ အိတ်ထဲမှာ mp3 player ရှိတယ် အဲဒီတုန်းက အင်တာနက်ဆိုင်က နေသုံးရတာဆိုတော့ mp3 ထဲမှာပဲ portable firefox browser ထည့်ပြီး password တွေ အကုန် save လုပ်သုံးတယ်။ နောက် dictionary အလေးကြီး တစ်ခုလဲ သယ်ခဲ့တာပဲ ပုံကြည့်မှ သတိရတယ်။ ခုချိန်မှာတော့ iPhone ထဲမှာပဲ အင်တာနက် ထိုင်ရာမထသုံးတယ် password တွေ အင်တာနက် ကဖေးကသုံးသလို key logger ထည့်မှာ မကြောက်ရတော့ဘူး နောက် dictionary ဆိုတာက ခုရှာခုတွေ အသံထွက်ဖတ်ပြသေးတယ်။ နောက် အရင်က calculator သယ်ရသေးတယ် အဲဒီတုန်းက physics တက်နေတာကိုး ခုတော့ မလိုတော့ဘူး၊ လိုရင်လဲ ဖုန်းထဲမှာပါတယ်။ စာမေးပွဲခန်းထဲတော့ ဖုန်းနဲ့ တွက်လို့ ရမယ်မထင်ဘူး ခိုးချမှာ စိုးလို့ =D

အရင်က ကျောင်းသားဘဝ ကလို ဘောပင်၊ ခဲတံ၊ highligh pen တွေလဲ မလိုတော့ဘူး ခုတော့ အိတ်ထဲမှာ ဘောပင် တစ်ချောင်းနဲ့ notebook တစ်အုပ်ပဲပါတော့တယ်။ အရင်လို ကျောင်းစာ textbook တွေလဲ မပါတော့ဘူးပေါ့။ တူတာပြောရရင်တော့ ခုထိ အပြင်သွားတိုင်း သီချင်းနားထောင်ဖို့ earphone ပါတယ်။ နောက် ဟန်ပြပါတဲ့ ပိုက်ဆံအိတ်မှာ ပိုက်ဆံမရှိတာကတော့ အရင် အတိုင်းပဲ =D နောက် လက်ကိုင်ပုဝါ ကခုထိပါတုန်းပဲပေါ့။ တစ်ခုပဲ အရင်ကလို ဆံပင် အရှည်မဟုတ်တော့ ဘီးကုတ်တော့ မပါတော့ဘူးခင်ဗျ။

What’s in my bag… back in 2007

ခုချိန်မှာ အသစ်ပါလာတာတွေ ပြောရရင်တော့ သိသာတာက ကင်မရာပေါ့ နောက် memory CF card ထည့်တဲ့ ခေါက်အိတ်လေးပါတယ်။ သီချင်းနားထောင်တာရယ် ဖုန်းအင်တာနက် ရယ်က သုံးလွန်းတော့ external 7800mAh external battery ရယ် အိုင်ဖုန်း ကေဘယ်ကြိုးကတော့ ပါတယ်။ ဒါတွေက ဒီဘက်အချိန်ကြမှပါလာတာတွေပါ အရင်က ဆိုရင်တော့ macbook ကသွားလေရာ သယ်သေးတယ်။ နောက်ပိုင်း phone တွေ အဆင့်မြင့်လာတော့ computer ကို အလေးခံမသယ်တော့တာလဲ ပါပါတယ်။ နောက် အရင်ကဆို ကင်မရာက မှန်ဘီလူး tele ကော wide ကော သွားလေရာပါသေးတယ်။ နောက်ပိုင်းတော့ 40mm lens အသေးလေးသာ ယူပါတော့တယ်။ ခုဆိုရင် ကျောပိုးအိတ်လဲ အတော်ပေါ့သွားတယ်။ နောင်ဆို ဒီအထဲက ဘယ်ဟာတွေက digital စနစ်နဲ့ ပေါင်းသွားပြီး device အသစ်တွေ ဖြစ်သွားဦးမယ် မသိ။ အချိန် နဲ့ အသက်အရွယ်ပြောင်းသွားတော့ အိတ်ထဲမှာလဲ ပါတဲ့ ပစ္စည်းတွေ လိုက်ပြောင်းဦးမယ် လို့ ထင်ပါတယ်….

Lesser is Better
အရင် ဓာတ်ပုံစရိုက်ခါစ dslr ကိုင်ခါစက မှန်ဘီလူးဆို ranger 16mm ကနေ 200mm လောက်အတွင်း ကောင်းပေ့ဆိုတဲ့ လန်းစ်မှန်သမျှ လိုချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ပိုက်ဆံစုပြီး အရင် cropframe အတွက်ပဲရတဲ့ လန်းစ်တွေရောင်းပြီး full-frame ရတဲ့ မှန်ဘီလူးတွေ အသင့်ဖြစ်အောင် ဝယ်ထားဖြစ်တယ်။ နောက်ကြားထဲမှာ European pressphoto agency မှာ အလုပ်လုပ်ဖြစ်တော့ ဌာနကပေးတဲ့ 16~35mm, 70~200mm f/2.8 တွေနဲ့ လိုတရသလိုဖြစ်သွားသေးတယ်။ နောက်ပိုင်း ၂၀၁၂ ထဲမှာ အခြားမှာလုပ်ဖို့ အလုပ်ထွက်လိုက်တော့ အရင်လို ရုံးကပေးတဲ့ ကင်မရာ ဘော်ဒီ ၂ လုံးလဲမရှှိတော့ 70~200 လဲမရှိတော့ ဟာတာတာဖြစ်သလို ခံစားရသေးတယ်။

နောက်ပိုင်းတော့ freelance လုပ်ရင်းရတဲ့ ပိုက်ဆံနဲ့ 5D M III ဝယ်လိုက်ပြီးတဲ့နောက်ပိုင်း အခြား assignments လေးတွေကနေ ပိုက်ဆံရလာပြီး စုမိတယ် နောက် ရိုက်ရင်း၊ လေ့လာရင်းနဲ့ ကိုယ်လုပ်ချင်တာကို သိလာတော့ ပိုက်ဆံစုမိတတောင် tele ကောင်းကောင်း မဝယ်ဖြစ်တော့ဘူး။ ဘာလို့လဲဆို tele က အရေးတကြီးလိုတဲ့ အရာမဟုတ်ဘူးလို့ ထင်လာတယ် နောက် tele ကတော်ရုံမလိုအပ်ပဲ press conference, sports လောက်မှ လိုသလိုထင်လာတယ်။ conflict တွေ ရိုက်ရမယ်ဆိုရင်တောင် tele မသုံးချင်တော့ဘူး စိတ်ကဖြစ်လာတယ်။ ဝယ်ချင်စိတ်လဲမရှိဘူး နောက် agency တစ်ခုခုမှာ ပြန်လုပ်ရင်လဲ သူတို့က support လုပ်မှာဆိုတော့ ကိုယ်ဝယ်ထားလဲ အလကားဖြစ်သွားမှာ စိုးတယ်။ လက်ရှိတော့ ကိုယ်ပိုင်လန်းစ်ထဲမှာ အရှည်ဆုံး focal length ဆို 100mm f/2.8 L Macro prime တစ်လုံးရှိတယ်။ အဲဒီကောင်နဲ့ အဆင်ပြေတယ် ဒါပေမယ့်် သိပ်တောင် မသုံးဖြစ်တော့ဘူး။

လက်ရှိအသုံးဖြစ်ဆုံးဆိုရင်တော့ Canon 40mm f/2.8 STM လန်းစ်ကို အသုံးဖြစ်ဆုံးပါပဲ မြင်ကွင်းကအနေတော်ပဲ နောက် focus မြန်တယ်၊ အကြိုက်ဆုံးက ကိုယ်ထည်က ပါးပါးလေးနဲ့ သေးသေးလေး နောက် sharp ဖြစ်တယ်။ အဲဒါကြောင့် အပြင်သွားတိုင်း ရိုက်စရာရှိတိုင်း သူနဲ့ပဲ ရိုက်ဖြစ်တော့တယ်။ ပုံမှန် အပြင်ထွက်ရင်တောင် သာမန်ကျောပိုးအိတ်၊ ဘေးလွယ်အိတ်ထဲထည့်ထားရင် ကင်မရာနဲ့ အရင်ကလန်းစ်တွေလို အကြီးကြီးခုမနေတော့ပဲ ပျောက်ပြီး ပေါ့ပါးသလိုဖြစ်သွားတယ်။ အရင်ကတော့ အပြင်သွားရင် wide လေးကပါဦးမှ၊ tele ကလဲ လိုလိုမယ်မယ်ပါဦးမှနဲ့ အလုပ်ကို ရှုပ်နေတာပဲ ခုတော့ ဘာမှမလိုတော့ပဲ ပေါ့ပါးသွားတယ်။

Landscape ရိုက်တဲ့သူအတွက်ကတော့ ultra-wide lens ကလိုမှာပါပဲ ဆိုလိုတာက ကိုယ်ဘာအားသန်လဲပေါ် မူတည်တာပါပဲ ကိုယ်ရိုက်တဲ့ style အမျိုးအစားပေါ်မူတည်ပြီး လိုအပ်ချက်ကတော့ ကွာမှာပါပဲ။ အဓိကက ကိုယ်ဘာလုပ်ချင်လဲသိဖို့ ပါပဲ မဟုတ်ရင် ၂ ခါကုန်နေရမယ် မဟုတ်လား။ လောလောဆယ်တော့ 35mm or 24mm prime တစ်ခုခု ဝယ်ဖို့ စဉ်းစားနေတာပါပဲ။ နောက် ဘော်ဒီသေးပြီး ရုပ်ထွက်ကောင်းတဲ့ ကင်မရာ တစ်ခုခုဝယ်ချင်တယ် Leica used ဝယ်ဖို့ ထပ်စုရင်ကောင်းမလား၊ Fuji ကထုတ်တဲ့ rangefinder ပုံစံချိုးထားတဲ့ ကင်မရာတွေပဲ ဝယ်ရမလား စဉ်းစားနေပါတယ်။ အချိန်ကြာလေ စိတ်ကပြောင်းလေပါပဲ အရင်က ဓာတ်ပုံရိုက်ရင် fps အမြန်နဲ့ စက်သေနတ်ပစ်သလို ရိုက်တယ် ခုတော့ တစ်ချက်ချင်းနဲ့ normal view ရှိတဲ့ လန်းစ်နဲ့ပဲ ရိုက်တော့တယ်။ အရင်နှစ်တွေ ရိုက်ထားသမျှလဲ စုတ်ပြတ်သတ်နေသလို ခံစားရတယ်။ နောက် ကင်မရာ ကောင်းတစ်လုံးရယ် normal view မှန်ဘီးလူးကောင်း တစ်လုံးရှိရင် ဓာတ်ပုံရိုက်ဖို့ အဆင်ပြေပြီလို ခံစားရသလိုဖြစ်လာတယ်။ အဓိက ပွိုင့်ကတော့ ကိုယ်ဘာလုပ်ချင်လဲ ကိုယ်ဖာသာ ရေးရေးလေးသိလာတယ်ပေါ့။

Meet The Ghost Rider
ဒီ March လအစပိုင်းက သူငယ်ချင်း စူပါ ခေါ်လို့ နေပြည်တော် ကို အကြောင်းထူးမရှိပဲ ရောက်ဖြစ်ပါတယ်။ အရင်က နေပြည်တော် ကို ကားနဲ့ဖြတ်သွားတာ ပျဉ်းမနား ဘက်သွားတာလောက်ပဲလုပ်ဖူးတာ ခုကတော့ အလည်နေဖြစ်တယ်ပေါ့။ နောက် ဘယ်အကြောင်းအရာ အဓိကထားရိုက်ရမလဲ မသိပေမယ့် နေပြည်တော် မှာ ဓာတ်ပုံ story လေးတစ်ခု လမ်းစားရိတ်ကျေအောင် လုပ်မယ်လို့ စိတ်ကူးမိတယ်။ ဟိုရောက်မှ ဘာတွေဖြစ်နေလဲကြည့်ပြီး အဓိက အကြောင်းအရာရွေးရိုက်မယ်ပေါ့။

နေပြည်တော် ကိုသွားတာ express bus ကားခက ၆ ထောင်ပေးရပါတယ်။ ဟိုရောက်တော့ စူပါ တည်းတဲ့နေရာကို သေချာအောင် လှမ်းဖုန်းဆက်မေးပြီးဆင်းရတယ်။ တည်းရမယ့် အဆောင် ရှေ့ကလမ်းပေါ် အထိ ကားကရောက်တော့ အတော်အဆင်ပြေပါတယ်။ နေ့လည် ၁၂ ကားစီးတော့ အဲဒီရောက်တော့ ၆ နာရီလောက် ရှိပြီ ဒါနဲ့ အဆောင်က အခန်းမှာ အထုတ်တွေချ အထုတ်သာပြောတာပါ ခရီးသွားရင် ပေါ့ပေါ့ပါးပါးသွားလေ့ရှိတော့ ကျောပိုးအိတ်ပါတယ် နောက် ကင်မရာ ၂ လုံးနဲ့ မှန်ဘီလူးတွေ ထည့်ထားတဲ့ ဘေးလွယ်အိတ်ပဲပါတယ်။ ထရိုင်ပေါ့တောင် မယူခဲ့ဘူး ခဏပဲနေမှာရယ် ဗီဒီယိုလဲ ရိုက်ဖို့မရှိတာကြောင့်ပါ။ ရောက်ရောက်ချင်းပဲ သယ်ရင်းကပြောတယ် ဒီမှာ သရဲခြောက်တယ်တဲ့ ကျွန်တော် မရောက်ခင် မနေ့ကညကပဲ သူရယ်၊ မန်းလေးက အခြား မိတ်ဆွေ ၂ ယောက်ရယ် တည်းတုန်း ကော်ရစ်ဒါမှာ တွေ့လိုက်တယ် ပြောပါတယ်။

ဒင်းက ဆိုင်ကယ် နဲ့ဆိုပဲ ကိုယ်လုံးမပါဘူးတဲ့ ခေါင်းပဲရှိတယ် အဲဒါ ဆိုင်ကယ်မောင်းပြီး ဘေးခန်းအကျော်က ၆ ပေသာသာလောက် မြင့်တဲ့ တောင်ပို့ လို့ ကုန်းလေး ထဲဝင်သွားတာတဲ့။ ၃ ယောက်လုံးမြင်လိုက်ပြီး ထကြည့်မိသေးတယ်ဆိုပဲ နောက်မှ တောင်ပို့က ဆိုင်ကယ်သာ မောင်းရင် ဝင်တိုက်ပြီး ပစ်လဲနေမှာပေါ့ ဘာမှမရှိဘူးတဲ့။ နောက် အဲဒီတောင်ပို့လေးပေါ်မှာ အပင် ၂ ပင်လဲရှိသေးတယ် ပြီးတော့ တောင်ပို့က တစ်ခြမ်းက ဘူဒိုဇာ ထိုးထားသလို ညီညီညာညာလေး လှီးထားသလိုပဲ။ အဲဒီ ၆ ပေလောက် မြင့်တဲ့ တောင်ပို့ပြီးရင် အခန်းတစ်ခုရှိတယ် အဲဒီ အခန်းပြီးမှ ကျွန်တော်တို့ အခန်းလာတာ။ ညဘက်ဆို အခန်းရှေ့က အခုပို့မှာ ပုံတင်ထားတဲ့ သစ်သား အဝတ်လှမ်းစင် ကို လာကုတ်တတ်သေးတယ်တဲ့။ အဲဒါနဲ့ သူတို့လဲ ပြောင်းပြန်လှန်ထားတယ်လို့ပြောတယ် ပုံထဲမှာလဲ ပြောင်းပြန်လှန်ထားတာပါ။

အဲဒါတွေပြောပြပေမယ့် သေချာတော့ စိတ်ထဲမရှိပါဘူး စိတ်ထဲမှာကတော့ ဒင်း အခန်းထဲတော့ ဝင်လို့မရဘူးပေါ့လို့ပဲ သိထားတယ်။ အဲဒီညကတော့ မအိပ်ချင် အဲဒီ ကော်ရစ်ဒါမှာပဲ ၂ ကောင်သား တွေ့လို့ တွေ့ငြား ထိုင်ရင်း စကားပြောရင်း နာရီဝက်လောက် ထိုင်လိုက်သေးတယ်။ နောက်တော့ ပင်ပန်းနေတော့ အခန်းထဲဝင်ပြီး ၂ ကောင်လုံး အိပ်လိုက်တာ ဘာမှတောင် မသိဘူး မိုးလင်းထတာတောင် နောက်ကျတယ်။ နောက် လွွှတ်တော်တက်တယ် နောက် မြို့ထဲပတ်တယ် ညဘက် အခန်းပြန်ရောက်တယ်၊ ပင်ပန်းပြီး အိပ်ပျော်ပြန်ရော.. နောက်တော့် အရင်က ထိုင်းမှာ photojournalism သင်တန်းတက်တုန်းက ကျောင်းတက်ဖက် စင်ကာပူနိုင်ငံသား ဓာတ်ပုံသမားလဲ နေပြည်တော် ရောက်နေတယ်ဆိုတော့ ချိတ်မိတယ်။ သူလဲဓာတ်ပုံလာရိုက်တာ straittimes သတင်းစာမှာ အလွတ်တမ်း လုပ်တဲ့သူပေါ့။ အဲဒီနေ့က ပုဗ္ဗသီရိမှာ ဒေါ်အောင်ဆန်းစုကြည် ရွာကလေးတစ်ရွာမှာ မိန့်ခွန်းပြော၊ လူထုတွေ့ဆုံပွဲကို သွားရိုက်ဖြစ်ကြတယ်။ နောက်တော့ အခန်းပြန်လာပြီး မကြာဘူး စူပါ က အရေးကြီးကိစ္စရှိတော့ မန်းလေးပြန်သွားတယ်။

ကျွန်တော်နဲ့ စင်ကာပူက သူငယ်ချင်းပဲ ရှိတော့တယ် အခန်းထဲ နေ့ဘက် အိပ်ကြပြီး ညနေဘက် ထွက်ရိုက်ကြပြန်တယ်။ နောက်တော့ သူလဲ သူတည်းတဲ့ ဟိုတယ် ပြန်သွားတယ်။ ကျွန်တော်လဲ ဆိုင်ကယ် ကယ်ရီနဲ့ အဆောင်ပြန်ပေါ့။ အဲဒီညက ဓာတ်ပုံတွေ ပြင်ဖြစ်တယ် pdf လုပ်ပြီး portfolio ဖိုင်ဖြစ်အောင် လုပ်ရတာဆိုတော့ တစ်ညလုံးနီးပါးပဲ။ ဒါပေမယ့် ကျွန်တော်ထိုင်အလုပ်လုပ်နေတဲ့ စားပွဲနဲ့ ၆ ပေလောက်ပဲခြားတဲ့ ဘေးတန်းက သယ်ရင်း အရင်နေ့တွေကသုံးတဲံ စားပွဲက ကုတ်နေသလိုလို အသံထွက်နေတယ်။ ကြည့်လိုက်ရင် ဘာမှမရှိဘူးဗျ… စားပွဲပေါ်မှာ ဘီယာ ပုလင်း အခွံတွေရယ် ရေသန့်ဘူး အခွံပဲရှိတယ်။ အဲဒီက သစ်သားကို ကုတ်နေတဲ့ အသံထွက်နေတာ.. နောက်အခန်းက အပေါစားဆိုတော့ ပန်ကာပဲပါတယ် ပန်ကာကလဲ ဖုန်တွေနဲ့ဆိုတော့ လည်နေရင်းနဲ့ ပုံမှန် စည်းချက် အတိုင်း “ကျီ ကျီ” နဲ့ တိတ်ဆိတ်တဲ့ညမှာ အသံထွက်နေတယ်။ ခြောက်ခြားစရာကောင်းပေမယ့် အဲဒီတုန်းက အလုပ်ဇောနဲ့ဆိုတော့ သတိမထားမိဘူး…

နောက်နေ့ကတော့ ညဘက် မအိပ်ပဲအလုပ်လုပ်ထားတဲ့ အရှိန်လဲရှိနေတော့ မနက်ပိုင်း ပျဉ်းမနား မြို့မစျေးဘက် ဓာတ်ပုံရိုက်ပြီးတော့ နေ့လည် အခန်းမှာ ပြန်အိပ်ဖြစ်တယ်။ ညနေတစ်ခေါက်ထွက်တယ် ရိုက်တယ်.. အဲည ဘက်မှာ ဇာတ်လမ်းစတယ်.. အဲဒီညက ဘာမှထူးထူးခြားခြား လုပ်စရာမရှိတော့ဘူး ဖုန်းကလဲ ပိုက်ဆံမရှိတော့ အင်တာနက် သုံးမရတော့ဘူး၊ ဒါနဲ့ ဇာတ်ကားထိုင်ကြည့်နေလိုက်တယ်။ နောက်အဲဒီကားပြီးတော့ ကွန်ပျူတာကို ပိတ်၊ မီးမှိတ်ပြီး အိပ်မယ်လုပ်တယ် ကုတင်ပေါ်တက် ခြင်ထောင်ပြင်ပြီး စောင်ခြုံ အိပ်မယ်ကြံကာရှိသေးတယ်…..

“ခြစ် ခြစ် ခြစ်” နဲ့ အခန်းအပြင် ကော်ရစ်ဒါမှာ ထားထားတဲ့ အဝတ်လှမ်းစင်ကို ကုတ်သံကြားရတယ်။ ကုတင်ပေါ်မှာ ပက်လက်အိပ်ရင်းနဲ့ ကြားနေရတာဆိုတော့ ကိုယ့်ကိုကိုယ် အားတင်းလိုက်တယ် ဒါ အပြင်က ကြွက်တွေ ကုန်နေတာ နေမှာပါပေါ့။ အခန်းထဲမှာက မီးပိတ်ထားပေမယ့် မှောင်တော့မနေဘူး ကော်ရစ်ဒါမှာက မီးတွေထွန်းထားတယ် နောက် မိန်းဝင်ပေါက် တံခါး အပေါ်ဘက်က မှန်ကာထားတာဆိုတော့ အဲဒီကနေ အခန်းထဲကို လ သာပြီးလင်းနေသလို အလင်း တစ်စောင်းလေးကျပြီး အကုန်မြင်နေရတယ်။

နောက် ၅ မိနစ်လောက်နေတော့ တံခါးခေါက်သံစကြားရတယ် ဒီတစ်ခါတော့ မရတော့ဘူး ဘာလို့လဲဆိုတော့ ရေချိုးခန်းတံခါး ကို အတွင်းဖက်က ခေါက်တာဖြစ်နေတယ်။ လူခေါက်သလိုပဲ အလယ်နားလောက်မှာခေါက်တာ ပြီးတော့ အဲဒီ အခန်းက ပတ်ပတ်လည်လူဝင်လို့မှ မရတာ အုတ်ကာထားတာကြီး အခန်းထဲက ဝင်မှပဲရတာ… အဲဒီအချိန် ကြားပြီးပြီးချင်းပဲ ခေါင်းကြီးသွားပြီး လူလေးသေးသွားသလို ထင်လိုက်ရတယ်.. ယုတိ္တ မရှိတော့ဘူးဆိုတော့ အဲဒီမှာ ၄ ၅ ချက်လောက် ဒုန်း ဒုန်း နဲ့ထုပြီး ခဏ ငြိမ်သွားတယ် နောက် ဒုန်း ဒုန်း နဲ့ အရမ်းမြန်တဲ့ အသံမျိုးနဲ့ မျက်နှာကျက်ပေါ် လူပြေးနေသလို အသံကြားလိုက်ရတယ်။ မှတ်မိနေသေးတယ် တကယ့်ကို ရုပ်ရှင်ရုံထဲကလို surround အသံမျိုးပဲ ကျွန်တော်အိပ်နေတဲ့ ကုတင် အပေါ်ကနေ ဖြတ်ပြေးသွားတာ.. နောက် အဲဒီကစပြီး ခဏ ငြိမ်လိုက် အဲဒီလို လူလမ်းလျောက်နေသလို ဖြတ်ပြေးလိုက်နဲ့ တိတ်ဆိတ် နေတဲ့ အချိန် အထိတ်တလန့် ဖြစ်အောင် လုပ်နေသလိုပဲဗျာ။

တိတ်ဆိတ်သွားလိုက် အုန်း ဆို ပြေးနေတဲ့ အသံကြီးကြားလိုက်နဲ့ နောက်ဆုံးမရတော့လို့ ဖုန်းနဲ့ သီချင်းဖွင့်ပြီး နားထောင်နေရတယ်ဗျာ။ သီချင်းအသံကုန်ဖွင့် နားထောင်နေပေမယ့် သီချင်း တစ်ပုဒ်နဲ့တစ်ပုဒ် ခြားသွားတဲ့ အချိန် အသံတိတ်သွားရင် အပေါ်မှာ ပတ်ပြေးနေတဲ့ အသံကြီးကြားရပြန်တယ်။ နောက်ဆုံး သီချင်းကို ဖွင့်ထားရင် ပြီးခါနီးရင် ခလုတ် ၃ ချက်အမြန်နှိပ်ပြီး အစကနေပြန်ဖွင့်လုပ်နေရတယ်။ ကံဆိုးချင်တော့ နေ့ဘက်ကလဲ အသားကုန် အိပ်ထားတော့ ဘယ်လိုမှ အိပ်လို့မရဘူး။ နောက် ဒင်းက မျက်နှာကျက်ပေါ်တင် မဟုတ်ဘူးဗျ ကျွန်တော် အိပ်နေတဲ့ ကုတင် ဘေးမှာပါ ခြေသံပေးပြီး ပတ်လျှောက်နေတာ။ အခန်းထဲက အလင်းလေးရှိတော့ မျက်လုံးဖွင့်ကြည့်ရင် မြင်ရမှာ ဒါပေမယ့် ဖွင့်မကြည့်ရဲဘူး ကုတင်ပေါ်မှာ ပက်လက် မျက်လုံးမှိတ်ထားပြီး လူသေလိုပဲ ငြိမ်နေအောင်နေနေရတယ်။ ဒီကြားထဲ dslr ထယူပြီး ဗီဒီယို ရိုက်ထားရင်ကောင်းမလား စားပွဲခုံနားက ကျောပိုးအိတ်ထဲက recorder ယူရင်ကောင်းမလား စဉ်းစားနေသေးတယ်။ ကုတင်ပေါ်က ဆင်းပြီး ၆ လှမ်းလောက်ပဲ လှမ်းရုံပဲဆိုပေမယ့် မထရဲဘူး။ ဒင်းက ကင်မရာ ၂ လုံးထားထားတဲ့ ဘေးကုတင်ပေါ်လဲ တက်သလား မသိဘူး ကုတင်က သစ်သားတွေက ကျိကျိ တစ်ချက်တစ်ချက် မည်သေးတယ်။

ဖုန်းထဲမှာ တရား applications တွေပါတော့ အစက ပရိတ်ကြီးဖွင့်ရင်ကောင်းမလား စဉ်းစားသေးတယ်။ နောက်ပိုင်းကြားပါများတော့ သွေးနဲနဲအေးသွားပြီး သူ့လဲ ထိခိုက်အောင် မလုပ်ချင်ဘူးဆိုတော့ စိတ်ထဲကနေ စကားပြောလိုက်တယ်။ မင်း ဘာသာမင်း အခန်းထဲမှာ လျှောက်ချင်တဲ့ဆီသာလျှောက်ပေါ့ ဒီအခုအိပ်နေတဲ့ ကုတင်နဲ့ ခြင်ထောင်ကို မထိမချင်း ဘာမှမလုပ်ဖူးလို့ စိတ်ထဲကပြောပြီး အေးဆေးနေလိုက်တော့တယ်။ တစ်ချက်တစ်ချက်တော့ ဒင်းက အသံတိတ်သွားတာ လေး၊ ငါး မိနစ်လောက် ငြိမ်သွားတတ်တယ်။ ငြိမ်နေရင် ပိုလန့်ရတယ် ငြိမ်သွားပြီးရင် ဒုန်း ဆို တစ်နေရာရာကနေ ထပြေးသလို အထိတ်တလန့် အသံလုပ်တတ်လို့။ နောက် အသံကြားရသလောက် ဆိုရင် အဆောင်က အခန်းတွေ အုတ်နဲ့ ခွဲပြီး ပိုင်းထားပေမယ့် မျက်နှာကျက်အပေါ်မှာတော့ ဆက်ရက်ပဲထင်ပါတယ်။ ဒင်းက ပြေးရင်းနဲ့ ဘေးအခန်းအပေါ်နား လောက်ထိ ပြေးနေသလို အဆက်မပြတ် အသံကြားရတယ်။ အဲဒီအခန်းက လူမရှိတော့ဘူးဗျ အရင်ရက်က အရာရှိစာမေးပွဲ လာဖြေပုံရတဲ့ စာကျက်နေတဲ့ အသက် ခပ်လတ်လတ် လူ ၄ ယောက်လောက် နေတာတွေ့တယ်။

အဲဒီညက ညတာ တော်တော်ရှည်တယ်ဗျာ အရင်ဆို ဘာမှန်းမသိလိုက်ပဲ မိုးလင်းသွားတဲ့ည တွေရှိပေမယ့် အဲဒီညက တော်တော်နဲ့ မိုးမလင်းနိုင်ဘူး။ လူသံလဲမကြားရဘူး တစ်ချက်၊ တစ်ချက် ပေ ၄၀၀ လောက် အကွာ မိန်းလမ်းပေါ်က ဆိုင်ကယ်သံလား အဆောင်ရှေ့က လမ်းပေါ်က ဆိုင်ကယ်သံလား မကွဲတဲ့ အသံတွေတော့ ကြားရတယ်။ တစ်ညလုံး ဒင်းကလဲ ပြေးနိုင်ချက် မိုးလင်းတဲ့ အထိပဲဗျာ မိုးလင်းနေရောင်ထွက်မှ ငြိမ်သွားတော့တယ် အဲဒီကျမှ အိပ်ပျော်တယ်။ ခဏပဲ ရှိသေးတယ် ၇ ခွဲလောက်ရောက်တော့ ခေါ်ထားတဲ့ ဆိုင်ကယ်သမား က ဖုန်းခေါ်လာတော့ ပြန်နိုးတယ်။ အခန်းရှေ့ရောက်ပြီမှတ်လို့ ဖုန်းကိုင်ရင် ကုတင်ပေါ်က ဆင်း ရှေ့တံခါးပြေးဖွင့်တာ အပြင်မှာ လင်းနေတာတွေ့ရတာ အဲဒီအချိန်လောက် နေရောင် လင်းနေတာကို ပျော်မိတာမရှိဘူးပဲ။ မရောက်သေးလဲ မထူးတော့ဘူး ရေချိုးခန်းထဲဝင်ပြီး ရေချိုး အသင့်ပြင်နေလိုက်တယ်။

နောက်တော့ ဆိုင်ကယ်ကယ်ရီ သမားရောက်လာတယ်၊ နောက် စင်ကာပူက ဘော်ဒါရောက်လာတယ်။ သူ့ကိုလဲ အရင်နေ့ကတည်းက မေးပြီးသား ဒီအခန်းက သရဲခြောက်လားဆိုတော့ ခြောက်တယ်တဲ့ ဒါနဲ့ အဲဒီဘဲကြီးကို ညက အကြောင်းပြောပြတော့ ဘဲကြီးပါလန့်နေတယ်။ အဲဒီညက နောက်ဆုံးနေတဲ့ညပဲ နောက်ဆုံးညမှာ တိုက်တိုက်ဆိုင်ဆိုင် ကြမ်းတဲ့ညဖြစ်သွားတာ။ ဆက်နေဖို့လဲမရှိတော့ဘူး အဲဒီမနက်က ပိုက်ဆံ ၃ ထောင်ပဲ လက်ထဲကျန်တော့တယ်။ မနက်စာစားပြီး အခန်းသွားပြန်အပ်တော့ ပုံမှန်ဆို အခန်းထဲက ပစ္စည်းတွေ အပျက်အစီး ရှိမရှိကြည့်တတ်တဲ့ ကောင်တာက မမ များ နေ့ဘက် တောင်သွားမစစ်ရဲကြဘူး။ မှတ်ပုံတင် တန်းထုတ်ပေးတယ်။ အခန်းက အရင်ညတွေထဲက နဲနဲစီ ခြောက်နေတာ သိပေမယ့် အထုတ်တွေထည့်ရမှာ အခန်းပြောင်းရမှာ ပျင်းတာမို့ မပြောင်းဖြစ်ဘူး။ နောက်တော့ အဲဒီနေ့က လယ်ဝေးဘက်တွေ၊ ပျဉ်းမနားဘက်တွေ ပတ်ပြီး ဘဏ်မှာ ဒေါ်လာ အကြွေလေးရောင်း ဖုန်းကတ်ဝယ်ထည့်နေ့လည်စာစားနဲ့ နောက်ဆုံး ၆ ထောင်ကျန်တာ ကားလက်မှတ်ဝယ်ပြီး ပြန်လာခဲ့လိုက်တယ်။

ရန်ကုန် ရောက်မှ အသိအကို ကားသမားကြီး ပြောမှသိရတာက အဲဒီ အခန်းက ခြောက်တာဟုတ်တယ်လို့ပြောပါတယ်။ ဘယ်သူ့မှ မငှားဘူးတဲ့ ကျွန်တော်တို့သွားတုန်းက အရာရှိစာမေးပွဲရှိလို့ အခန်းတွေပြည့်နေလို့ အဲဒီအခန်းပေးတာ ဖြစ်ပုံရပါတယ်။ ပြီးတော့ အဲဒီ ဘေးက တောင်ပို့လို ကုန်းလေးက ဘူဒိုဇာနဲ့ အကြိမ်ကြိမ် ထိုးတာတောင် မပြိုပဲ ကားပဲ တစ်မျိုးပြီးတစ်မျိုးဖြစ်နေလို့ အဲဒီအတိုင်းထားသွားတာလို့ ပြောပါတယ်။ ဒါကြောင့် ညီညီညာညာလေး ဘေးက ပြတ်နေတာကိုး။ အဲဒီ ကုန်းကိုပဲ နောက်တော့ ဆိုင်ကယ်သမား တစ်ယောက် ဝင်တိုက်ပြီး အဲဒီနားမှာ သေခဲ့သေးတယ်လို့ သိရတယ်။ ဒါဆို ညဘက်မြင်ရတဲ့ ဆိုင်ကယ်သမားက ဒင်းဖြစ်ဖို့များမယ်ထင်တယ်။ အရင်လဲ သရဲခြောက်တာကို ကြုံဖူးပေမယ့် ဒီလောက် ကြမ်းတာမတွေ့ဖူးဘူး အရင်က မသိမသာလေးပဲ အခုကတော့ ကြမ်းတယ်။ ကျေးဇူးတင်ရတာက လူကို လာမထိတာ ကုတင်ပေါ်က ဆွဲချတာတွေ မလုပ်တာပဲ ကျေးဇူးတင်နေရတယ်။ စိတ်ထဲက စကားပြောပြီး ညှိတာကြားသလားတော့ မသိဘူးဗျာ။ ကိုယ်တွေသာ မသိတာ အဲဒီ အခန်းက ကြမ်းတာမှ နာမည်ကြီးဆိုပဲဗျ။ ဆိုင်ကယ်သမားတွေလဲသိတယ်။ အဲဒီ အခန်းနဲ့ ပေ ၁၀၀ လောက် အကွာက အဆောင်ဝင်ပေါက် ဂိတ်က လုံခြုံရေးတွေလဲ သိသတဲ့ဗျာ။ အခြား အဆောင်တွေ အခန်းတွေ မခြောက်ပါဘူးတဲ့ အဲဒီ အဆောင်က အဲဒီ အစွန် ၂ ခန်းပဲ ခြောက်တာပါတဲ့။ စားပါဘိ နောက်တော့ ကြုံရင် အဖော် ၁ ယောက် ၂ ယောက်လောက်ပါရင် ဗီဒီယိုလေး အသံလေးသွားဖမ်းကြည့်ချင်ပါသေးတယ်။ အခုကတော့ ကြုံခဲ့ဖူးတဲ့ အကြောင်း မှတ်တမ်းလေးပါ။

အဲဒီနေရာ ဘောစိတွေ တည်းလေ့မရှိတော့ သိပ်တော့မစိုးရိမ်ပါနဲ့ နာမည်လဲ မရေးတော့ပါဘူး နောက် ghost rider နဲ့ တွေ့ချင်လို့ လည်ပတ်ချင်တယ်ဆိုရင်တော့ အီးမေးလ်ပို့ပြီး အခန်းနံပါတ် နေရာမေးလို့ရပါတယ်ဗျာ… =D

Buying Gadgets And Knowing Vital Information
ဒီဘက်ခေတ်မှာ gadgets တစ်ခုခု ဝယ်တော့မယ်ဆိုရင် မဝယ်ခင် သတင်းအချက်အလက်, reviews တွေ ကြည့်တာ အရမ်းအရေးပါပါတယ်။ အရင်ကဆို Apple ထုတ်တွေရှိတယ် ဘာမှကြိုပြီး သတင်းမထွက်ပဲ ချက်ချင်း မော်ဒယ် အသစ်မိတ်ဆက်ပေးပြီး ချက်ချင်းကောက်ထုတ်တတ်တယ်။ နောက်ဓာတ်ပုံရိုက်တော့ သိလာတာက Canon နဲ့ အခြား ကင်မရာတွေလဲ သတင်းကြိုမကြေငြာပဲ ထုတ်တတ်ကြတာပါပဲ။ Apple ထုတ် mac တွေ iOS devices တွေဆို သိသာတယ် ကြိုထုတ်မယ် ကြေငြာမထားသလို ထုတ်ရင်လဲ ဒီနေ့ကြေငြာ မနက်ဖြန် ဒါမှမဟုတ် ၂ ပတ်လောက်အတွင်း ပစ္စည်းဝယ်လို့ရပြီ ဆိုတာမျိုးပါပဲ။ အသစ်ထွက်တဲ့ စျေးကလဲ အရင်ထုတ်ခဲ့တဲ့ မော်ဒယ် စျေးအတိုင်းဆိုတော့ ဒီိလိုမျိုးတွေ ကြိုသိမထားပဲ ဝယ်မိရင် ဒီနေ့ ဝယ်လိုက်ပေမယ့် နောက်ရက် မော်ဒယ် အသစ်ကို  လက်ရှိစျေးနဲ့ ထွက်လာတဲ့အခါ ကြေကွဲရပါလိမ့်မယ်။

ဆိုတော့ electronic ပစ္စည်းဝယ်မယ်ဆိုတိုင်း မဝယ်ခင် ဘယ်လတွေမှာ မော်ဒယ် အသစ်ထုတ်တတ်သလဲ၊ လက်ရှိဝယ်မယ့် ပစ္စည်းကကော ထုတ်ထားတာ ဘယ်နှစ်လလောက် ရှိပြီလဲ လေ့လာဖို့လိုပါတယ်။ နောက်ပြီး ဝယ်မယ့် ပစ္စည်းကောင်းရဲ့လားဆိုတာ review တွေ လိုက်ဖတ်ကြည့်သင့်ပါတယ်။ reviews တွေကို တစ်ခု နှစ်ခု မဟုတ်ပဲ တော်တော်များများ လိုက်ဖတ်ပြီးလေ့လာတာကောင်းပါတယ်။ မော်ဒယ်တူတူ ဆိုပေမယ့် ထုတ်တဲ့အချိန်မှာ တစ်လုံးတစ်လေ quality မစစ်လိုက်ပဲ ထွက်လာတဲ့ဟာတွေလဲ ရှိတတ်လို့ reviews ဆိုဒ်တစ်ခုဖတ်ရုံနဲ့ မလုံလောက်ပါဘူး။ ဖြစ်နိုင်ရင်တော့ customer supports forum ပါဝင်ကြည့်ပြီး ဘာပြသနာတက်နေလဲပါ ကြည့်လိုက်ရင် ပိုကောင်းပါတယ်။

ပစ္စည်းအသစ်ထွက်တော့ မလားဆိုတာကတော့ လက်ရှိမော်ဒယ် သက်တမ်းနဲ့ တွက်ကြည့်လို့ရပါတယ် Apple ဆို mac ကော iOS devices တွေကော ၁ နှစ်တစ်ခါ အသစ်ထွက်ပါတယ်။ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းက ထွက်ထားတာ ၇ လ ၈ လ လောက်ရှိပြီဆို မဝယ်သင့်တော့ဘူး။ ပုံမှန်ဆိုရင်တော့ Apple က iPad တွေကို နှစ်အစ မတ်လ လောက်မှာ ကြေငြာလေ့ရှိပါတယ်။ Mac computers တွေကိုတော့ WWDC လုပ်လေ့ရှိတဲ့ jun, july လောက်မှာ အသစ်ထုတ်လေ့ရှိပါတယ်။ iPhone အသစ်ကိုတော့ အောက်တိုဘာ လလောက်မှာ ကြေငြာတတ်ပါတယ်။ ဆိုတော့ ယေဘူယ အားဖြင့် အဲဒီလတွေနား နီးနေရင် မဝယ်ပဲစောင့်လိုက်တာ ပိုကောင်းပါတယ်။ နောက် Apple ပစ္စည်းတွေက ရှင်းပါတယ် အသစ်ထွက်ရင်လဲ အရင် ဟောင်းသွားတဲ့ မော်ဒယ်စျေးအတိုင်း ထုတ်တာပါပဲ။

အသစ်မလိုချင်ဘူး ဒီမော်ဒယ်ပဲလိုချင်တာဆိုရင်လဲ စောင့်လိုက်တာပိုကောင်းပါတယ် အသစ်ထွက်လာတော့ အဟောင်းစျေးကျတာပေါ့။ ပုံမှန်တော့ အသိတွေဘာတွေဆိုရင် ဝယ်သင့်၊ မဝယ်သင့် အကြံပေးလေ့ရှိပေမယ့် တစ်ချို့ကျလဲ တားမရဘူးဆိုတော့လဲ မပြောတော့ဘူးပေါ့။ iPhone လိုမျိုးဆို အသစ်ထွက်လာခါစဆို မြန်မာပြည်မှာ စျေးအရမ်းကြီးပါတယ် နောက်မှ ၃ လလောက်နေမှ ထိုက်သင့်သလောက် စျေးကျပါတယ်။ တကယ်တမ်းကတော့ နိုင်ငံခြားမှာ စျေးက ဒီတစ်မျိုးထဲပါပဲ။ iPhone 4S ထွက်တုန်းကဆိုလဲ Apple SG store တရားဝင် unlock phone စျေး မှာ 32GB ကို 1100 S$ လောက်ပဲ နောက် iPhone 5 ထွက်လာတော့လဲ 32GB ကို 1100 S$ လောက်ပါပဲ စျေးက ပုံသေပဲ။ iPhone 5 ထွက်ပါတော့မယ်လို့ မကြေငြာခင်ရက် အထိ ဒီစျေးပါပဲ။ မသိပဲသွားဝယ်ရင်တော့ ကြေကွဲရမှာပါပဲ။

အရင် ၂ နှစ်လောက်ကတောင် ဝမ်းကွဲ အကို Spore ကနေဝယ်ပေးတုန်းက Macbook Pro ဝယ်တာ Back to School program နဲ့ ကျောင်းသားဆိုတော့ iPod touch တစ်လုံးပါ free ရပါတယ်။ အဲဒီတုန်းက ရရချင်းပဲ မှတ်မိသေးတယ် iPod touch အသစ်ထွက်တော့မယ်ဆိုတာ ကျွန်တော်သိလို့ Apple store က စျေးအတိုင်း အမြန်ထုတ်ရောင်းလိုက်ပါသေးတယ်။ ဂျာနယ်ထဲထည့်လိုက်တယ် နောက်ရောင်းလိုက်ပြီး ၁ ပတ်လောက်နေတော့ အသစ်ထွက်တာပဲ =P Apple ပစ္စည်းတွေက သတင်း ကြိုမထွက်ပေမယ့် သူတို့အသစ်ထုတ်မယ့် အချိန် နီးလာလေ rumours တွေထွက် ဟုတ်မလိုလို product အသစ်လိုလိုပုံတွေ ထွက်တတ်ပါတယ်။ ပုံမှန်တော့ ၁ နှစ်တစ်ခါ အသစ်ထွက်တယ်ဆိုပေမယ့် 2012 မှာတော့ ထူးထူးခြားခြား iPad မော်ဒယ် ၂ မျိုး ထုတ်လိုက်တာတွေ့ရပါတယ်။ အမှန်တော့ ဘာမှ ထူးထူးခြားခြား မကွာပါဘူး ပထမ 3rd gen New iPad retina display နဲ့ထွက်ပါတယ် နောက် နှစ်ကုန်ခါနီးမှာ lightning connector ပြောင်းသွားတဲ့ 4th gen iPad retina display နဲ့ ထပ်ထွက်ပါတယ်။ ဒါကြောင့် Apple products ဝယ်တော့မယ်ဆိုရင် မဝယ်ခင် ဝယ်သင့်မဝယ်သင့် ချင့်ချိန်ဖို့ သက်ဆိုင်ရာ product မော်ဒယ်ကို wikipedia မှာ ဖြစ်ဖြစ် စကြေငြာတဲ့ ရက်ကို သွားကြည့်ပြီး ၁ နှစ်ပြည့်ခါနီးပြီလားဆိုတာ လေ့လာသင့်ပါတယ်။

ကင်မရာကတော့ တစ်မျိုးပေါ့ ပုံသေရယ်လို့ မရှိတော့ဘူး entry level တွေဆို ၁ နှစ်တစ်ခါ update လုပ်တတ်ပြီး semi pro လောက်ကတော့ ၂ နှစ် ၃ နှစ်နေမှ တစ်ခါ အသစ်ထုတ်တတ်ပါတယ်။ ဒါကြတော့ သတင်းတွေဖတ်မယ် နောက် ကင်မရာနည်းပညာတွေ အရမ်းပြောင်းလဲနေပြီလားပေါ်မူတည်ပြီး အသစ်ထုတ်တတ်တာပါ။ Canon ရဲ့ 4 digit, 3 digit model တွေဆို ၁ နှစ်တစ်ခါထွက်ပါတယ် ဥပမာ ~ 1100D, 650D လိုမျိုးတွေ 2 digit ဖြစ်တဲ့ 60D လိုမျိုးတွေက ၂ နှစ်တစ်ခါလောက် ထွက်ပါတယ်။ 1 digit series 7D, 5D, 1D မျိုးတွေက ၃ နှစ် ၄ နှစ်လောက်နေမှ တစ်ခါထွက်ပါတယ်။ လက်ရှီတော့ 60D, 7D ဆိုရင် မဝယ်သင့်တော့ပါဘူး ဒီလ ဒါမှမဟုတ် နောက်လထဲ 70D, 7D Mark II အသစ်ထွက်တော့မှာပါ။ Nikon ကိုတော့ သေချာမပြောတတ်ပေမယ့် Canon လိုပဲ entry level, semi pro, pro တွေအကုန်လုံး အသစ်ထုတ်ရင် အတူတူအပြိုင်ထုတ်ကြတာမို့ လက်ရှိအချိန်မှာ D90, D7000 တွေကို မဝယ်သင့်တော့ဘူးလို့ ထင်ပါတယ်။ သိပ်ကြိုက်နေရင်တောင် မော်ဒယ် အသစ်ထွက်ပြီးမှ ဝယ်ရင် စျေးပိုသက်သာသွားပါမယ်။  Lens လိုမျိုးကတော့ သတင်းဖတ်မှပဲ အသစ်ထွက်တော့မှာလားဆိုတာ ခန့်မှန်းလို့ရပါမယ်။ ပုံမှန်ကတော့ lens တစ်လုံးထုတ်ထားရင် ၈ နှစ်လောက် အသစ်မထွက်ပါဘူး။ Nikon တော့ မသိပေမယ့် Canon မှာကတော့ EF 35mm f/1.4 L, EF 50mm f/1.4 USM, EF 85mm f/1.8 USM တွေ မဝယ်သင့်တော့ပါဘူး မကြာခင် အသစ်ထွက်တော့မှာပါ။

ဒီလထဲ USA မှ​ာလုပ်မယ့် Consumer Electronic Show CES မှာ ကင်မရာ brands အစုံ၊၊ smart phones, gadgets အသစ်တွေ ထွက်ပါလိမ့်မယ်။ ဆိုတော့ ဘာမှမဝယ်ပဲ စောင့်ကြည့်တာ ပိုကောင်းပါတယ်လို့ ပြောပါရစေ။ ကင်မရာတော့ သေချာမပြောတတ်ပေမယ့် Apple devices ဝယ်သင့်မဝယ်သင့်ကိုတော့ မေးချင်ရင် ကျွန်တော့ကို twitter.com @tayzar44 ကနေဖြစ်ဖြစ် မေးရင် ဖြစ်နိုင်ချေရှိတာတွေ အဝယ်မမှားရအောင် ပြောပေးပါ့မယ်။ အားလုံးပဲ မဝယ်ခင် အရင်လေ့လာပြီး ပစ္စည်းမှန် စျေးသင့်တာကို ရွေးချယ်နိုင်ကြပါစေ။ ကျေးဇူးပါ။

Naung Inle Short Video
ဒီနှစ် ဆောင်းတွင်းမှာ အင်းလေး ကန်ကို ၂ ခေါက်ရောက်ဖြစ်တယ် ရှမ်းပြည်ကို ၃ ခေါက်နဲ့ အားလုံးပေါင်း ၁ လ နီးပါးလောက် နေခဲ့သလိုပါပဲ။ အင်းလေး ပထမ အခေါက်က နိုဝင်ဘာထဲမှာ တောင်ကြီးမီးပုံးပျံပွဲ သွားရင်းနဲ့ ခဏကန်ထဲလည်တာပါ။ နောက်တစ်ခေါက်ကတော့ photojournalism workshop တစ်ခုတက်ရင်းနဲ့ပါ ၁၀ ရက်လောက် အင်းလေး မှာ အမှန်တော့ လေဆိပ်နားက ညောင်ရွှေမြို့က ဟိုတယ်မှာပေါ့နေဖြစ်ပါတယ်။ အမှန်တော့ အင်းလေးမှာ ညမအိပ်ဖူးပါဘူး ခုမှစနေဖူးတာ။

Workshop assignment နဲ့ဆိုတော့ မနက်ဆို မိုးမလင်းသေးဘူး ၅ နာရီလောက် လှေနဲ့ အင်းလေးကန်ထဲသွားပြီ စျေးတွေမှာ ရိုက်ဖြစ်တာကိုး ကန်ထဲမှာက စျေးနေ့က ၅ ရက်တစ်စျေးဆိုတော့ နေ့့တိုင်းအဲဒီရွာတွေ လှည့်ဓာတ်ပုံရိုက်ပေါ့။ ကန်ထဲမှာ သွားရင် စျေးတွေက ၁ နာရီခွဲလောက် သွားရတော့ မနက်ဆို ဘာမှမစားနိုင်ဘူး နိုးတာနဲ့ စက်လှေဆိပ်ပြေးရတယ်။ အေးချက်က ရက်စက်တဲ့ အထဲ စက်လှေစီးရင် ကန်ကအအေးငွေ့တွေနဲ့ ခဲမတတ်ပဲ။ အဲဒီမှာ ဒီဂရီကလဲ ၅ ဝန်းကျင်လောက်ပဲရှိအောင် အေးပါတယ်။ သူငယ်ချင်းတွေ စက်လှေဆို မနက်အမှောင်ထဲ မြူတွေနဲ့ ကန်ထဲကလာတဲ့ စက်လှေချင်း ခေါင်းချင်းဆိုင်တိုက်တာ သူတို့ dslr တွေပျက်ကုန်ပါရောလား ပါသွားတဲ့ foreigner ကောင်မလေးဆို ကံကောင်းတယ်ပြောရမယ်။ Lecia ၂ လုံး lens ၂ လုံးနဲ့ ရေထဲကျသေးတာ ကံကောင်းလို့ မပျက်ဖူး မဟုတ်ရင် နှမြောစရာ။

Naung Inle from Htoo Tay Zar on Vimeo.

အင်းလေး က ညနေဘက်ပဲနေဖူးတော့ မနက်ဖက်လှတာ အဲဒီရက်တွေထွက်မှသိပါတယ်။ မနက်ဆို မိုးမလင်းသေးဘူး လှေပေါ်မှာ အိပ်လိုက် နာရီဝက်လောက် အိပ်ပြီးရင် ကြည့်လိုက် ရွာတွေဘက်ရောက်ပြီ နေလေးကထွက်ခါစ နဲ့ မြူတွေနဲ့ အရမ်းလှတယ် ဒါနဲ့ ဓာတ်ပုံမရိုက်ပဲ ရိုက်ဖြစ်တဲ့ ဗီဒီယို တစ်ချို့ရယ်.. ဟိုးအရင် ကရိုက်ထားဖူးတဲ့ ဗီဒီယိုတွေ ပြန်ရှာပြီးပေါင်းလိုက်ပါတယ်။ သီချင်းကိုတော့ အင်းသားတွေစုစည်းထားတဲ့ အင်းသွေးသစ် အဖွဲ့ရဲ့ အခွေထဲက နောင်အင်းလေး သီချင်းထည့်ထားပါတယ်။ စာသားကတော့ တေးရေးဆရာကြီး ဟင်္သတမြင့်ငွေ စာသားတွေပါ။ ဆိုထားသမျှမှာတော့ အင်းသွေးသစ် ပြန်ဆိုထားတာ အကြိုက်ဆုံးပါ သူတို့ထပ်ထည့်ရေးထားတဲ့ စာသားလေးတွေ အရမ်းကောင်းပါတယ် ကျွန်တော့် video ထဲတော့ ထည့်စရာ footage မရှိတော့လို့ မပါပါ။ Chorus ဆိုထားတဲ့ မယ်ဆွေ အသံလဲ တော်တော်လိုက်တယ်လို့ ထင်ပါတယ်။

Video ကို သိပ်တော့ စိတ်တိုင်းမကျပါဘူး footage ထည့်စရာမရှိလို့ ဓာတ်ပုံရိုက်ဖို့သွားတာ ဖြစ်နေတော့ video မရိုက်ဖြစ်တာလဲပါပါတယ်။ နောက် ၂၀၀၉ လောက်ကတည်းက နှစ်တိုင်းသွားရိုက်ထားတဲ့ footage တွေရှိပေမယ့် တကယ်တမ်း တော်တော်ဆိုးတာပဲ ခုပြန်ကြည့်တော့ ဒါနဲ့ ရှိတဲ့အထဲက ကောင်းတာလေးတွေနဲ့ ဖြစ်ညှစ်လုပ်ထားလိုက်ပါတယ်။ Canon 5D Mark III, Mark II, 7D, 550D နဲ့ရိုက်ထားတဲ့ footage တွေပါ။ footage အားလုံးနီးပါးက ကန်ထဲက ရေပေါ်မှာ ရိုက်ထားတာဖြစ်ပြီး အချို့ cut တွေက နန်းပန်စျေးဘက်နဲ့ အင်းတိန်စျေးဘက်မှာ ရိုက်ထားတာပါ။ ဝါးတောလေးက အင်းတိန် ရွာကုန်းပေါ်က ဘုရားလေးဘေးမှာ ရှိပါတယ်။ ဒီတစ်ခေါက် သွားမှ ရောက်ဖူးတာဖြစ်ပြီး အရမ်းလှပါတယ်။ အင်းလေးကို ညအိပ် လည်ပတ်မယ်ဆိုရင်ဖြင့် အင်းတိန် စျေးနေ့ကိုမေးပြီး မနက်အစော ၅ နာရီလောက် လှေကိုချိန်းထားပြီး ရေထဲမှာ ၂ နာရီလောက် သွားလည်ပတ်ပါ အရမ်းလှပါတယ်။ January ဒါမှ မဟုတ် ဖေဖော်ဝါရီထဲတောင် ပိုက်ဆံရှိရင် ပြန်သွားချင်ပါသေးတယ်။ အခုကတော့ ပြန်ရောက်တာ ၁ ပတ်လောက်ရှိပြီဆိုပေမယ့် လွမ်းသလိုလို ဖြစ်နေတုန်းပါပဲ။ ဒီဇင်ဘာရောက်တိုင်း နှစ်တိုင်းသွားဖို့လဲ ဆုံးဖြတ်ထားမိပါတယ်။ မိတ်ဆွေတို့လဲ ကွျန်တော်မြင်ခဲ့ရတဲ့ ရှု့ခင်းတွေ နောက် ရိုးသားတဲ့ အင်းသူ၊ အင်းသားတွေ ကို ဒီဗီဒီယိုလေးကနေ မြင်ရမယ်ဆို ဝမ်းသာပါတယ်.. =)

Me Playing Arch Enemy ~ Silverwing
Me Playing Arch Enemy ~ Silverwing from Htoo Tay Zar on Vimeo.

ပြီးခဲ့တဲ့ ၂ ပတ်လောက်က အိမ်မှာပဲ Arch Enemy ရဲ့ Silverwing သီချင်းကို တီးဖြစ်ပါတယ်။ အရင်လို ကိုယ်တီးတာ ဗီဒီယို မရိုက်တာကြာလို့ ရိုက်ထားပြီး vimeo ပါတင်လိုက်ပါတယ်။ သီချင်းက metal အမျိုးအစားဆိုပေမယ့် melody က အရမ်းကောင်းလွန်းပါတယ်။ သီချင်းက Arch Enemy ရဲ့ ၁၉၉၈ လောက်ကတည်းက သီချင်းပေမယ့် ကျွန်တော်တီးထားတာက ၂၀၀၉ မှာ version ပြန်ပြောင်းပြီးထွက်တဲ့ Root Of All Evils အခွေက notes နဲ့တီးပါတယ်။

Arch Enemy ~ Silverwing (Live in Japapn)

မူရင်း သီချင်းက ဂစ်တာသမား ၂ ယောက်တီးတာဆိုတော့ တစ်ယောက်ထဲ တီးရတာ အချို့ အပိုင်းတွေမှာ တီးရအတော်ခက်ပါတယ်။ နောက် solo နေရာက လက်ချောင်းရှည်ပြီး ကားတီးရတဲ့နေရာကြတော့ ကျွန်တော့်လက်နဲ့တောင် position အမျိုးမျိုးထားစမ်းတာ အဆင်မပြေပဲ ဂစ်တာကို ထောင်တီးမှ အဆင်ပြေပါတယ်။ မဟုတ်ရင် တော်တော်ကြာအောင် ပိုကျင့်ရမှာ ကားတီးရတော့ notes အသံကမရှင်းပဲ လွတ်နေလို့ ထောင်တီးမှ အဆင်ပြေပါတယ်။ Guitar effect က အရင်အပတ်က ရေးခဲ့တဲ့ Amplitude ဆိုတဲ့ iPhone app နဲ့ ဂစ်တာနဲ့တွဲပြီး တီးထားတာပါ အခြားဟာသုံးမထားပါဘူး။ backing နောက်ခံအသံကိုတော့ speaker ကနေ ဖွင့်လိုက်တာ ဗီဒီယိုထဲမှာ အသံတွေထပ်ကုန်ပြီး ဆိုးသွားတယ်။ တကယ်တမ်းတော့ အခုတီးတဲ့ album version ထက် Arch Enemy ရဲ့ Rise Of The Tyrant Live in Japan ထဲက လိုမျိုး version ပိုကြိုက်ပါတယ် ခက်တာက wah လဲမရှိ နောက် အတူတူတီးဖို့တစ်ယောက်လဲ ရှိမှပိုကောင်းမှာကိုး။ အခုတော့ ကျွန်​တော်တင်ထားတဲ့ ဗီဒီယိုလေး အားပေးပါဦးလို့… ကျေးဇူးပါ

Using iPhone as Guitar FX Processor
လွန်ခဲ့တဲ့ တစ်ရက်က အိမ်မှာ Metal သီချင်းတစ်ပုဒ် ကြိုက်လို့လေ့ကျင့်မလို့ဟာ BEADF#B ဆိုတဲ့ tuning ခက်ခက်ခဲခဲနဲ့ ညှိမရတာနဲ့ ကိုစိုးဝေကြီး ကိုမေးစမ်းကြည့်ရင်းနဲ့ guitar tuner ဝယ်ဖို့ဖြစ်လာပါတယ်။ ကိုစိုးဝေ ကဝယ်ရင် tuner ကို 40, 50 လောက်ပေးဝယ်မယ့် အစား iPhone နဲ့ ဂစ်တာနဲ့ ချိတ်တဲ့ plug ခေါင်းဝယ်ပါ့လားဆိုလို့ အွန်လိုင်းမှာ review တွေဖတ်စျေးတွေကြည့်ရင်းနဲ့ iDevice နဲ့တွဲတဲ့ ဂစ်တာ plug ကို အလုပ်ကပိုက်ဆံရလာတုန်းလေး ဝယ်မယ်ဆိုပြီး မြို့ထဲမှာ အရှာထွက်ခဲ့ပါတယ်။

အမှန်တော့ iRig ဆိုတဲ့ brand ဝယ်မလို့ပဲ ရှာကြည့်တော့ ဆိုင်တစ်ဆိုင်မှာပဲ Griffin ကထုတ်တဲ့ ခေါင်းနဲ့ Apple က Garage Band ကြော်ငြာမှာ နမူနာပြတဲ့ Jam ဆိုတဲ့ခေါင်းတွေ့ပါတယ်။ Jam ဆိုတဲ့ ကောင်က ဘာမှထူးထူးခြားခြားမဟုတ်ပေမယ့် စျေးက 100 ကျော်တော့မဝယ်ဖြစ်ပဲ 30$ လောက်ပဲပေးရတဲ့ Griffin ကိုပဲဝယ်လာဖြစ်ပါတယ်။ ဝယ်တုန်းက နဲနဲလန့်နေသေးတယ် ခေါင်းက မတူရင် iOS app တွေ အလုပ်လုပ်ပါ့မလားပေါ့။ အိမ်ရောက်တော့မှ စမ်းကြည့်တော့ ပထမဆုံး Garage Band နဲ့ စမ်းတာ အဆင်ပြေပြီးနောက် Amplitude ဆိုတဲ့ iOS Guitar fx processor app free version တစ်ခု ထပ်ဆွဲလိုက်ပြီး စမ်းကြည့်လိုက်တယ်။ နောက် Jam ဆိုတဲ့ app free version ကော။ နောက်တော့ အဆင်ပြေတာနဲ့ Amplitude App ကိုပဲ paid version ကိုပိုက်ဆံပေးဝယ်လိုက်တယ်။ အမှန်တော့ အဲဒီ app က 20$ တန်တာ ကံကောင်းချင်တော့လားမသိဘူး စျေးချထားတဲ့ အချိန်နဲ့ ကွက်တိတိုးပြီး 5$ နဲ့ရလိုက်တယ်။ ကံကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလားပဲ ဝယ်လိုက်ပေမယ့် ၁ ရက်လဲ bill မလာ ၂ ရက်လဲမလာနဲ့ ထူးဆန်းနေတာ တစ်ခုခုပဲထင်လို့ စင်ကာပူက အကို ကိုလှမ်းမေးတော့မှ ဘဏ်အကောင့်ထဲ ၄ ကျပ်ပဲကျန်တော့လို့ ပိုက်ဆံမဖြတ်သေးတာမှန်းသိရတယ် =D ခုထိလဲ ပိုက်ဆံမရှိလို့ အဲဒီ app ဖိုး Apple က မယူရရှာသေးဘူး ဟီး။

စမ်းကြည့်တော့ ပထမဆုံး Garage Band နဲ့စမ်းတော့ အဲဒီမှာ Amp တွေ Guitar fx တွေပါပေမယ့် တကယ်တမ်းကြတော့ metal တီးဖို့ distortion မပါဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ Amplitude ဝယ်ဖြစ်တာလဲပါပါတယ်။ Amplitude ကတော့ တော်တော်ကောင်းပါတယ် Distortion သံဆို အရမ်းမိုက်တယ် နောက် တီးကြည့်တဲ့အခါ တကယ့် processor လိုမျိုးအသံထွက်တယ်ဗျာ.. noise control လဲအရမ်းကောင်းတယ်။ တစ်ခုပဲ Wah effect အရမ်းစုတ်ချာနေတယ်။ နောက်တစ်ခုကောင်းတာက tuner လဲပါတယ်။ Garage Band မှာလဲ chromatic tuner ပါပါတယ်။ Garage Band ကတော့ tracks အများကြီးနဲ့ virtual drum, bass, keyboard တွေပါပါတာပေါ့။ Amplitude ကတော့ Guitar fx သီးသန့်ပဲ နောက် recorder ပါတယ် နောက် Amp, cabinet, mic တွေလဲလဲလို့ရတယ်။ တစ်ခုကတော့ စျေးကြီးတဲ့ app ဖြစ်ပေမယ့် In App Purchase နဲ့ အထဲမှာ ထပ်ဝယ်လို့ရသေးတယ်။ Fender tone နဲ့ Slash tone တွေအတွက် app သက်သက်ရှိသေးတယ်ခင်ဗျ။ ဆိုးတာတစ်ခုကတော့ universal app မဟုတ်ဘူး iPhone အတွက် version တစ်မျိုး iPad အတွက် တစ်မျိုးရောင်းတယ်။ ၂ မျိုးလုံးတော့ မဝယ်နိုင်တော့ iPhone version ပဲဝယ်လိုက်တယ် နောက် iPad မှာ iPhone version app ပဲ run လိုက်တော့တယ် full screen function မရတော့ဘူးပေါ့။

လေ့ကျင့်လို့ကောင်းတာတစ်ခုက App ထဲကို itunes ကနေ mp3 m4a ဖိုင်တွေသွင်းပြီး အနှေး၊ အမြန်လုပ်ပြီး ကျင့်လို့ရတယ် နောက် အဆိုတော်အသံကိုလဲ အလိုလျောက်ဖျောက်လို့ရတယ်။ အသံထွက်ကတော့ တော်တော်ကောင်းပါတယ် အိမ်မှာအရင်ရှိတဲ့ တစ်လုံးထဲသော Distortion pedal လေးတောင် သိပ်မသုံးဖြစ်ဘူးဖြစ်သွားတယ်။ Processor လို အစုံလုပ်လို့ရတာကိုးခင်ဗျ။ နောက် ကောင်းတာတစ်ခုက ဖုန်းနဲ့ချိတ်တာဖြစ်နေတာရယ် တစ်ဖက်ကပြန်ထွက်တဲ့ ကောင်က နားကျပ်ပေါက် ခေါင်းအသေးဆိုတော့ ညဘက်လဲ အရင်လို Amp ဖွင့်စရာမလိုပဲ နားကျပ်လေးတပ်ပြီး ကျင့်နေလို့ရတယ်။ ခုတော့ အဲဒီကောင်နဲ့ သီချင်းတွေပြန်ကျင့်နေဖြစ်ပါတယ်။ နောက်များမှ အခြား app အတွေ့ အကြုံရရင် ရေးပါဦးမယ်။ ကျေးဇူးပါ။

Mobile Internet in Burma
တိုးတက်မှု့နောက်ကျတာ ကျန်တဲ့အရာတွေမှာတော့ မသိပေမယ့် နည်းပညာပိုင်းမှာတော့ အခြားနိုင်ငံတွေကို အမှီပြန်လိုက်ရတာ ပိုလွယ်တယ်လို့ထင်မိတယ်။ နိုင်ငံခြားမှာတော့ အကြွေစေ့ထည့်သုံးရတဲ့ လမ်းဘေးဖုန်းတွေထားခဲ့ရတဲ့ခေတ်ရှိပေမယ့် ဒီမှာတော့ တိုးတက်တာနောက်ကျတော့ မိုဘိုင်းဖုန်းခေတ်ကို တန်းတက်ခွင့်ရသွားတယ်။ နောက်ဒီနှစ်ထဲမှာ ကျွန်တော့် မိုဘိုင်းဖုန်းလဲ အင်တာနက် 3G တပ်ခွင့်ရသွားတော့ ဟိုအရင်က မတွေးခဲ့ဖူးတဲ့ ဘယ်သွားသွား အင်တာနက်လေးပါပြီး ရန်ကုန်၊ မန်းလေး သာမက ကျောက်ဆည်လို မြို့မှာအထိ အင်တာနက်နဲ့ဖြစ်သွားတယ်။

ဟိုးအရင်ကဆို dial up တောင် အိမ်မှာ ကြိုးဖုန်းမရှိလို့ မတပ်ခဲ့ရဘူး နောက် အင်တာနက်သုံးခါစကဆို ရန်ကုန်မြို့မှာတောင် အင်တာနက်ကဖေး လေး၊ ငါး ခုပဲ ရှိခဲ့တဲ့ခေတ်။ အဲဒီတုန်းက အင်တာနက် သုံးချင်ရင် ရေကျော်ကနေ ဗိုလ်အောင်ကျော်လမ်း အခု အာလာဒင် ကစားကွင်းဘေးက ကွန်ဒိုမှာရှိတဲ့ ကဖေးမှာသွားသုံးရတာ အင်တာနက် သုံးဖို့ မှတ်ပုံတင်မူရင်း နဲ့ မိတ္တူပေးရသေးတယ်။ ခုတော့ အိမ်မှာ အိပ်ရာပေါ်မှာ ကျောခင်းမအိပ်ခင် စာဖတ်လို့ရတဲ့ အခြေအနေဖြစ်သွားတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာမှ တွင်ကျယ်လာတယ် ပြောရမယ်။ ကျွန်တော့် မိုဘို်င်းဖုန်း စရတော့ အင်တာနက်ရလာမယ်မှတ်ပြီး Sony Ericsson K800i စဝယ်ဖြစ်တယ်.. ၃ နှစ်လောက်နေတော့ ဖုန်းပျက်သွားတယ် ဒါနဲ့ အိုင်ဖုန်း 3G ဝယ်တယ် 3G ရလာနိုးနဲ့ iPhone 3G လဲ ၃ နှစ်နေတော့ သက်တမ်းကုန်ပျက်သွားတယ် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ 4S ဝယ်ပြီး ဒီနှစ်ထဲမှာမှ 3G ဆိုတာ စရာတယ်ပေါ့။

ထူးထူးခြားခြား အနေနဲ့ကတော့ အစိုးရသစ်ပြောင်းသွားပြီး ပြီးခဲ့တဲ့ နှစ်ကစပြီး YouTube လို ဆိုဒ်တွေပြန်ပွင့်တယ် နောက် အခု ကျွန်တော့်မြန်မာ blog လေးလဲ ပြန်ပွင့်သွားတယ် နောက် Email Client တွေသုံးလို့ရသွားတယ် နောက် torrent, ftp တွေကအစရလာတယ်။ တစ်ခုတော့ရှိတယ် အင်တာနက် အမြန်နှုန်းကတော့ ထူးခြားမလာသေးဘူး။ မိုဘိုင်းဖုန်း အင်တာနက် ကတော့ မဆိုးပါဘူး smart phone သုံးတဲ့သူတွေ အတွက် ပိုအဆင်ပြေတယ်။ ဆိုးတာတစ်ခုက အင်တာနက် ကို data usage နဲ့ မကောက်ပဲ ၁ မိနစ် ဘယ်လောက်ဆိုပြီးကောက်တော့ ဖုန်းမှာ သုံးတိုင်း Mobile Data ကို setting မှာ ဖွှုင့်လိုက် ပိတ်လိုက်လုပ်ရတာ စိတ်ညစ်ဖို့ကောင်းတယ် နောက် message တွေ email အဝင်တွေ သိရဖို့ သတိရတိုင်း ဖွင့်ဖွင့်ကြည့်မှ သိရတယ် အမြဲသာ အွန် ထားလို့ရရင် ဝင်တာနဲ့ တန်းသိနိုင်မယ်။

Tethering ရတော့ ဒီမှာ ရန်ကုန်၊ မန်းလေးကို ခရီးသွားရင်းနဲ့ ကားပေါ်မှာ laptop တစ်လုံးနဲ့ အင်တာနက် သုံးလို့ရတယ်။ ဆိုးတာတစ်ခုကတော့ SIM card တန်ဖိုးတွေ ကြီးနေသေးတာပါပဲ။ အစိုးရက ခုထိ သဘောမပေါက်ဘူး တပ်ဆင်စားရိတ်ကြီးတာပဲ တွင်တွင် ပြောတယ် ဆက်သွယ်ရေးလုပ်ငန်းဆိုတာ ခုလုပ် ခုအမြတ်ရချင်လို့ ဘယ်ရမလဲ။ သမ္မတ ဦးသိန်းစိန် တောင် ဟိုတစ်နေ့က ပထမဆုံးအကြိမ် မီဒီယာနဲ့ တွေ့တဲ့ပွဲမှာ အဲဒါပဲ ထပ်ပြောသွားတယ်။ ဆက်သွယ်ရေးဆိုတာ ဆင်းရဲသားတစ်ယောက် အတွက်တောင် အရေးပါတာတစ်ခုပဲ ဇိမ်ခံလူတန်းစားပဲ ရှိသင့်တာမဟုတ်ဘူး နောက် ရှင်းတယ် အစိုးရ တစ်ရပ်အနေနဲ့ စျေးမချပေးနိုင်ရင် စီမံမှု့ မလုပ်နိုင်ရင် ပြည်ပက company တွေခေါ်လိုက် ဖက်စပ်လုပ်လိုက် ခုထိကြားသလောက်ကတော့ operator 4 ခု ထားပေးမယ်ပြောတယ် ဒါပေမယ့် ထူးမခြားနား company တွေကပဲလုပ်မှာ တစ်ခါတစ်လေ နားမလည်နိုင်ဘူး အစိုးရက အပြောင်းအလဲလုပ်နေတယ်သာ ပြောတယ် ပေါ်လစီအရ ပြောင်းရုံပဲလိုတဲ့ အရာတွေ မပြောင်းသေးတာတွေ အများကြီးပဲ ပြည်တွင်းကလူတွေမှာ ရွေးချယ်ခွင့်မရှိတော့ ဇီးသီးသည် မဗျိုင်း ဆိုပြီး customer ကို ပြန်အော်တဲ့ အင်တာနက် set up လုပ်ပေးတဲ့ company တွေတောင် ရှိလေရဲ့။

ယှဉ်ပြိုင်တာမရှိတဲ့ စျေးကွက်နဲ့ နိုင်ငံခြားလို contract လေးနဲ့ smart phone ကိုင်နိုင်ဖို့တော့ မရှိသေးဘူး။ နောက် mall လို အဆောက်အဦးအကြီးကြီးတွေထဲမှာ ဖုန်းလိုင်းကောင်းကောင်း မမိတာရှိတယ်။ ဘာပဲပြောပြော 3G လေးရလာတော့ အတော် အဆင်ပြေပါတယ် ခုဆို ကျွန်တော်လဲ အင်တာနက် ကဖေးမှာ သုံးစရာမလိုတော့ဘူး အိမ်မှာနေရင်း သုံးလို့ရတယ်။ လက်ရှိတော့ အင်တာနက် ကဖေးတွေလဲ ဖွင့်တာနည်းသလို ပိတ်တာတွေ များလာတယ်။ ခေတ်ပြောင်းသွားတယ် ပြောရမယ်။ မိုဘိုင်းဖုန်းတွေမှာ ရလာပေမယ့် SIM card စျေးကြီးတာရှိတယ် နောက် အခြား အင်တာနက် ချိတ်တာတွေကလဲ စျေးကြီးနေတာ လစဉ်ကြေးပေးရတာများနေတာကတော့ ဆိုးနေတုန်းပဲ အစိုးရပိုင် MPT ရဲ့ ADSL လိုင်းတွေကတော့ ချိတ်ဆက်ခရော လစဉ်ကြေးကော ကျတာရှိတယ်။ ဒါပေမယ့် video livestream နဲ့ fiber နဲ့ အင်တာနက်မျိုးကတော့ အလှမ်းဝေးနေတုန်းပဲ။